ညောင်ကျိုးတွင် မူးယစ်ဆေးသုံးကာနယ်ကျွံဖောက်ထွက်လာသည့် AA နှင့် ပူးပေါင်းအဖွဲ့များအား တပ်မတော်မှ ရွပ်ရွပ်ချွံချွံခုခံနေ

 2885

သားကြီး (NP News) မတ်- ၁၆
ရခိုင်ပြည်နယ်ကို ကျော်လွန်၍ ပြည်ခရိုင် ညောင်ကျိုးရှိ တပ်မတော်စခန်းအား လာရောက်ဝိုင်းရံ ပိတ်ဆို့ တိုက်ခိုက်နေသည့် AA နှင့် ပူးပေါင်းအဖွဲ့များအား မြန်မာ့တပ်မတော်မှ ,နေ့ မတ်လ ၁၆ ရက်နေ့အထိ ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်နေကြောင်း သိရသည်။
“ညောင်ကျိုးပင်မစခမ်းကြီးဘေးက ကာကင်းကုန်းပတ်လည်ကို AA အကြမ်းဖက်အဖွဲ့က ဓါတ်ဆီပုံးတွေကို ဒရော့ဗုံးမှာချိတ်ဆွဲပြီး တိုက်ခိုက်ခဲ့ပါတယ်။မီးများလောင်နေစဉ် ည (၁၁) နာရီအချိန်မှာ AA အကြမ်းဖက်အုပ်စုက ကျားတက်ထိုးရာမှာ မိမိတို့၏ရှေ့ထွက်မိုင်းများနင်းမိပြီး ၇ ဦးလစ်သွားပြီး၁ဦးဒဏ်ရာရပါတယ်။ လက်ရှိအချိန်မိမိဘက်က ကာကင်းလက်လွတ်လိုက်ရတယ်။ သူတို့ဘက် အကျဆုံးများပြီးမှ ကာကင်းကိုရသွား တယ်။ သို့သော်ရန်သူဟာ ကာကင်းကို ရသွားပေမဲ့ မိမိပင်မစခမ်းနားကိုမကပ်ရဲသေးပါဘူး။မိမိဘက်မှ လေကြောင်းအပြင် စက်တပ်လေထီးများနှင့်ပါ ညောင်ကျိုးစခန်း မကျရေးအတွက် ပြင်းပြင်းထန်ထန်တုန့်ပြန်ပြီး ညောင်ကျိုးရှိမိမိအဖွဲ့များ ရွတ်ရွတ်ချွံချွံတိုက်ပွဲဝင်နေဆဲ ဖြစ်ပါတယ်” ဟု NP News ၏ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ညောင်ကျိုးကိုတက်လာသည့် သောင်းကျန်းသူ အဖွဲ့များတွင် အချို့အမျိုးသမီးငယ်များတွင် အဝတ်အစားများမကပ်နိုင်တော့သည်အထိ အသိစိတ်ပျောက်ပြီး မျက်လုံးတွေနီရဲနေသည်အထိ စိတ်ကြွဆေးကိုအတင်းကျွေးခံထားရကြောင်း ၊ လူတွေကိုရက်ပိုင်းခန့် သင်တန်းပေးပြီး လက်ပစ်ဗုံးတွေကိုယ်စီနှင့် သေနတ်ကျည်အနည်း ငယ်ပေးပြီး လူမဆန်စွာတက်လုံးခိုင်းနေကြောင်း၊ AA သည်ရသည့် လူအင်အားတွေသည် ရိုးမပေါ်က ချင်းများ ၊ ရခိုင်ရွာများ စသည့် ရွာတွေမှာနေသည့် ကျားမအကုန်လုံးကို အတင်းအဓမ္မဆွဲခေါ်ခဲ့ကြောင်း၊ ထိုအထဲတွင်ဗမာ PDF များလည်း ပါကြောင်း၊ ထို့အပြင် ရှမ်းမြောက်တွင် တပ်မတော်မှ စစ်အင်အားဖိလာချိန်တွင် AA သည်လည်း သူ့မဟာမိတ်တွေအသက်ရှူချောင်စေရန်အတွက် ပဲခူးအနောက်ခြမ်းဖက်ကို တိုက်ပေးရဟန်ရှိကြောင်း အခြားသတင်းရင်းမြစ်တစ်ဦး၏ ပြောဆိုချက်အရသိရသည်။
“ကြားရတာ ရိုးမပေါ်မယ် ရိက္ခာ ၊ လက်နက်ပြတ်ပြီး စိတ်ကြွဆေးအားကိုးနဲ့ မိုက်ဇာတ်ခင်းနေပုံပါပဲ ။ AA တော့ ဒီတိုင်းဆက်သွားရင်မလွယ်ဘူး ။ AA ကဝါဒဖြန့်ချီရေးရတော့ အော်နေပေမယ့် ဒေသအတွင်းမှာ Lock ဖြစ်နေပြီ ။ ဘယ်ကိုမှဖောက်ထွက်မရဖြစ်နေပါတယ် ။ တော်တော်ကို အရူးမီးဝိုင်းနေတဲ့အနေအထားပါ ။ ခါတိုင်း ရခိုင်မြောက်ပိုင်းက ဝင်နေကြ ရိက္ခာထောက်ပံ့မှုများကိုလည်း ARSA+RSO အင်အားစုများက ဖြတ်တောက်ထားနိုင်တယ်လို့ယူဆရပြီး ၊ ဧရာဝတီဖက် မျက်နှာစာမှာလည်း တပ်ကနိုင်နိုင်နင်းနင်းပိတ်ဆို့ထားနိုင်ပါတယ် ။ ဒါ့ကြောင့် ပဲခူးတိုင်းအနောက်ပိုင်းကို ပန်းတောင်းဖက်ကနေဖောက်ထွက်ဖို့ကို သွေးရူးသွေးတန်း လိုအပ်လာပါတယ် ။ AA ရဲ့အခုအခြေအနေနဲ့ ပန်းတောင်းထိရောက်အောင်သွားနိုင်လျင်တော့ နပိုလီယန်လိုအရမ်းတော်လွန်းလို့လို့သာသတ်မှတ်ရပါလိမ့်မယ် ။ ဒေသတွင်းက PDF တွေပူးပေါင်းတယ်ဆိုပေမယ့် ရခိုင်မှာတိုက်တုန်းကလို ၊ ရှမ်းမြောက်တိုက်ပွဲတွေလို လက်နက်လူသူရိက္ခာအပြည့်နဲ့ တိုက်ရတာမျိုးမဟုတ်တော့ပါဘူး ။ ပန်းတောင်းထိရောက်ပြီးလျင်တောင် ရှေ့ဆက်ရဖို့က မလွယ်လွန်းလှပါဘူး ။ မလွယ်မှန်းသိပေမယ့် မရရအောင် အသေခံဖောက်ထွက်မှသာ အသက်ရှူချောင်မယ့်အနေအထားမို့သာဖောက်ထွက်ရတယ်လို့ယူဆရပါတယ်” ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။
ဆက်လက်၍ ၎င်းက “ရခိုင်က ၁၄ မြို့နယ်ကိုထိမ်းထားရတယ် ၊ မြောက်ပိုင်းမှာ ARSA+RSO တွေကတော်တော်ဒုက္ခပေးနေတယ် ၊ ပြီးတော့ထိုမြောက်ပိုင်းနေရာသည် AA ရဲ့ ရိက္ခာထောက်ပို့မှု အဓိကနေရာဖြစ်ပြီး အဲဒီနေရာတွေကို ARSA+RSO တွေကထိမ်းချုပ်ထားနိုင်ဟန်ရှိပြီး ရိက္ခာရဖို့ ခက်ခဲနေဟန်ရှိတယ် ၊ တောင်ပိုင်းမှာ တပ်မတော်က အတော်ကိုဖိလာတယ် ။ ခါတိုင်း ရန်ကုန် ၊ ဧရာဝတီကနေ ရိက္ခာတွေကို စက်လှေကြီး သင်္ဘောတွေနဲ့ ရခိုင်ပြည်နယ် ပင်လယ်ပြင်ထဲထိပို့ အဲဒီကတဆင့် စက်လှေငယ်တွေနှင့် ရိက္ခာကိုပြန်ကဲ့ပြီးယူနေတာအဆင်ပြေခဲ့ပေမယ့် အခုက တပ်မတော်ရေယဉ်တွေ အလုပ်လုပ်ဟန်တူပါတယ် ။ ရိက္ခာဟာ အ့လိုနည်းနဲ့လည်းမရတော့ဘူးလို့ တစွန်းတစကြားသိရပါတယ် ။ AA သတင်းဖြန့်ချိရေးကတော့ စိတ်ဓါတ်တက်ကြွဖွယ်ရာ ရေးနေပေမယ့် မြေပြင်မှာတော်တော်အခြေအနေ ဆိုးနေပါတယ် ။ ဒါကတော့ ကျနော်လိုက်လံစုံစမ်းလို့ရသမျှ သတင်းတွေပါ ။ ရခိုင်ပြည်တကြောဟာ အင်တာနက်ပိတ်ထားလို့ အခြေအနေတွေဟာ Update ဖြစ်ဖို့တော့မလွယ်ပါဘူး ။ ကျနော်ရေးသမျှ အလုံးစုံမှန်တယ်လို့လည်း အာမမခံပါဘူး ။ သို့သော် သတင်းတွေပြန့်နေသလိုစိုးရိမ်စရာအရမ်း မကောင်း ဘူးဆိုတာပြောလိုရင်းပါ” ဟု ပြောသည်။

Zawgyi Version:
ေညာင္က်ိဳးတြင္ မူးယစ္ေဆးသုံးကာနယ္ကြၽံေဖာက္ထြက္လာသည့္ AA ႏွင့္ ပူးေပါင္းအဖြဲ႕မ်ားအား တပ္မေတာ္မွ ႐ြပ္႐ြပ္ခြၽံခြၽံခုခံေန
သားႀကီး (NP News) မတ္- ၁၆
ရခိုင္ျပည္နယ္ကို ေက်ာ္လြန္၍ ျပည္ခ႐ိုင္ ေညာင္က်ိဳးရွိ တပ္မေတာ္စခန္းအား လာေရာက္ဝိုင္းရံ ပိတ္ဆို႔ တိုက္ခိုက္ေနသည့္ AA ႏွင့္ ပူးေပါင္းအဖြဲ႕မ်ားအား ျမန္မာ့တပ္မေတာ္မွ ,ေန႔ မတ္လ ၁၆ ရက္ေန႔အထိ ႐ြပ္႐ြပ္ခြၽံခြၽံ ခုခံတိုက္ခိုက္ေနေၾကာင္း သိရသည္။
“ေညာင္က်ိဳးပင္မစခမ္းႀကီးေဘးက ကာကင္းကုန္းပတ္လည္ကို AA အၾကမ္းဖက္အဖြဲ႕က ဓါတ္ဆီပုံးေတြကို ဒေရာ့ဗုံးမွာခ်ိတ္ဆြဲၿပီး တိုက္ခိုက္ခဲ့ပါတယ္။မီးမ်ားေလာင္ေနစဥ္ ည (၁၁) နာရီအခ်ိန္မွာ AA အၾကမ္းဖက္အုပ္စုက က်ားတက္ထိုးရာမွာ မိမိတို႔၏ေရွ႕ထြက္မိုင္းမ်ားနင္းမိၿပီး ၇ ဦးလစ္သြားၿပီး၁ဦးဒဏ္ရာရပါတယ္။ လက္ရွိအခ်ိန္မိမိဘက္က ကာကင္းလက္လြတ္လိုက္ရတယ္။ သူတို႔ဘက္ အက်ဆုံးမ်ားၿပီးမွ ကာကင္းကိုရသြား တယ္။ သို႔ေသာ္ရန္သူဟာ ကာကင္းကို ရသြားေပမဲ့ မိမိပင္မစခမ္းနားကိုမကပ္ရဲေသးပါဘူး။မိမိဘက္မွ ေလေၾကာင္းအျပင္ စက္တပ္ေလထီးမ်ားႏွင့္ပါ ေညာင္က်ိဳးစခန္း မက်ေရးအတြက္ ျပင္းျပင္းထန္ထန္တုန္႔ျပန္ၿပီး ေညာင္က်ိဳးရွိမိမိအဖြဲ႕မ်ား ႐ြတ္႐ြတ္ခြၽံခြၽံတိုက္ပြဲဝင္ေနဆဲ ျဖစ္ပါတယ္” ဟု NP News ၏ စစ္ေရးသတင္းရင္းျမစ္က ေျပာသည္။
ေညာင္က်ိဳးကိုတက္လာသည့္ ေသာင္းက်န္းသူ အဖြဲ႕မ်ားတြင္ အခ်ိဳ႕အမ်ိဳးသမီးငယ္မ်ားတြင္ အဝတ္အစားမ်ားမကပ္ႏိုင္ေတာ့သည္အထိ အသိစိတ္ေပ်ာက္ၿပီး မ်က္လုံးေတြနီရဲေနသည္အထိ စိတ္ႂကြေဆးကိုအတင္းေကြၽးခံထားရေၾကာင္း ၊ လူေတြကိုရက္ပိုင္းခန႔္ သင္တန္းေပးၿပီး လက္ပစ္ဗုံးေတြကိုယ္စီႏွင့္ ေသနတ္က်ည္အနည္း ငယ္ေပးၿပီး လူမဆန္စြာတက္လုံးခိုင္းေနေၾကာင္း၊ AA သည္ရသည့္ လူအင္အားေတြသည္ ႐ိုးမေပၚက ခ်င္းမ်ား ၊ ရခိုင္႐ြာမ်ား စသည့္ ႐ြာေတြမွာေနသည့္ က်ားမအကုန္လုံးကို အတင္းအဓမၼဆြဲေခၚခဲ့ေၾကာင္း၊ ထိုအထဲတြင္ဗမာ PDF မ်ားလည္း ပါေၾကာင္း၊ ထို႔အျပင္ ရွမ္းေျမာက္တြင္ တပ္မေတာ္မွ စစ္အင္အားဖိလာခ်ိန္တြင္ AA သည္လည္း သူ႔မဟာမိတ္ေတြအသက္ရႉေခ်ာင္ေစရန္အတြက္ ပဲခူးအေနာက္ျခမ္းဖက္ကို တိုက္ေပးရဟန္ရွိေၾကာင္း အျခားသတင္းရင္းျမစ္တစ္ဦး၏ ေျပာဆိုခ်က္အရသိရသည္။
“ၾကားရတာ ႐ိုးမေပၚမယ္ ရိကၡာ ၊ လက္နက္ျပတ္ၿပီး စိတ္ႂကြေဆးအားကိုးနဲ႔ မိုက္ဇာတ္ခင္းေနပုံပါပဲ ။ AA ေတာ့ ဒီတိုင္းဆက္သြားရင္မလြယ္ဘူး ။ AA ကဝါဒျဖန႔္ခ်ီေရးရေတာ့ ေအာ္ေနေပမယ့္ ေဒသအတြင္းမွာ Lock ျဖစ္ေနၿပီ ။ ဘယ္ကိုမွေဖာက္ထြက္မရျဖစ္ေနပါတယ္ ။ ေတာ္ေတာ္ကို အ႐ူးမီးဝိုင္းေနတဲ့အေနအထားပါ ။ ခါတိုင္း ရခိုင္ေျမာက္ပိုင္းက ဝင္ေနၾက ရိကၡာေထာက္ပံ့မႈမ်ားကိုလည္း ARSA+RSO အင္အားစုမ်ားက ျဖတ္ေတာက္ထားႏိုင္တယ္လို႔ယူဆရၿပီး ၊ ဧရာဝတီဖက္ မ်က္ႏွာစာမွာလည္း တပ္ကႏိုင္ႏိုင္နင္းနင္းပိတ္ဆို႔ထားႏိုင္ပါတယ္ ။ ဒါ့ေၾကာင့္ ပဲခူးတိုင္းအေနာက္ပိုင္းကို ပန္းေတာင္းဖက္ကေနေဖာက္ထြက္ဖို႔ကို ေသြး႐ူးေသြးတန္း လိုအပ္လာပါတယ္ ။ AA ရဲ႕အခုအေျခအေနနဲ႔ ပန္းေတာင္းထိေရာက္ေအာင္သြားႏိုင္လ်င္ေတာ့ နပိုလီယန္လိုအရမ္းေတာ္လြန္းလို႔လို႔သာသတ္မွတ္ရပါလိမ့္မယ္ ။ ေဒသတြင္းက PDF ေတြပူးေပါင္းတယ္ဆိုေပမယ့္ ရခိုင္မွာတိုက္တုန္းကလို ၊ ရွမ္းေျမာက္တိုက္ပြဲေတြလို လက္နက္လူသူရိကၡာအျပည့္နဲ႔ တိုက္ရတာမ်ိဳးမဟုတ္ေတာ့ပါဘူး ။ ပန္းေတာင္းထိေရာက္ၿပီးလ်င္ေတာင္ ေရွ႕ဆက္ရဖို႔က မလြယ္လြန္းလွပါဘူး ။ မလြယ္မွန္းသိေပမယ့္ မရရေအာင္ အေသခံေဖာက္ထြက္မွသာ အသက္ရႉေခ်ာင္မယ့္အေနအထားမို႔သာေဖာက္ထြက္ရတယ္လို႔ယူဆရပါတယ္” ဟု အဆိုပါ သတင္းရင္းျမစ္က ေျပာသည္။
ဆက္လက္၍ ၎က “ရခိုင္က ၁၄ ၿမိဳ႕နယ္ကိုထိမ္းထားရတယ္ ၊ ေျမာက္ပိုင္းမွာ ARSA+RSO ေတြကေတာ္ေတာ္ဒုကၡေပးေနတယ္ ၊ ၿပီးေတာ့ထိုေျမာက္ပိုင္းေနရာသည္ AA ရဲ႕ ရိကၡာေထာက္ပို႔မႈ အဓိကေနရာျဖစ္ၿပီး အဲဒီေနရာေတြကို ARSA+RSO ေတြကထိမ္းခ်ဳပ္ထားႏိုင္ဟန္ရွိၿပီး ရိကၡာရဖို႔ ခက္ခဲေနဟန္ရွိတယ္ ၊ ေတာင္ပိုင္းမွာ တပ္မေတာ္က အေတာ္ကိုဖိလာတယ္ ။ ခါတိုင္း ရန္ကုန္ ၊ ဧရာဝတီကေန ရိကၡာေတြကို စက္ေလွႀကီး သေဘၤာေတြနဲ႔ ရခိုင္ျပည္နယ္ ပင္လယ္ျပင္ထဲထိပို႔ အဲဒီကတဆင့္ စက္ေလွငယ္ေတြႏွင့္ ရိကၡာကိုျပန္ကဲ့ၿပီးယူေနတာအဆင္ေျပခဲ့ေပမယ့္ အခုက တပ္မေတာ္ေရယဥ္ေတြ အလုပ္လုပ္ဟန္တူပါတယ္ ။ ရိကၡာဟာ အ့လိုနည္းနဲ႔လည္းမရေတာ့ဘူးလို႔ တစြန္းတစၾကားသိရပါတယ္ ။ AA သတင္းျဖန႔္ခ်ိေရးကေတာ့ စိတ္ဓါတ္တက္ႂကြဖြယ္ရာ ေရးေနေပမယ့္ ေျမျပင္မွာေတာ္ေတာ္အေျခအေန ဆိုးေနပါတယ္ ။ ဒါကေတာ့ က်ေနာ္လိုက္လံစုံစမ္းလို႔ရသမွ် သတင္းေတြပါ ။ ရခိုင္ျပည္တေၾကာဟာ အင္တာနက္ပိတ္ထားလို႔ အေျခအေနေတြဟာ Update ျဖစ္ဖို႔ေတာ့မလြယ္ပါဘူး ။ က်ေနာ္ေရးသမွ် အလုံးစုံမွန္တယ္လို႔လည္း အာမမခံပါဘူး ။ သို႔ေသာ္ သတင္းေတြျပန႔္ေနသလိုစိုးရိမ္စရာအရမ္း မေကာင္း ဘူးဆိုတာေျပာလိုရင္းပါ” ဟု ေျပာသည္။

Related news

© 2021. All rights reserved.