ရွှေစက်တော် ဘေးမဲ့တောဉယျာဉ်၌ မြန်မာ့ရွှေသမင် (၆၀)ကျော် ထိန်းသိမ်းစောင့်ရှောက်ထား

239

Pearl (NP News) – မတ် ၁၆
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်ရှိ ရွှေစက်တော် ဘေးမဲ့တောဉယျာဉ်၌ ဌာနေဖွား ဒေသရင်းမျိုးစိတ်ရှားပါးစာရင်းဝင် မြန်မာ့ရွှေသမင် (၆၀) ကျော် ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။
၂၀၁၂ခုနှစ်တွင် နေပြည်တော်ဆာဖာရီဉယျာဉ်များမှ ရွှေသမင်အထီး (၅)ကောင် ၊ အမ (၇)ကောင် ဖြင့် မွေးမြူထိန်းသိမ်းခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင် အထီး (၁၈)ကောင်၊ အမ (၃၅)ကောင် စုစုပေါင်းရွှေသမင် (၅၃) ကောင် ရှိကာ ယခု လက်ရှိ ရွှေသမင် အထီး (၅)ကောင် အမ (၄)ကောင် ပေါက်ဖွာလာရာ စုစုပေါင်း ၆၂ ကောင်ကို အစာရေစာများ တိုက်ကျွေးသည့် အပြင် ဖြည့်စွက်စာများကိုပါ ဝယ်ယူကျွေးမွေး၍ ထိန်းသိမ်း စောင့်ရှောက်ထားရကြောင်း သိရသည်။
"အမ ၃၅ကောင်က ပေါက်ဖွားလာတဲ့ သမင်ငယ်လေးတွေတော့ရှိတယ်။ အထီး ( ၅)ကောင် ၊ အမ (၄)ကောင်တော့ရှိတယ်။ ပေါင်းဆိုရင်တော့ ၆၂ကောင်ဖြစ်သွားမှာပေါ့။ ပေါက်ဖွားလာတဲ့ သမင်ငယ်လေးတွေကို တရားဝင် စာရင်း မပို့သေးဘူး။ သမင်တွေရဲ့ သဘောသဘာဝက အစာစိမ်းစားတဲ့အခါကျမှ စိတ်ချရတာပေါ့လေ။ အခုကျတော့ တိရစ္ဆာန်ဆရာဝန်တွေ ဘာတွေနဲ့ခေါ်ပြတာ။ မွေးမွေးချင်းက ဆက်ရှင်သန်ဖို့ဘာညာက မသိသေးတော့ စာရင်းမတင်သေးဘူး။ အခု ဒီလကုန်လောက်တော့တင်မှာပေါ့” ဟု ရွှေစက်တော်ဘုရားကြီး၏ ဂေါပက တစ်ဦးဖြစ်သူ ဦးအေးကို က NP News ကို ပြောသည်။
ရွှေစက်တော် ဘေးမဲ့တောဉယျာဉ်သည် မြန်မာနိုင်ငံအလယ်ပိုင်း မင်းဘူး (စကု)မြို့နယ်၌ တည်ရှိပြီး ဧရိယာစတုရန်းမိုင် ၂၁၃ဒသမ၄မိုင်ကျယ်ဝန်းကာ အပူပိုင်းခြောက်သွေ့သော သန်းဒဟတ်တောများကို လည်းကောင်း မုန်းချောင်နှင့် မန်းချောင်းရေဝေကုန်းတန်းများကိုလည်းကောင်း ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန် ၁၉၄၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။

Zawgyi Version:
ေ႐ႊစက္ေတာ္ ေဘးမဲ့ေတာဉယ်ာဥ္၌ ျမန္မာ့ေ႐ႊသမင္ (၆၀)ေက်ာ္ ထိန္းသိမ္းေစာင့္ေရွာက္ထား
Pearl (NP News) – မတ္ ၁၆
မေကြးတိုင္းေဒသႀကီး မင္းဘူး(စကု)ၿမိဳ႕နယ္ရွိ ေ႐ႊစက္ေတာ္ ေဘးမဲ့ေတာဉယ်ာဥ္၌ ဌာေနဖြား ေဒသရင္းမ်ိဳးစိတ္ရွားပါးစာရင္းဝင္ ျမန္မာ့ေ႐ႊသမင္ (၆၀) ေက်ာ္ ထိန္းသိမ္းေစာင့္ေရွာက္ထားေၾကာင္း သိရသည္။
၂၀၁၂ခုႏွစ္တြင္ ေနျပည္ေတာ္ဆာဖာရီဉယ်ာဥ္မ်ားမွ ေ႐ႊသမင္အထီး (၅)ေကာင္ ၊ အမ (၇)ေကာင္ ျဖင့္ ေမြးျမဴထိန္းသိမ္းခဲ့ျခင္းျဖစ္ၿပီး ယခုအခ်ိန္တြင္ အထီး (၁၈)ေကာင္၊ အမ (၃၅)ေကာင္ စုစုေပါင္းေ႐ႊသမင္ (၅၃) ေကာင္ ရွိကာ ယခု လက္ရွိ ေ႐ႊသမင္ အထီး (၅)ေကာင္ အမ (၄)ေကာင္ ေပါက္ဖြာလာရာ စုစုေပါင္း ၆၂ ေကာင္ကို အစာေရစာမ်ား တိုက္ေကြၽးသည့္ အျပင္ ျဖည့္စြက္စာမ်ားကိုပါ ဝယ္ယူေကြၽးေမြး၍ ထိန္းသိမ္း ေစာင့္ေရွာက္ထားရေၾကာင္း သိရသည္။
"အမ ၃၅ေကာင္က ေပါက္ဖြားလာတဲ့ သမင္ငယ္ေလးေတြေတာ့ရွိတယ္။ အထီး ( ၅)ေကာင္ ၊ အမ (၄)ေကာင္ေတာ့ရွိတယ္။ ေပါင္းဆိုရင္ေတာ့ ၆၂ေကာင္ျဖစ္သြားမွာေပါ့။ ေပါက္ဖြားလာတဲ့ သမင္ငယ္ေလးေတြကို တရားဝင္ စာရင္း မပို႔ေသးဘူး။ သမင္ေတြရဲ႕ သေဘာသဘာဝက အစာစိမ္းစားတဲ့အခါက်မွ စိတ္ခ်ရတာေပါ့ေလ။ အခုက်ေတာ့ တိရစာၦန္ဆရာဝန္ေတြ ဘာေတြနဲ႔ေခၚျပတာ။ ေမြးေမြးခ်င္းက ဆက္ရွင္သန္ဖို႔ဘာညာက မသိေသးေတာ့ စာရင္းမတင္ေသးဘူး။ အခု ဒီလကုန္ေလာက္ေတာ့တင္မွာေပါ့” ဟု ေ႐ႊစက္ေတာ္ဘုရားႀကီး၏ ေဂါပက တစ္ဦးျဖစ္သူ ဦးေအးကို က NP News ကို ေျပာသည္။
ေ႐ႊစက္ေတာ္ ေဘးမဲ့ေတာဉယ်ာဥ္သည္ ျမန္မာႏိုင္ငံအလယ္ပိုင္း မင္းဘူး (စကု)ၿမိဳ႕နယ္၌ တည္ရွိၿပီး ဧရိယာစတုရန္းမိုင္ ၂၁၃ဒသမ၄မိုင္က်ယ္ဝန္းကာ အပူပိုင္းေျခာက္ေသြ႕ေသာ သန္းဒဟတ္ေတာမ်ားကို လည္းေကာင္း မုန္းေခ်ာင္ႏွင့္ မန္းေခ်ာင္းေရေဝကုန္းတန္းမ်ားကိုလည္းေကာင္း ကာကြယ္ထိန္းသိမ္းေစာင့္ေရွာက္ရန္ ၁၉၄၀ ျပည့္ႏွစ္တြင္ စတင္တည္ေထာင္ခဲ့ျခင္းျဖစ္သည္။