ကုန်တင်သင်္ဘောတွေကို တိုက်ခိုက်မှုတွေ ရပ်တန့်သွားတဲ့အချိန်အထိ ဟူသီလက်နက်ကိုင်အဖွဲ့ကို တိုက်ခိုက်သွားမယ်လို့ အမေရိကန်ကတိပြု

 113

Pika (NP News) - မတ် ၁၇

ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့က ကုန်တင်သင်္ဘောတွေကို တိုက်ခိုက်မှုတွေ ရပ်တန့်သွားတဲ့အချိန်အထိ အမေရိကန်က ဟူသီလက်နက်ကိုင်အဖွဲ့ကို တိုက်ခိုက်မှုတွေ လုပ်ဆောင်သွားမယ်လို့ အမေရိကန်ကာကွယ်ရေး ဝန်ကြီးက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အမေရိကန်စစ်တပ်ရဲ့လေကြောင်းကနေတိုက်ခိုက်မှုတွေဟာ တင်းမာမှုတွေကို အရှိန်မြင့်တက်လာစေနိုင်တယ်လို့ ဟူသီလက်နက်ကိုင်အဖွဲ့က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် အမေရိကန်ကာကွယ်ရေးဝန်ကြီးရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

အမေရိကန်စစ်တပ်ရဲ့လေကြောင်းကနေ တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံးလူ(၃၁)ဦး သေဆုံးခဲ့တယ်လို့ ဟူသီ လက်နက်ကိုင်အဖွဲ့ရဲ့ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် အဲဒီတိုက်ခိုက်မှုဟာ ဒေါ်နယ်ထရမ့် က အမေရိကန်သမ္မတအဖြစ် စတင်တာဝန်ယူပြီးနောက်ပိုင်း အရှေ့အလယ်ပိုင်းဒေသမှာ လုပ်ဆောင်ခဲ့တဲ့ အကြီးမားဆုံး အမေရိကန်စစ်ဆင်ရေးဖြစ်တယ်လို့ သိရပါတယ်
အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်ရဲ့စစ်ဆင်ရေးတွေဟာ သီတင်းပတ်များစွာအထိ ဆက်လက်ရှိနေနိုင်တယ် လို့လည်း အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။ အမေရိကန်ရဲ့စစ်ဆင်ရေးတွေကို စစ်ရာဇဝတ်မှုအဖြစ် ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့နိုင်ငံရေးဗျူရိုက ဖော်ပြပြောဆိုခဲ့ပြီး အဲဒီလုပ်ရပ်တွေဟာ တင်းမာမှုတွေကို အရှိန်မြင့် လာစေနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

Zawgyi Version:
ကုန္တင္သေဘၤာေတြကို တိုက္ခိုက္မႈေတြ ရပ္တန႔္သြားတဲ့အခ်ိန္အထိ ဟူသီလက္နက္ကိုင္အဖြဲ႕ကို တိုက္ခိုက္သြားမယ္လို႔ အေမရိကန္ကတိျပဳ
Pika (NP News) - မတ္ ၁၇

ယီမင္အေျခစိုက္ ဟူသီလက္နက္ကိုင္အဖြဲ႕က ကုန္တင္သေဘၤာေတြကို တိုက္ခိုက္မႈေတြ ရပ္တန႔္သြားတဲ့အခ်ိန္အထိ အေမရိကန္က ဟူသီလက္နက္ကိုင္အဖြဲ႕ကို တိုက္ခိုက္မႈေတြ လုပ္ေဆာင္သြားမယ္လို႔ အေမရိကန္ကာကြယ္ေရး ဝန္ႀကီးက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
အေမရိကန္စစ္တပ္ရဲ႕ေလေၾကာင္းကေနတိုက္ခိုက္မႈေတြဟာ တင္းမာမႈေတြကို အရွိန္ျမင့္တက္လာေစႏိုင္တယ္လို႔ ဟူသီလက္နက္ကိုင္အဖြဲ႕က ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ အေမရိကန္ကာကြယ္ေရးဝန္ႀကီးရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။

အေမရိကန္စစ္တပ္ရဲ႕ေလေၾကာင္းကေန တိုက္ခိုက္မႈေတြေၾကာင့္ အနည္းဆုံးလူ(၃၁)ဦး ေသဆုံးခဲ့တယ္လို႔ ဟူသီ လက္နက္ကိုင္အဖြဲ႕ရဲ႕က်န္းမာေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ အဲဒီတိုက္ခိုက္မႈဟာ ေဒၚနယ္ထရမ့္ က အေမရိကန္သမၼတအျဖစ္ စတင္တာဝန္ယူၿပီးေနာက္ပိုင္း အေရွ႕အလယ္ပိုင္းေဒသမွာ လုပ္ေဆာင္ခဲ့တဲ့ အႀကီးမားဆုံး အေမရိကန္စစ္ဆင္ေရးျဖစ္တယ္လို႔ သိရပါတယ္
အေရွ႕အလယ္ပိုင္းေဒသမွာ အေမရိကန္ရဲ႕စစ္ဆင္ေရးေတြဟာ သီတင္းပတ္မ်ားစြာအထိ ဆက္လက္ရွိေနႏိုင္တယ္ လို႔လည္း အေမရိကန္အရာရွိတစ္ဦးက ေျပာၾကားခဲ့ပါတယ္။ အေမရိကန္ရဲ႕စစ္ဆင္ေရးေတြကို စစ္ရာဇဝတ္မႈအျဖစ္ ဟူသီလက္နက္ကိုင္အဖြဲ႕ရဲ႕ႏိုင္ငံေရးဗ်ဴ႐ိုက ေဖာ္ျပေျပာဆိုခဲ့ၿပီး အဲဒီလုပ္ရပ္ေတြဟာ တင္းမာမႈေတြကို အရွိန္ျမင့္ လာေစႏိုင္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.