အမေရိကန်သမ္မတရဲ့အမိန့်ကြောင့် VOA နဲ့ RFA အပါအဝင် သတင်းဌာနအချို့ လုပ်ငန်းတွေကို ရပ်ဆိုင်းရတော့မယ်

323

ဂျန်ဇက် (NP News) - မတ် ၁၇
သမ္မတထရမ့်ရဲ့အမိန့်သစ် တစ်ရပ်ကြောင့် အမေရိကန် အခြေစိုက် အမေရိကန်အသံ VOA နဲ့ RFA အပါအဝင် သတင်းဌာနအချို့ လုပ်ငန်းတွေကို ရပ်ဆိုင်းရဖွယ်ရှိနေပါတယ်။ သမ္မတဒေါ်နယ်ထရမ့် ဟာ သတင်းဌာနတွေကို စီမံကိုင်တွယ်တဲ့ ကမ္ဘာ့သတင်းမီဒီယာအေဂျင်စီ(USAGM) နဲ့ တခြား အစိုးရ အေဂျင်စီ ၆ ခု ရဲ့ လှုပ်ရှား ဆောင်ရွက်မှုတွေကို အနည်းဆုံးဖြစ်အောင်လုပ်ဆောင်မယ်ဆိုတဲ့ ညွှန်ကြားချက်ကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ လက်မှတ် ထိုးခဲ့တယ်လို့ သိရပါတယ်။
VOA သတင်းဌာနဟာ သတင်းထောက်၊ ထုတ်လုပ်ရေးမှူးနဲ့ အထောက်အကူပြုဝန်ထမ်းပေါင်း ၁၃၀၀ နီးပါး လစာနဲ့ ခွင့်ပေးခံလိုက်ရပါတယ်။ သတင်းဌာနတွေကို စီမံကိုင်တွယ်တဲ့ ကမ္ဘာ့သတင်းမီဒီယာအေဂျင်စီ(USAGM) နဲ့ တခြား အစိုးရအေဂျင်စီ ၆ ခု ရဲ့လှုပ်ရှားဆောင်ရွက်မှုတွေကို အနည်းဆုံးဖြစ်အောင်လုပ်ဆောင်မယ်ဆိုတဲ့ညွှန်ကြားချက်ကို လက်မှတ်ထိုး ညွှန်ကြားလိုက်တာကြောင့်ဖြစ်ပါတယ်။
အမေရိကန်သမ္မတရဲ့အဲဒီညွှန်ကြားချက်ကြောင့်ပဲ VOA နဲ့ RFA အပါအဝင် သတင်းဌာနအချို့ အပါအဝင် သတင်းဌာနတွေက မြန်မာဘာသာစကားအစီအစဉ်တွေ အပါအဝင် ဘာသာစကား အမျိုးမျိုးနဲ့ တင်ဆက်နေတဲ့ သတင်းထုတ်လွှင့်မှုတွေအပေါ်တိုက်ရိုက် ထိခိုက်သက်ရောက်လာမှုဖြစ်လာတာပါ။
VOA သတင်းဌာန ညွှန်ကြားရေးမှူးချုပ် မိုက်ခ်အေဘရာမိုဝစ်ဇ်ကတော့ ''နှစ်ပေါင်း ၈၃ နှစ်အတွင်း အမေရိကန် အသံ ပထမဆုံးအကြိမ် အပိတ်ခံလိုက်ရပြီ'' လို့ သူ့ရဲ့လင့်ခ်အင်အကောင့်မှာ ရေးပါတယ်ခွင့်ပေးခံရသူတွေထဲမှာ သူကိုယ်တိုင်လည်း ပါဝင်တယ်လို့ VOA သတင်းဌာန ညွှန်ကြားရေးမှူးချုပ် မိုက်ခ် အေဘရာမိုဝစ်ဇ်က ပြောပါတယ်။
ဒါ့အပြင် အမေရိကန်အစိုးရက RFA နဲ့ မိတ်ဖက်သတင်းဌာနတွေအတွက် နှစ်စဉ်ပေးအပ်နေတဲ့ ထောက်ပံ့ငွေတွေကို ၂၀၂၅ ခုနှစ်၊ မတ်လ ၁၅ ရက်၊ စနေနေ့မနက်ပိုင်းမှာ ရပ်ဆိုင်းလိုက်ပြီလို့ အကြောင်းကြားစာ ရရှိတဲ့အကြောင်း လွတ်လပ်တဲ့အာရှအသံ (RFA) က သတင်းထုတ်ပြန်ပါတယ်။
USAGM အထူးအကြံပေး ကာရီလိတ်ခ်ကနေ RFA ဥက္ကဋ္ဌ ဆီကို ပေးပို့တဲ့စာမှာ RFA ကို ရန်ပုံငွေကို ဖြတ်တောက် လိုက်ပြီဖြစ်ပြီး ''မသုံးရသေးတဲ့ရန်ပုံငွေတွေကိုလည်း အစိုးရထံ အချိန်မဆိုင်းဘဲ ပြန်လွှဲပေးဖို့'' လည်း ပြောထား တယ်လို့ RFA က သတင်းထုတ်ပြန်ပါတယ်။
ထရမ့်ရဲ့အမိန့်ကြောင့် သတင်းလုပ်ငန်းတွေ ဘယ်အချိန်၊ ဘယ်လိုရပ်ဆိုင်းမလဲဆိုတာကို လောလောဆယ် ရှင်းရှင်း လင်းလင်း မသိရသေးဘူးလို့လည်း RFA က ပြောထားပါတယ်။

Zawgyi Version:
အေမရိကန္သမၼတရဲ႕အမိန႔္ေၾကာင့္ VOA နဲ႔ RFA အပါအဝင္ သတင္းဌာနအခ်ိဳ႕ လုပ္ငန္းေတြကို ရပ္ဆိုင္းရေတာ့မယ္
ဂ်န္ဇက္ (NP News) - မတ္ ၁၇
သမၼတထရမ့္ရဲ႕အမိန႔္သစ္ တစ္ရပ္ေၾကာင့္ အေမရိကန္ အေျခစိုက္ အေမရိကန္အသံ VOA နဲ႔ RFA အပါအဝင္ သတင္းဌာနအခ်ိဳ႕ လုပ္ငန္းေတြကို ရပ္ဆိုင္းရဖြယ္ရွိေနပါတယ္။ သမၼတေဒၚနယ္ထရမ့္ ဟာ သတင္းဌာနေတြကို စီမံကိုင္တြယ္တဲ့ ကမာၻ႔သတင္းမီဒီယာေအဂ်င္စီ(USAGM) နဲ႔ တျခား အစိုးရ ေအဂ်င္စီ ၆ ခု ရဲ႕ လႈပ္ရွား ေဆာင္႐ြက္မႈေတြကို အနည္းဆုံးျဖစ္ေအာင္လုပ္ေဆာင္မယ္ဆိုတဲ့ ၫႊန္ၾကားခ်က္ကို ၿပီးခဲ့တဲ့ရက္ပိုင္းမွာ လက္မွတ္ ထိုးခဲ့တယ္လို႔ သိရပါတယ္။
VOA သတင္းဌာနဟာ သတင္းေထာက္၊ ထုတ္လုပ္ေရးမႉးနဲ႔ အေထာက္အကူျပဳဝန္ထမ္းေပါင္း ၁၃၀၀ နီးပါး လစာနဲ႔ ခြင့္ေပးခံလိုက္ရပါတယ္။ သတင္းဌာနေတြကို စီမံကိုင္တြယ္တဲ့ ကမာၻ႔သတင္းမီဒီယာေအဂ်င္စီ(USAGM) နဲ႔ တျခား အစိုးရေအဂ်င္စီ ၆ ခု ရဲ႕လႈပ္ရွားေဆာင္႐ြက္မႈေတြကို အနည္းဆုံးျဖစ္ေအာင္လုပ္ေဆာင္မယ္ဆိုတဲ့ၫႊန္ၾကားခ်က္ကို လက္မွတ္ထိုး ၫႊန္ၾကားလိုက္တာေၾကာင့္ျဖစ္ပါတယ္။
အေမရိကန္သမၼတရဲ႕အဲဒီၫႊန္ၾကားခ်က္ေၾကာင့္ပဲ VOA နဲ႔ RFA အပါအဝင္ သတင္းဌာနအခ်ိဳ႕ အပါအဝင္ သတင္းဌာနေတြက ျမန္မာဘာသာစကားအစီအစဥ္ေတြ အပါအဝင္ ဘာသာစကား အမ်ိဳးမ်ိဳးနဲ႔ တင္ဆက္ေနတဲ့ သတင္းထုတ္လႊင့္မႈေတြအေပၚတိုက္႐ိုက္ ထိခိုက္သက္ေရာက္လာမႈျဖစ္လာတာပါ။
VOA သတင္းဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ မိုက္ခ္ေအဘရာမိုဝစ္ဇ္ကေတာ့ ''ႏွစ္ေပါင္း ၈၃ ႏွစ္အတြင္း အေမရိကန္ အသံ ပထမဆုံးအႀကိမ္ အပိတ္ခံလိုက္ရၿပီ'' လို႔ သူ႔ရဲ႕လင့္ခ္အင္အေကာင့္မွာ ေရးပါတယ္ခြင့္ေပးခံရသူေတြထဲမွာ သူကိုယ္တိုင္လည္း ပါဝင္တယ္လို႔ VOA သတင္းဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ မိုက္ခ္ ေအဘရာမိုဝစ္ဇ္က ေျပာပါတယ္။
ဒါ့အျပင္ အေမရိကန္အစိုးရက RFA နဲ႔ မိတ္ဖက္သတင္းဌာနေတြအတြက္ ႏွစ္စဥ္ေပးအပ္ေနတဲ့ ေထာက္ပံ့ေငြေတြကို ၂၀၂၅ ခုႏွစ္၊ မတ္လ ၁၅ ရက္၊ စေနေန႔မနက္ပိုင္းမွာ ရပ္ဆိုင္းလိုက္ၿပီလို႔ အေၾကာင္းၾကားစာ ရရွိတဲ့အေၾကာင္း လြတ္လပ္တဲ့အာရွအသံ (RFA) က သတင္းထုတ္ျပန္ပါတယ္။
USAGM အထူးအႀကံေပး ကာရီလိတ္ခ္ကေန RFA ဥကၠ႒ ဆီကို ေပးပို႔တဲ့စာမွာ RFA ကို ရန္ပုံေငြကို ျဖတ္ေတာက္ လိုက္ၿပီျဖစ္ၿပီး ''မသုံးရေသးတဲ့ရန္ပုံေငြေတြကိုလည္း အစိုးရထံ အခ်ိန္မဆိုင္းဘဲ ျပန္လႊဲေပးဖို႔'' လည္း ေျပာထား တယ္လို႔ RFA က သတင္းထုတ္ျပန္ပါတယ္။
ထရမ့္ရဲ႕အမိန႔္ေၾကာင့္ သတင္းလုပ္ငန္းေတြ ဘယ္အခ်ိန္၊ ဘယ္လိုရပ္ဆိုင္းမလဲဆိုတာကို ေလာေလာဆယ္ ရွင္းရွင္း လင္းလင္း မသိရေသးဘူးလို႔လည္း RFA က ေျပာထားပါတယ္။