ရုရှားနဲ့ ယူကရိန်းကြား ကြားဝင်စေ့စပ်ပေးတဲ့နိုင်ငံအဖြစ် လုပ်ဆောင်ဖို့ အဆင်သင့်ရှိတယ်လို့ အိန္ဒိယအစိုးရပြော

265

Pika (NP News) - မတ် ၁၇
အိန္ဒိယဝန်ကြီးချုပ်မိုဒီဟာ ရုရှား-ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ သံတမန်ရေးဆိုင်ရာ ရပ်တည်ချက်ကို ထပ်မံအတည်ပြုခဲ့ပြီး ရုရှားနဲ့ယူကရိန်းကြား ကြားဝင်စေ့စပ်ပေးတဲ့နိုင်ငံအဖြစ် လုပ်ဆောင်ဖို့ အဆင်သင့်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် ယူကရိန်းအစိုးရက ၎င်းတို့ရဲ့မိတ်ဖက်နိုင်ငံတွေနဲ့ပဲ ဆွေးနွေးမှု တွေ လုပ်ဆောင်နေတာဟာ ငြိမ်းချမ်းတဲ့ဖြေရှင်းချက်ကို ရရှိစေမှာ မဟုတ်ဘူးလို့လည်း မိုဒီက ပြောကြားခဲ့ပါတယ်။
မိုဒီက “ယူကရိန်းဟာ သူတို့ရဲ့မိတ်ဖက်နိုင်ငံတွေနဲ့ ဆွေးနွေးပွဲတွေကို အကြိမ်ပေါင်းများစွာ လုပ်ဆောင်ထားပေမယ့် အဲဒါက ငြိမ်းချမ်းတဲ့ဖြေရှင်းချက်ကို ရရှိစေမှာမဟုတ်ပါဘူး။ ဆွေးနွေးပွဲတွေမှာ နှစ်ဘက်စလုံးက ပါဝင်ဖို့ လိုအပ်ပါတယ်။ အစောပိုင်းကာလတွေမှာတော့ ငြိမ်းချမ်းရေးရယူနိုင်ဖို့ ခက်ခဲခဲ့ပေမယ့် လက်ရှိအခြေအနေတွေမှာ အဓိပ္ပါယ်ရှိပြီး အကျိုးရှိတဲ့ဆွေးနွေးပွဲတွေကို လုပ်ဆောင်ဖို့ အခွင့်အရေးတွေ ရရှိနေပါပြီ” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ရုရှား-ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံဟာ ကြားနေနိုင်ငံအဖြစ်သာ ဆက်လက်ရပ်တည်သွား မယ်လို့ မိုဒီက ထပ်လောင်းပြောကြားခဲ့ပါတယ်။ မိုဒီ က “ကျွန်တော်တို့နိုင်ငံဟာ ဂန္ဒီနဲ့ ဗုဒ္ဓတို့ကို ကိုယ်စားပြုတဲ့ နိုင်ငံဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့အပြောအဆိုတွေနဲ့ အမူအကျင့်တို့ဟာ ငြိမ်းချမ်းမှုအတွက်ပဲ ကိုယ်စားပြုပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
႐ုရွားနဲ႔ ယူကရိန္းၾကား ၾကားဝင္ေစ့စပ္ေပးတဲ့ႏိုင္ငံအျဖစ္ လုပ္ေဆာင္ဖို႔ အဆင္သင့္ရွိတယ္လို႔ အိႏၵိယအစိုးရေျပာ
Pika (NP News) - မတ္ ၁၇
အိႏၵိယဝန္ႀကီးခ်ဳပ္မိုဒီဟာ ႐ုရွား-ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး အိႏၵိယႏိုင္ငံရဲ႕ ၿငိမ္းခ်မ္းေရးနဲ႔ သံတမန္ေရးဆိုင္ရာ ရပ္တည္ခ်က္ကို ထပ္မံအတည္ျပဳခဲ့ၿပီး ႐ုရွားနဲ႔ယူကရိန္းၾကား ၾကားဝင္ေစ့စပ္ေပးတဲ့ႏိုင္ငံအျဖစ္ လုပ္ေဆာင္ဖို႔ အဆင္သင့္ရွိတယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ ယူကရိန္းအစိုးရက ၎တို႔ရဲ႕မိတ္ဖက္ႏိုင္ငံေတြနဲ႔ပဲ ေဆြးေႏြးမႈ ေတြ လုပ္ေဆာင္ေနတာဟာ ၿငိမ္းခ်မ္းတဲ့ေျဖရွင္းခ်က္ကို ရရွိေစမွာ မဟုတ္ဘူးလို႔လည္း မိုဒီက ေျပာၾကားခဲ့ပါတယ္။
မိုဒီက “ယူကရိန္းဟာ သူတို႔ရဲ႕မိတ္ဖက္ႏိုင္ငံေတြနဲ႔ ေဆြးေႏြးပြဲေတြကို အႀကိမ္ေပါင္းမ်ားစြာ လုပ္ေဆာင္ထားေပမယ့္ အဲဒါက ၿငိမ္းခ်မ္းတဲ့ေျဖရွင္းခ်က္ကို ရရွိေစမွာမဟုတ္ပါဘူး။ ေဆြးေႏြးပြဲေတြမွာ ႏွစ္ဘက္စလုံးက ပါဝင္ဖို႔ လိုအပ္ပါတယ္။ အေစာပိုင္းကာလေတြမွာေတာ့ ၿငိမ္းခ်မ္းေရးရယူႏိုင္ဖို႔ ခက္ခဲခဲ့ေပမယ့္ လက္ရွိအေျခအေနေတြမွာ အဓိပၸါယ္ရွိၿပီး အက်ိဳးရွိတဲ့ေဆြးေႏြးပြဲေတြကို လုပ္ေဆာင္ဖို႔ အခြင့္အေရးေတြ ရရွိေနပါၿပီ” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ႐ုရွား-ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး အိႏၵိယႏိုင္ငံဟာ ၾကားေနႏိုင္ငံအျဖစ္သာ ဆက္လက္ရပ္တည္သြား မယ္လို႔ မိုဒီက ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။ မိုဒီ က “ကြၽန္ေတာ္တို႔ႏိုင္ငံဟာ ဂႏၵီနဲ႔ ဗုဒၶတို႔ကို ကိုယ္စားျပဳတဲ့ ႏိုင္ငံျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕အေျပာအဆိုေတြနဲ႔ အမူအက်င့္တို႔ဟာ ၿငိမ္းခ်မ္းမႈအတြက္ပဲ ကိုယ္စားျပဳပါတယ္” လို႔ ေျပာခဲ့ပါတယ္။