ရုရှားနဲ့ငြိမ်းချမ်းရေးရယူနိုင်ဖို့ ယူကရိန်းအနေနဲ့ ပိုင်နက်နယ်မြေစွန့်လွှတ်နိုင်ဖို့ ပြင်ဆင်ရမယ်လို့ အမေရိကန်အစိုးရပြော

 1042

ဂျန်ဇက် (NP News) - မတ် ၁၇

ယူကရိန်းနိုင်ငံအနေနဲ့ ရုရှားနိုင်ငံနဲ့ ငြိမ်းချမ်းရေးရယူနိုင်ရေးဆွေးနွေးရာမှာ ပိုင်နက်နယ်မြေအချို့ကို စွန့်လွှတ်ပေး နိုင်အောင် ပြင်ဆင်ထားရမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ လုံခြုံရေးအကြံပေး မိုက်ဝေါ်က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
အမေရိကန်အစိုးရဟာ လက်ရှိအချိန်မှာ ရုရှားနဲ့ ယူကရိန်းနိုင်ငံကြား ရက် ၃ဝ ကြာ အပစ်ခတ်ရပ်စဲရေး ရယူနိုင်ဖို့ ရုရှားကို ဖိအားပေးမှု ဆက်လက်လုပ်ဆောင်ဖို့ အဆင်သင့်ရှိနေတယ်လို့ ပြောပါတယ်။ ယူကရိန်းက ခရိုင်းမီးယား ဒေသအပြင် ဒွန်းညက်စ်၊ လူဟန့်၊ ခါဆွန်၊ ဇာပိုရိုဟီဒေသတွေဟာ ၎င်းတို့ပိုင်နက်တွေဖြစ်တယ်လို့ ဖြစ်တယ်လို့ ပြောဆိုထားပြီး လက်ရှိအချိန်မှာ အဲဒီဒေသတွေက ရုရှားထိန်းချုပ်မှုအောက်ရောက်ရှိနေပါတယ်။ ခရိုင်းမီးယား ဒေသဟာ ၂၀၁၄ ခုနှစ် စစ်ပွဲဖြစ်လာခဲ့ပြီးနောက် ရုရှားပိုင်နက်ဖြစ်ခဲ့သလို ဒွန်းညက်စ်၊ လူဟန့်၊ ခါဆွန်၊ ဇာပိုရိုဟီ ဒေသတွေဟာလည်း ၂၀၂၂ ခုနှစ်မှာ စစ်ပွဲဖြစ်လာခဲ့ပြီးနောက် ရုရှားထိန်းချုပ်မှုအောက် ထပ်မံရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးဖြစ်သူက "ယူကရိန်းစစ်ပွဲငြိမ်းချမ်းရေး ရယူနိုင်မယ့် အလားလာတွေထဲ မှာ ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်ပေးရမယ့်အချက်တွေလည်း ပါဝင်မှာပါ။ ဒါပေမယ့် ယူကရိန်းဟာ နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်မယ့် အစီအစဉ်ကိုလက်လျော့ရမယ်။ ခရိုင်းမီးယား အပါအဝင် ယူကရိန်းပိုင်နက်တိုင်းကိုပြန်ပေးဖို့ ကြိုးပမ်းမှုတွေက လက်တွေ့မဆန်ဘူး။ အမေရိကန်အစိုးရဟာ ယူကရိန်းစစ်ပွဲ အဆုံးသတ်ဖို့ မြေပြင်အခြေနေမှန်ကို အဓိကထားပြီး ကြိုးပမ်းမယ်" လို့ ပြောပါတယ်။
ဒေါ်နယ်ထရမ့်အမေရိကန်သမ္မတဖြစ်လာခဲ့ပြီးနောက်ပိုင်း အမေရိကန်အစိုးရဟာ ယူကရိန်းနဲ့ ရုရှားနိုင်ငံကြား စစ်ပွဲအဆုံးသတ်ဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။ အမေရိကန်သမ္မတဟာ ရုရှားသမ္မတပူတင် နဲ့ မကြာသေးမီက ဖုန်းဆက်ဆွေးနွေးခဲ့သလို လာမယ့်ရက်ပိုင်းမှာလည်း ဖုန်းဆက်ဆွေးနွေးဖွယ်ရှိနေပါတယ်။

Zawgyi Version:
႐ုရွားနဲ႔ၿငိမ္းခ်မ္းေရးရယူႏိုင္ဖို႔ ယူကရိန္းအေနနဲ႔ ပိုင္နက္နယ္ေျမစြန႔္လႊတ္ႏိုင္ဖို႔ ျပင္ဆင္ရမယ္လို႔ အေမရိကန္အစိုးရေျပာ
ဂ်န္ဇက္ (NP News) - မတ္ ၁၇

ယူကရိန္းႏိုင္ငံအေနနဲ႔ ႐ုရွားႏိုင္ငံနဲ႔ ၿငိမ္းခ်မ္းေရးရယူႏိုင္ေရးေဆြးေႏြးရာမွာ ပိုင္နက္နယ္ေျမအခ်ိဳ႕ကို စြန႔္လႊတ္ေပး ႏိုင္ေအာင္ ျပင္ဆင္ထားရမယ္လို႔ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ရဲ႕ လုံၿခဳံေရးအႀကံေပး မိုက္ေဝၚက ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။
အေမရိကန္အစိုးရဟာ လက္ရွိအခ်ိန္မွာ ႐ုရွားနဲ႔ ယူကရိန္းႏိုင္ငံၾကား ရက္ ၃ဝ ၾကာ အပစ္ခတ္ရပ္စဲေရး ရယူႏိုင္ဖို႔ ႐ုရွားကို ဖိအားေပးမႈ ဆက္လက္လုပ္ေဆာင္ဖို႔ အဆင္သင့္ရွိေနတယ္လို႔ ေျပာပါတယ္။ ယူကရိန္းက ခ႐ိုင္းမီးယား ေဒသအျပင္ ဒြန္းညက္စ္၊ လူဟန႔္၊ ခါဆြန္၊ ဇာပို႐ိုဟီေဒသေတြဟာ ၎တို႔ပိုင္နက္ေတြျဖစ္တယ္လို႔ ျဖစ္တယ္လို႔ ေျပာဆိုထားၿပီး လက္ရွိအခ်ိန္မွာ အဲဒီေဒသေတြက ႐ုရွားထိန္းခ်ဳပ္မႈေအာက္ေရာက္ရွိေနပါတယ္။ ခ႐ိုင္းမီးယား ေဒသဟာ ၂၀၁၄ ခုႏွစ္ စစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ ႐ုရွားပိုင္နက္ျဖစ္ခဲ့သလို ဒြန္းညက္စ္၊ လူဟန႔္၊ ခါဆြန္၊ ဇာပို႐ိုဟီ ေဒသေတြဟာလည္း ၂၀၂၂ ခုႏွစ္မွာ စစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ ႐ုရွားထိန္းခ်ဳပ္မႈေအာက္ ထပ္မံေရာက္ရွိခဲ့တာ ျဖစ္ပါတယ္။
အေမရိကန္အမ်ိဳးသားလုံၿခဳံေရးအႀကံေပးျဖစ္သူက "ယူကရိန္းစစ္ပြဲၿငိမ္းခ်မ္းေရး ရယူႏိုင္မယ့္ အလားလာေတြထဲ မွာ ယူကရိန္းအတြက္ လုံၿခဳံေရးအာမခံခ်က္ေပးရမယ့္အခ်က္ေတြလည္း ပါဝင္မွာပါ။ ဒါေပမယ့္ ယူကရိန္းဟာ ေနတိုးမဟာမိတ္အဖြဲ႕ဝင္ႏိုင္ငံအျဖစ္ ပါဝင္မယ့္ အစီအစဥ္ကိုလက္ေလ်ာ့ရမယ္။ ခ႐ိုင္းမီးယား အပါအဝင္ ယူကရိန္းပိုင္နက္တိုင္းကိုျပန္ေပးဖို႔ ႀကိဳးပမ္းမႈေတြက လက္ေတြ႕မဆန္ဘူး။ အေမရိကန္အစိုးရဟာ ယူကရိန္းစစ္ပြဲ အဆုံးသတ္ဖို႔ ေျမျပင္အေျခေနမွန္ကို အဓိကထားၿပီး ႀကိဳးပမ္းမယ္" လို႔ ေျပာပါတယ္။
ေဒၚနယ္ထရမ့္အေမရိကန္သမၼတျဖစ္လာခဲ့ၿပီးေနာက္ပိုင္း အေမရိကန္အစိုးရဟာ ယူကရိန္းနဲ႔ ႐ုရွားႏိုင္ငံၾကား စစ္ပြဲအဆုံးသတ္ဖို႔ ႀကိဳးပမ္းေနေၾကာင္း သိရပါတယ္။ အေမရိကန္သမၼတဟာ ႐ုရွားသမၼတပူတင္ နဲ႔ မၾကာေသးမီက ဖုန္းဆက္ေဆြးေႏြးခဲ့သလို လာမယ့္ရက္ပိုင္းမွာလည္း ဖုန္းဆက္ေဆြးေႏြးဖြယ္ရွိေနပါတယ္။

Related news

© 2021. All rights reserved.