အသီးအရွက်များဖြင့်ဖန်တီးထားသော ဂီတတူရိယာများဖြင့် ဖွဲ့စည်းထားသည့် ကမ္ဘာ့ပထမဆုံး သံစုံတီးဝိုင်း

 378

Pika (NP News) - မတ် ၁၈

အသီးအရွက်များဖြင့်ပြုလုပ်ထားသော ဂီတတူရိယာများဖြင့် သီဆိုဖျော်ဖြေမှုများလုပ်ဆောင်ခဲ့သော ကမ္ဘာ့ပထမဆုံးသံစုံတီးဝိုင်းသည် နှစ်ပေါင်း (၂၇)နှစ်အတွင်း ဖျော်ဖြေပွဲ(၃၄၄)ပွဲ လုပ်ဆောင်ခဲ့ပြီး နောက် ကမ္ဘာ့ဂင်းနစ်စံချိန်တင်နိုင်ခဲ့ကြောင်း သိရသည်။

အသီးအရွက်များဖြင့်ပြုလုပ်ထားသော ဂီတတူရိယာ(၁၁)မျိုးပါဝင်သည့် သံစုံတီးဝိုင်းကို (၁၉၉၉)ခုနှစ်တွင် ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့ တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အမျိုးမျိုးသောဂီတပညာရှင်များသည် အသီးအရွက် များကို ဂီတတူရိယာအဖြစ်ဖန်တီးရန် စိတ်ကူးများဖြင့် အတူစုစည်းခဲ့ကြပြီးနောက် အဆိုပါသံစုံတီးဝိုင်းကို ဖွဲ့ စည်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ တည်ထောင်သူ မက်သီးယက်စ်မိန်းဟာတာက " ဒီအရာတွေအားလုံး က ဟာသတစ်ခုအဖြစ်ကနေ စတင်ခဲ့တာပါ"ဟု ပြော ဆိုခဲ့သည်။

ထို့ပြင် တည်ထောင်သူလေးဦးသည် ဗီယင်နာမြို့ရှိ အနုပညာဖျော်ဖြေပွဲအတွက် မှတ်တမ်း တင်ထားကြောင်း မက်သီးယက်စ်မိန်းဟာတာက ပြောကြားခဲ့သည်။ မက်သီးယက်စ်မိန်းဟာတာက " ကျွန်တော်တို့ဘာလုပ်နိုင်လဲဆိုတာကို စမ်းသပ်ကြည့်ဖို့ဆုံးဖြတ်ခဲ့ကြတာပါ။ နောက်ဆုံးမှာတော့ အ သီးအရွက်တွေနဲ့ ဂီတတူရိယာတွေဖန်တီးပြီး သံစုံတီး ဝိုင်းဖွဲ့စည်းဖို့ အကြံရခဲ့ကြတာပါ" ဟုပြောဆိုခဲ့သည်။ ၎င်းတို့၏ ဂီတတူရိယာများတွင် မုန်လာဥကို အသံ ဖမ်းစက်အဖြစ်ဖန်တီးထားသလို မယ်ဒလင်အဖြစ် ကြက်သွန်မြိတ်ကို ဖန်တီးထားမှုများပါဝင်ကြောင်း သိရသည်။

အဆိုပါသံစုံတီးဝိုင်းသည် ၎င်းတို့၏(၃၄၄)ကြိမ်မြောက်ရှိုးပွဲကိုဖျော်ဖြေခဲ့ပြီးနောက် အသီးအရွက် များဖြင့်ဖန်တီးထားသောဂီတတူရိယာများဖြင့် ဖျော် ဖြေပွဲအများဆုံးဖျော်ဖြေခဲ့ခြင်းအတွက် ကမ္ဘာ့ဂင်းနစ် စံချိန်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထို့ပြင် ၎င်းတို့၏ဂီတတူရိယာများသည် ပုပ်ခြင်း သို့မဟုတ် ပုံသဏ္ဌာန်ပျက်ယွင်းမှုများမဖြစ်ခင် အချိန် (၆)နာရီ ခန့်သာခံသောကြောင့် ဖျော်ဖြေပွဲတိုင်းတွင် လတ် ဆတ်သောအသီးအရွက်များကို ထွင်းထုရကြောင်း ၎င်းတို့ကပြောကြားခဲ့သည်။

zawgyi version
အသီးအ႐ြက္မ်ားျဖင့္ဖန္တီးထားေသာ ဂီတတူရိယာမ်ားျဖင့္ ဖြဲ႕စည္းထားသည့္ ကမာၻ႔ပထမဆုံး သံစုံတီးဝိုင္း
Pika (NP News) - မတ္ ၁၈

အသီးအ႐ြက္မ်ားျဖင့္ျပဳလုပ္ထားေသာ ဂီတတူရိယာမ်ားျဖင့္ သီဆိုေဖ်ာ္ေျဖမႈမ်ားလုပ္ေဆာင္ခဲ့ေသာ ကမာၻ႔ပထမဆုံးသံစုံတီးဝိုင္းသည္ ႏွစ္ေပါင္း (၂၇)ႏွစ္အတြင္း ေဖ်ာ္ေျဖပြဲ(၃၄၄)ပြဲ လုပ္ေဆာင္ခဲ့ၿပီး ေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္တင္ႏိုင္ခဲ့ေၾကာင္း သိရသည္။

အသီးအ႐ြက္မ်ားျဖင့္ျပဳလုပ္ထားေသာ ဂီတတူရိယာ(၁၁)မ်ိဳးပါဝင္သည့္ သံစုံတီးဝိုင္းကို (၁၉၉၉)ခုႏွစ္တြင္ ဩစႀတီးယားႏိုင္ငံ ဗီယင္နာၿမိဳ႕ တြင္ စတင္ဖြဲ႕စည္းခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ အမ်ိဳးမ်ိဳးေသာဂီတပညာရွင္မ်ားသည္ အသီးအ႐ြက္ မ်ားကို ဂီတတူရိယာအျဖစ္ဖန္တီးရန္ စိတ္ကူးမ်ားျဖင့္ အတူစုစည္းခဲ့ၾကၿပီးေနာက္ အဆိုပါသံစုံတီးဝိုင္းကို ဖြဲ႕ စည္းခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ တည္ေထာင္သူ မက္သီးယက္စ္မိန္းဟာတာက " ဒီအရာေတြအားလုံး က ဟာသတစ္ခုအျဖစ္ကေန စတင္ခဲ့တာပါ"ဟု ေျပာ ဆိုခဲ့သည္။

ထို႔ျပင္ တည္ေထာင္သူေလးဦးသည္ ဗီယင္နာၿမိဳ႕ရွိ အႏုပညာေဖ်ာ္ေျဖပြဲအတြက္ မွတ္တမ္း တင္ထားေၾကာင္း မက္သီးယက္စ္မိန္းဟာတာက ေျပာၾကားခဲ့သည္။ မက္သီးယက္စ္မိန္းဟာတာက " ကြၽန္ေတာ္တို႔ဘာလုပ္ႏိုင္လဲဆိုတာကို စမ္းသပ္ၾကည့္ဖို႔ဆုံးျဖတ္ခဲ့ၾကတာပါ။ ေနာက္ဆုံးမွာေတာ့ အ သီးအ႐ြက္ေတြနဲ႔ ဂီတတူရိယာေတြဖန္တီးၿပီး သံစုံတီး ဝိုင္းဖြဲ႕စည္းဖို႔ အႀကံရခဲ့ၾကတာပါ" ဟုေျပာဆိုခဲ့သည္။ ၎တို႔၏ ဂီတတူရိယာမ်ားတြင္ မုန္လာဥကို အသံ ဖမ္းစက္အျဖစ္ဖန္တီးထားသလို မယ္ဒလင္အျဖစ္ ၾကက္သြန္ၿမိတ္ကို ဖန္တီးထားမႈမ်ားပါဝင္ေၾကာင္း သိရသည္။

အဆိုပါသံစုံတီးဝိုင္းသည္ ၎တို႔၏(၃၄၄)ႀကိမ္ေျမာက္ရႈိးပြဲကိုေဖ်ာ္ေျဖခဲ့ၿပီးေနာက္ အသီးအ႐ြက္ မ်ားျဖင့္ဖန္တီးထားေသာဂီတတူရိယာမ်ားျဖင့္ ေဖ်ာ္ ေျဖပြဲအမ်ားဆုံးေဖ်ာ္ေျဖခဲ့ျခင္းအတြက္ ကမာၻ႔ဂင္းနစ္ စံခ်ိန္တင္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ထို႔ျပင္ ၎တို႔၏ဂီတတူရိယာမ်ားသည္ ပုပ္ျခင္း သို႔မဟုတ္ ပုံသဏၭာန္ပ်က္ယြင္းမႈမ်ားမျဖစ္ခင္ အခ်ိန္ (၆)နာရီ ခန႔္သာခံေသာေၾကာင့္ ေဖ်ာ္ေျဖပြဲတိုင္းတြင္ လတ္ ဆတ္ေသာအသီးအ႐ြက္မ်ားကို ထြင္းထုရေၾကာင္း ၎တို႔ကေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.