အမေရိကန်မှာ ပြင်းထန်ရာသီဥတုကြောင့် သေဆုံးသူ(၃၆)ဦးအထိ တိုးလာ

 388

ရောင်နီ (NP News) - မတ် ၁၈

အမေရိကန်နိုင်ငံ၊ ပန်နီဆေးလ်ဗေးယား၊ နယူးယောက်ခ်၊ အလယ်ပိုင်း အတ္တလန်တိတ်နဲ့ အရှေ့တောင်ဘက်ပြည်နယ် အစိတ်အပိုင်းတွေမှာ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် သေဆုံးသူ (၃၆)ဦးအထိ မြင့်တက်ခဲ့ပါတယ်။

အိမ်ဖြူတော်ရဲ့ထုတ်ပြန်ချက်အရ သမ္မတဒေါ်နယ်ထရမ့်က လေဆင်နှာမောင်းနဲ့ မုန်တိုင်းတွေကို စောင့်ကြည့်နေပြီး အာကန်းဆက်မှာ National Guard တပ်ဖြန့်ထားကာ ပြည်နယ်နဲ့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေကို အကူအညီပေးဖို့ ကတိပြုထားတယ်လို့ ဆိုပါတယ်။ တောင်ပိုင်းနဲ့ အနောက်အလယ်ပိုင်းမှာ တိုက်ခတ်နေတဲ့ လေဆင်နှမောင်း မုန်တိုင်းတွေဟာ တနင်္ဂနွေ (မတ် ၁၆ ရက်)မှာ အရှေ့အရပ်ဘက်ဆီ ဦးတည်သွားခဲ့ပါတယ်။ မုန်တိုင်းကြောင့် တနင်္ဂနွေ(မတ်လ ၁၆ ရက်) မွန်းလွဲပိုင်းအထိ မုန်တိုင်းဒဏ်ခံ ဒေသတွေမှာ လူပေါင်း (၃၄၀,၀၀၀)ကျော် လျှပ်စစ်မီးပြတ်တောက်သွားခဲ့တယ်လို့PowerOutage ဝက်ဘ်ဆိုက်အရ သိရပါတယ်။

မစ်ဇိုရီပြည်နယ်ကတော့ မုန်တိုင်းကြောင့် လူသေဆုံးမှု အများဆုံးဖြစ်ပြီး ခရိုင်ငါးခုမှာ သေဆုံးသူ (၁၂)ဦးရှိတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။ မစ်ဆူရီမှာတော့ ခရိုင်အတွင်း အိမ် (၅၀၀) ကျော်၊ ဘုရားကျောင်းနဲ့ ကုန်စုံဆိုင် တစ်ဆိုင် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ပြင်းထန် ဖုန်မှုန့်မုန်တိုင်းကြောင့် ကန်းဆက်ရှိ ရှာမန်ကောင်တီမှာ ကား (၅၀)ကျော် ယာဉ်တိုက်မှုဖြစ်ပြီး သေဆုံးသူ ရှစ်ဦး ရှိခဲ့ပါတယ်။ အလာဘားမားမှာလည်း လူနှစ်ဦးထက်မနည်း သေဆုံးခဲ့ပြီး တက္ကဆက်ပြည်နယ်မှာတော့ လူသုံးဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် သောကြာနေ့(မတ်လ ၁၄ ရက်) မှ တနင်္ဂနွေနေ့ (မတ်လ ၁၆ ရက်) နေ့လယ်ထိအတွင်း လေဆင်နှာမောင်း (၃၉)ကြိမ်ဖြစ်ပွားခဲ့တယ်လို့ အမျိုးသားမိုးလေဝသဌာန မိုးလေဝသ ခန့်မှန်းချက်စင်တာမှ ထုတ်ပြန်ချက်အရ သိရပါတယ်။

zawgyi version
အေမရိကန္မွာ ျပင္းထန္ရာသီဥတုေၾကာင့္ ေသဆုံးသူ(၃၆)ဦးအထိ တိုးလာ
ေရာင္နီ (NP News) - မတ္ ၁၈

အေမရိကန္ႏိုင္ငံ၊ ပန္နီေဆးလ္ေဗးယား၊ နယူးေယာက္ခ္၊ အလယ္ပိုင္း အတၱလန္တိတ္နဲ႔ အေရွ႕ေတာင္ဘက္ျပည္နယ္ အစိတ္အပိုင္းေတြမွာ ေလဆင္ႏွာေမာင္း တိုက္ခတ္မႈေၾကာင့္ ေသဆုံးသူ (၃၆)ဦးအထိ ျမင့္တက္ခဲ့ပါတယ္။

အိမ္ျဖဴေတာ္ရဲ႕ထုတ္ျပန္ခ်က္အရ သမၼတေဒၚနယ္ထရမ့္က ေလဆင္ႏွာေမာင္းနဲ႔ မုန္တိုင္းေတြကို ေစာင့္ၾကည့္ေနၿပီး အာကန္းဆက္မွာ National Guard တပ္ျဖန႔္ထားကာ ျပည္နယ္နဲ႔ ေဒသဆိုင္ရာ တာဝန္ရွိသူေတြကို အကူအညီေပးဖို႔ ကတိျပဳထားတယ္လို႔ ဆိုပါတယ္။ ေတာင္ပိုင္းနဲ႔ အေနာက္အလယ္ပိုင္းမွာ တိုက္ခတ္ေနတဲ့ ေလဆင္ႏွေမာင္း မုန္တိုင္းေတြဟာ တနဂၤေႏြ (မတ္ ၁၆ ရက္)မွာ အေရွ႕အရပ္ဘက္ဆီ ဦးတည္သြားခဲ့ပါတယ္။ မုန္တိုင္းေၾကာင့္ တနဂၤေႏြ(မတ္လ ၁၆ ရက္) မြန္းလြဲပိုင္းအထိ မုန္တိုင္းဒဏ္ခံ ေဒသေတြမွာ လူေပါင္း (၃၄၀,၀၀၀)ေက်ာ္ လွ်ပ္စစ္မီးျပတ္ေတာက္သြားခဲ့တယ္လို႔PowerOutage ဝက္ဘ္ဆိုက္အရ သိရပါတယ္။

မစ္ဇိုရီျပည္နယ္ကေတာ့ မုန္တိုင္းေၾကာင့္ လူေသဆုံးမႈ အမ်ားဆုံးျဖစ္ၿပီး ခ႐ိုင္ငါးခုမွာ ေသဆုံးသူ (၁၂)ဦးရွိတယ္လို႔ ျပည္နယ္အုပ္ခ်ဳပ္ေရးမႉးက ဆိုပါတယ္။ မစ္ဆူရီမွာေတာ့ ခ႐ိုင္အတြင္း အိမ္ (၅၀၀) ေက်ာ္၊ ဘုရားေက်ာင္းနဲ႔ ကုန္စုံဆိုင္ တစ္ဆိုင္ ပ်က္စီးခဲ့တယ္လို႔ သိရပါတယ္။ ျပင္းထန္ ဖုန္မႈန႔္မုန္တိုင္းေၾကာင့္ ကန္းဆက္ရွိ ရွာမန္ေကာင္တီမွာ ကား (၅၀)ေက်ာ္ ယာဥ္တိုက္မႈျဖစ္ၿပီး ေသဆုံးသူ ရွစ္ဦး ရွိခဲ့ပါတယ္။ အလာဘားမားမွာလည္း လူႏွစ္ဦးထက္မနည္း ေသဆုံးခဲ့ၿပီး တကၠဆက္ျပည္နယ္မွာေတာ့ လူသုံးဦး ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ သီတင္းပတ္ ေသာၾကာေန႔(မတ္လ ၁၄ ရက္) မွ တနဂၤေႏြေန႔ (မတ္လ ၁၆ ရက္) ေန႔လယ္ထိအတြင္း ေလဆင္ႏွာေမာင္း (၃၉)ႀကိမ္ျဖစ္ပြားခဲ့တယ္လို႔ အမ်ိဳးသားမိုးေလဝသဌာန မိုးေလဝသ ခန႔္မွန္းခ်က္စင္တာမွ ထုတ္ျပန္ခ်က္အရ သိရပါတယ္။

Related news

© 2021. All rights reserved.