ဂါဇာအပေါ် အစ္စရေးရဲ့တိုက်ခိုက်မှုတွေကို အာရပ်နိုင်ငံတွေနဲ့နိုင်ငံတကာအသိုင်းအဝိုင်းက ပြစ်တင်ရှုတ်ချ

199

Pika (NP New) - မတ် ၁၉
ဂါဇာကမ်းမြောင်ဒေသအပေါ် အစ္စရေးရဲ့လူအသေအပျောက်များစေခဲ့တဲ့တိုက်ခိုက်မှုတွေကို အာရပ်နိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းတို့က ပြစ်တင်ရှုတ်ချခဲ့တယ်လို့ သိရပါတယ်။ ရန်လိုမှုတွေကို ရပ်တန့်ဖို့နဲ့ အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်ကို ဆက်လက်အကောင်အထည်ဖော်ဖို့ အာရပ်နိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက တိုက်တွန်းမှုတွေ ရှိနေချိန်မှာပဲ အစ္စရေးရဲ့တိုက်ခိုက်မှုတွေ ပြန်လည်ထွက်ပေါ်လာတာဖြစ်ပါတယ်။
အစ္စရေးရဲ့လေကြောင်းကနေတိုက်ခိုက်မှုတွေကြောင့် ဂါဇာကမ်းမြောင်ဒေသမှာ အနည်းဆုံးလူ(၃၂၆)ဦး သေဆုံးခဲ့ တယ်လို့ ပါလက်စတိုင်းကျန်းမာရေးအာဏာပိုင်တွေက မတ်လ(၁၈)ရက်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အစ္စရေးရဲ့တိုက်ခိုက်မှုတွေနဲ့အတူ ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ဆက်လက် သက်တမ်းတိုးဖို့ ကြိုးပမ်းမှုတွေအားလုံး ပျက်ပြယ်သွားခဲ့ရတယ်လို့လည်း သိရပါတယ်။ ဂါဇာကမ်းမြောင်ဒေသ အပေါ် အစ္စရေးရဲ့တိုက်ခိုက်မှုတွေကို အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြစ်တင်ရှုတ်ချခဲ့ပြီး အစ္စရေးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ(၁၉)ရက်က စတင်အသက်ဝင်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခဲ့တာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနက “အစ္စရေးရဲ့တိုက်ခိုက်မှုတွေဟာ ဒေသအတွင်းတည်ငြိမ်ရေးအတွက် ဆိုးရွားတဲ့ အကျိုးဆက်တွေကို ယူဆောင်လာစေမယ့် လုပ်ရပ်တွေပဲဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ဂါဇာအေပၚ အစၥေရးရဲ႕တိုက္ခိုက္မႈေတြကို အာရပ္ႏိုင္ငံေတြနဲ႔ႏိုင္ငံတကာအသိုင္းအဝိုင္းက ျပစ္တင္ရႈတ္ခ်
Pika (NP New) - မတ္ ၁၉
ဂါဇာကမ္းေျမာင္ေဒသအေပၚ အစၥေရးရဲ႕လူအေသအေပ်ာက္မ်ားေစခဲ့တဲ့တိုက္ခိုက္မႈေတြကို အာရပ္ႏိုင္ငံေတြနဲ႔ ႏိုင္ငံတကာအသိုင္းအဝိုင္းတို႔က ျပစ္တင္ရႈတ္ခ်ခဲ့တယ္လို႔ သိရပါတယ္။ ရန္လိုမႈေတြကို ရပ္တန႔္ဖို႔နဲ႔ အပစ္အခတ္ ရပ္စဲေရးသေဘာတူညီခ်က္ကို ဆက္လက္အေကာင္အထည္ေဖာ္ဖို႔ အာရပ္ႏိုင္ငံေတြနဲ႔ ႏိုင္ငံတကာအသိုင္းအဝိုင္းက တိုက္တြန္းမႈေတြ ရွိေနခ်ိန္မွာပဲ အစၥေရးရဲ႕တိုက္ခိုက္မႈေတြ ျပန္လည္ထြက္ေပၚလာတာျဖစ္ပါတယ္။
အစၥေရးရဲ႕ေလေၾကာင္းကေနတိုက္ခိုက္မႈေတြေၾကာင့္ ဂါဇာကမ္းေျမာင္ေဒသမွာ အနည္းဆုံးလူ(၃၂၆)ဦး ေသဆုံးခဲ့ တယ္လို႔ ပါလက္စတိုင္းက်န္းမာေရးအာဏာပိုင္ေတြက မတ္လ(၁၈)ရက္မွာ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
အစၥေရးရဲ႕တိုက္ခိုက္မႈေတြနဲ႔အတူ ဂါဇာကမ္းေျမာင္ေဒသ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ကို ဆက္လက္ သက္တမ္းတိုးဖို႔ ႀကိဳးပမ္းမႈေတြအားလုံး ပ်က္ျပယ္သြားခဲ့ရတယ္လို႔လည္း သိရပါတယ္။ ဂါဇာကမ္းေျမာင္ေဒသ အေပၚ အစၥေရးရဲ႕တိုက္ခိုက္မႈေတြကို အီဂ်စ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ျပစ္တင္ရႈတ္ခ်ခဲ့ၿပီး အစၥေရးဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီလ(၁၉)ရက္က စတင္အသက္ဝင္ခဲ့တဲ့ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ကို ျပင္းျပင္းထန္ထန္ ခ်ိဳးေဖာက္ခဲ့တာျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။
အီဂ်စ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက “အစၥေရးရဲ႕တိုက္ခိုက္မႈေတြဟာ ေဒသအတြင္းတည္ၿငိမ္ေရးအတြက္ ဆိုး႐ြားတဲ့ အက်ိဳးဆက္ေတြကို ယူေဆာင္လာေစမယ့္ လုပ္ရပ္ေတြပဲျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။