တောင်ကိုရီးယား၊ ဂျပန် နဲ့ တရုတ်တို့ရဲ့နိုင်ငံခြားရေးဝန်ကြီးတွေ လာမယ့်ရက်ပိုင်းအတွင်း တွေ့ဆုံမယ်

 142

Pika (NP New) - မတ် ၁၉

တောင်ကိုရီးယား၊ ဂျပန် နဲ့ တရုတ်တို့ရဲ့နိုင်ငံခြားရေးဝန်ကြီးတွေဟာ လာမယ့်မတ်လ(၂၂)ရက်မှာ တိုကျိုမြို့မှာ တွေ့ဆုံမှုတွေလုပ်ဆောင်သွားမယ်လို့ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Cho Tae-yul ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနဲ့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီး တာကာရှီအိုင်ဝါယာတို့ဟာ သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှုကိုဆွေးနွေးသွားမှာဖြစ်ပြီး ဒေသတွင်းနဲ့ နိုင်ငံတကာအခြေအနေတွေ အပါအဝင် ကဏ္ဍစုံမှာ အမြင်ချင်းဖလှယ်မယ်မှုတွေ လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။
တရုတ်၊ တောင်ကိုရီးယား နဲ့ ဂျပန်တို့ရဲ့ခေါင်းဆောင်တွေဟာ ပြီးခဲ့တဲ့နှစ်မေလမှာ တွေ့ဆုံဆွေးနွေးမှုတွေကို လုပ်ဆောင်ခဲ့ပြီးနောက် ယခုလိုတွေ့ဆုံဆွေးနွေးမှုတွေ ထပ်မံလုပ်ဆောင်ဖို့ အစီအစဉ်တွေ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
တရုတ်၊ တောင်ကိုရီးယား နဲ့ ဂျပန်တို့ရဲ့နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ နောက်ဆုံး သုံးနိုင်ငံအစည်းအဝေးကို (၂၀၂၃) ခုနှစ် နိုဝင်ဘာလမှာ တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှာ ကျင်းပခဲ့တာဖြစ်တယ်လို့ တောင်ကိုရီးယားနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် Cho Tae-yul ဟာ သုံးနိုင်ငံတွေ့ဆုံပွဲအပြီးမှာ ဝမ်ယီ၊ တာကာရှီ အိုင်ယာဝါတို့နဲ့အတူ သီးခြားတွေ့ဆုံမှုတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ တောင်ကိုရီးယားနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

Zawgyi Version:
ေတာင္ကိုရီးယား၊ ဂ်ပန္ နဲ႔ တ႐ုတ္တို႔ရဲ႕ႏိုင္ငံျခားေရးဝန္ႀကီးေတြ လာမယ့္ရက္ပိုင္းအတြင္း ေတြ႕ဆုံမယ္
Pika (NP New) - မတ္ ၁၉

ေတာင္ကိုရီးယား၊ ဂ်ပန္ နဲ႔ တ႐ုတ္တို႔ရဲ႕ႏိုင္ငံျခားေရးဝန္ႀကီးေတြဟာ လာမယ့္မတ္လ(၂၂)ရက္မွာ တိုက်ိဳၿမိဳ႕မွာ ေတြ႕ဆုံမႈေတြလုပ္ေဆာင္သြားမယ္လို႔ ေတာင္ကိုရီးယားႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ခဲ့ပါတယ္။
ေတာင္ကိုရီးယားႏိုင္ငံျခားေရးဝန္ႀကီး Cho Tae-yul ၊ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယီနဲ႔ ဂ်ပန္ႏိုင္ငံျခားေရး ဝန္ႀကီး တာကာရွီအိုင္ဝါယာတို႔ဟာ သုံးႏိုင္ငံပူးေပါင္းေဆာင္႐ြက္မႈကိုေဆြးေႏြးသြားမွာျဖစ္ၿပီး ေဒသတြင္းနဲ႔ ႏိုင္ငံတကာအေျခအေနေတြ အပါအဝင္ က႑စုံမွာ အျမင္ခ်င္းဖလွယ္မယ္မႈေတြ လုပ္ေဆာင္သြားမယ္လို႔လည္း သိရပါတယ္။
တ႐ုတ္၊ ေတာင္ကိုရီးယား နဲ႔ ဂ်ပန္တို႔ရဲ႕ေခါင္းေဆာင္ေတြဟာ ၿပီးခဲ့တဲ့ႏွစ္ေမလမွာ ေတြ႕ဆုံေဆြးေႏြးမႈေတြကို လုပ္ေဆာင္ခဲ့ၿပီးေနာက္ ယခုလိုေတြ႕ဆုံေဆြးေႏြးမႈေတြ ထပ္မံလုပ္ေဆာင္ဖို႔ အစီအစဥ္ေတြ ထြက္ေပၚလာတာလည္း ျဖစ္ပါတယ္။
တ႐ုတ္၊ ေတာင္ကိုရီးယား နဲ႔ ဂ်ပန္တို႔ရဲ႕ႏိုင္ငံျခားေရးဝန္ႀကီးေတြရဲ႕ ေနာက္ဆုံး သုံးႏိုင္ငံအစည္းအေဝးကို (၂၀၂၃) ခုႏွစ္ ႏိုဝင္ဘာလမွာ ေတာင္ကိုရီးယားႏိုင္ငံ ဘူဆန္ၿမိဳ႕မွာ က်င္းပခဲ့တာျဖစ္တယ္လို႔ ေတာင္ကိုရီးယားႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ Cho Tae-yul ဟာ သုံးႏိုင္ငံေတြ႕ဆုံပြဲအၿပီးမွာ ဝမ္ယီ၊ တာကာရွီ အိုင္ယာဝါတို႔နဲ႔အတူ သီးျခားေတြ႕ဆုံမႈေတြ လုပ္ေဆာင္သြားမွာျဖစ္တယ္လို႔ ေတာင္ကိုရီးယားႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.