စွမ်းအင်နဲ့ အခြေခံအဆောက်အဦးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို ရုရှားနဲ့ အမေရိကန်သမ္မတတို့ သဘောတူ

 93

Pika (NP New) - မတ် ၁၉

ယူကရိန်းပဋိပက္ခအဆုံးသတ်ရေး ပထမဆုံးခြေလှမ်းဟာ စွမ်းအင်နဲ့ အခြေခံအဆောက်အဦးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးဖြစ်သင့်တယ်ဆိုတာကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတပူတင်တို့က သဘောတူညီခဲ့ တယ်လို့ အမေရိကန်အစိုးရက သတင်းထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်နဲ့ ပူတင်တို့ဟာ အချိန်(၂)နာရီခွဲကြာ ဖုန်းခေါ်ဆိုမှုအတွင်း အဲဒီသဘောတူညီချက်ကို ရရှိခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။ အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦးရဲ့ပြောကြားချက်အရ ဒေါ်နယ်ထရမ့်နဲ့ ပူတင်တို့ဟာ ယူကရိန်းပဋိပက္ခကို အပြီးသတ်ငြိမ်းချမ်းရေးနဲ့ အဆုံးသတ်ဖို့ သဘောတူညီခဲ့ကြတယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် ၎င်းတို့နှစ်ဦးစလုံးဟာ နှစ်နိုင်ငံကြားအပြန်အလှန်ဆက်ဆံရေး ခိုင်မာမှုရဲ့အရေးကြီးမှုတွေကို အလေးပေး ပြောကြားခဲ့ကြတယ်လို့လည်း သိရပါတယ်။ ထုတ်ပြန်ချက်မှာ “ငြိမ်းချမ်းရေးအတွက် လှုပ်ရှားမှုကို စွမ်းအင်နဲ့ အခြေခံအဆောက်အအုံဆိုင်ရာ အပစ်အခတ်ရပ်စဲရေးအပြင် ပင်လယ်နက်မှာ ရေကြောင်းအပစ်အခတ်ရပ်စဲရေး၊ အပြည့်အဝ အပစ်အခတ်ရပ်စဲရေးနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် နည်းပညာပိုင်းဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုတွေနဲ့ စတင်ဖို့ ဒေါ်နယ်ထရမ့်နဲ့ ပူတင်တို့က သဘောတူညီခဲ့ပါတယ်” လို့ ရေးသားဖော်ပြထားပါတယ်။

ဒါ့ပြင် စွမ်းအင်အခြေခံအဆောက်အဦးဆိုင်ရာတိုက်ခိုက်မှုတွေကို ရက်ပေါင်း(၃၀)ကြာ ရပ်တန့်ဖို့ ရုရှားနဲ့ ယူကရိန်း တို့အတွက် ဒေါ်နယ်ထရမ့်ရဲ့အဆိုပြုချက်ကို ပူတင်က ထောက်ခံခဲ့တယ်လို့ ရုရှားအစိုးရက ထုတ်ပြန်ပြောဆို ခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်နဲ့ ပူတင်တို့ဟာ သက်ဆိုင်ရာစေ့စပ်ညှိနှိုင်းမှုတွေကို အရှေ့အလယ်ပိုင်းဒေသမှာ ချက်ချင်း ကျင်းပဖို့ သဘောတူညီခဲ့ကြတယ်လို့လည်း သိရပါတယ်။

Zawgyi Version:
စြမ္းအင္နဲ႔ အေျခခံအေဆာက္အဦးဆိုင္ရာ အပစ္အခတ္ရပ္စဲေရးကို ႐ုရွားနဲ႔ အေမရိကန္သမၼတတို႔ သေဘာတူ
Pika (NP New) - မတ္ ၁၉

ယူကရိန္းပဋိပကၡအဆုံးသတ္ေရး ပထမဆုံးေျခလွမ္းဟာ စြမ္းအင္နဲ႔ အေျခခံအေဆာက္အဦးဆိုင္ရာ အပစ္အခတ္ ရပ္စဲေရးျဖစ္သင့္တယ္ဆိုတာကို အေမရိကန္သမၼတေဒၚနယ္ထရမ့္နဲ႔ ႐ုရွားသမၼတပူတင္တို႔က သေဘာတူညီခဲ့ တယ္လို႔ အေမရိကန္အစိုးရက သတင္းထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။
ေဒၚနယ္ထရမ့္နဲ႔ ပူတင္တို႔ဟာ အခ်ိန္(၂)နာရီခြဲၾကာ ဖုန္းေခၚဆိုမႈအတြင္း အဲဒီသေဘာတူညီခ်က္ကို ရရွိခဲ့တာ ျဖစ္တယ္လို႔လည္း သိရပါတယ္။ အေမရိကန္အစိုးရတာဝန္ရွိသူတစ္ဦးရဲ႕ေျပာၾကားခ်က္အရ ေဒၚနယ္ထရမ့္နဲ႔ ပူတင္တို႔ဟာ ယူကရိန္းပဋိပကၡကို အၿပီးသတ္ၿငိမ္းခ်မ္းေရးနဲ႔ အဆုံးသတ္ဖို႔ သေဘာတူညီခဲ့ၾကတယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ ၎တို႔ႏွစ္ဦးစလုံးဟာ ႏွစ္ႏိုင္ငံၾကားအျပန္အလွန္ဆက္ဆံေရး ခိုင္မာမႈရဲ႕အေရးႀကီးမႈေတြကို အေလးေပး ေျပာၾကားခဲ့ၾကတယ္လို႔လည္း သိရပါတယ္။ ထုတ္ျပန္ခ်က္မွာ “ၿငိမ္းခ်မ္းေရးအတြက္ လႈပ္ရွားမႈကို စြမ္းအင္နဲ႔ အေျခခံအေဆာက္အအုံဆိုင္ရာ အပစ္အခတ္ရပ္စဲေရးအျပင္ ပင္လယ္နက္မွာ ေရေၾကာင္းအပစ္အခတ္ရပ္စဲေရး၊ အျပည့္အဝ အပစ္အခတ္ရပ္စဲေရးနဲ႔ ထာဝရၿငိမ္းခ်မ္းေရးအတြက္ နည္းပညာပိုင္းဆိုင္ရာ ေစ့စပ္ညႇိႏႈိင္းမႈေတြနဲ႔ စတင္ဖို႔ ေဒၚနယ္ထရမ့္နဲ႔ ပူတင္တို႔က သေဘာတူညီခဲ့ပါတယ္” လို႔ ေရးသားေဖာ္ျပထားပါတယ္။

ဒါ့ျပင္ စြမ္းအင္အေျခခံအေဆာက္အဦးဆိုင္ရာတိုက္ခိုက္မႈေတြကို ရက္ေပါင္း(၃၀)ၾကာ ရပ္တန႔္ဖို႔ ႐ုရွားနဲ႔ ယူကရိန္း တို႔အတြက္ ေဒၚနယ္ထရမ့္ရဲ႕အဆိုျပဳခ်က္ကို ပူတင္က ေထာက္ခံခဲ့တယ္လို႔ ႐ုရွားအစိုးရက ထုတ္ျပန္ေျပာဆို ခဲ့ပါတယ္။ ေဒၚနယ္ထရမ့္နဲ႔ ပူတင္တို႔ဟာ သက္ဆိုင္ရာေစ့စပ္ညႇိႏႈိင္းမႈေတြကို အေရွ႕အလယ္ပိုင္းေဒသမွာ ခ်က္ခ်င္း က်င္းပဖို႔ သေဘာတူညီခဲ့ၾကတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.