ပြင်သစ်က ဂျာမနီနယ်စပ်မှာ နျူကလီးယားဒုံးကျည်တွေတပ်ဆင်ထားမယ့် တိုက်လေယာဉ်တွေကို ဖြန့်ကျက်ချထားတော့မယ်

 112

Pika (NP New) - မတ် ၁၉

ပြင်သစ်အစိုးရဟာ နျူကလီးယားခရုဇ်ဒုံးကျည်တွေ တပ်ဆင်ထားမယ့် Rafaleတိုက်လေယာဉ်တွေ လက်ခံထားရှိဖို့ အတွက် ဂျာမနီနယ်စပ်တစ်လျှောက်က ၎င်းရဲ့အဓိကလေတပ်အခြေစိုက်စခန်းတွေထဲကတစ်ခုကို အဆင့်မြှင့်တင် သွားမယ်လို့ ပြင်သစ်သမ္မတမက်ခရွန်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ပြင်သစ်နိုင်ငံအရှေ့ပိုင်းမှာရှိတဲ့ Luxeuil-Saint-Sauveur လေတပ်အခြေစိုက်စခန်းဟာ (၂၀၁၁)ခုနှစ် မတိုင်ခင် အချိန်အထိ နျူကလီးယားလက်နက်တွေ သိုလှောင်ရာနေရာတစ်ခုဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။ မက်ခရွန်က “Luxeuil လေတပ်အခြေစိုက်စခန်းကို မကြုံစဖူးနည်းလမ်းတွေနဲ့ အဆင့်မြှင့်တင်မှုတွေ လုပ်ဆောင်သွားမှာဖြစ်ပြီး ပြင်သစ်ရဲ့နျူကလီးယားအဟန့်အတားမှာ ၎င်းရဲ့အခန်းကဏ္ဍကို အပြည့်အဝပြန်ရတော့မှာပါ။ (၂၀၃၅)ခုနှစ်မှာ Luxeuil လေတပ်အခြေစိုက်စခန်းဟာ Rafale တိုက်လေယာဉ်ရဲ့နောက်ထပ်ဗားရှင်းနဲ့ ၎င်းရဲ့အသံထက်မြန်တဲ့ နျူကလီးယားဒုံးကျည်တွေကို လက်ခံထားရှိမယ့် ပထမဆုံးအခြေစိုက်စခန်းဖြစ်လာပါလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။

ဒါ့ပြင် Luxeuil လေတပ်အခြေစိုက်စခန်းကို စစ်ဘက်နဲ့အရပ်ဘက်ဝန်ထမ်း(၂၀၀၀)နီးပါးအထိ ထားရှိနိုင်ဖို့အတွက် အရွယ်အစားကို နှစ်ဆခန့် တိုးမြှင့်သွားမှာဖြစ်တယ်လို့လည်း မက်ခရွန်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ပြင်သစ် အစိုးရဟာ Luxeuil လေတပ်အခြေစိုက်စခန်းကို ခေတ်မီစေဖို့ နဲ့ Rafale တိုက်လေယာဉ်မှာယူမှုတွေကို အရှိန် မြှင့်တင်ဖို့အတွက် အမေရိကန်ဒေါ်လာ(၁ ဒသမ ၆၄) ဘီလျံ သုံးစွဲသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ျပင္သစ္က ဂ်ာမနီနယ္စပ္မွာ န်ဴကလီးယားဒုံးက်ည္ေတြတပ္ဆင္ထားမယ့္ တိုက္ေလယာဥ္ေတြကို ျဖန႔္က်က္ခ်ထားေတာ့မယ္
Pika (NP New) - မတ္ ၁၉

ျပင္သစ္အစိုးရဟာ န်ဴကလီးယားခ႐ုဇ္ဒုံးက်ည္ေတြ တပ္ဆင္ထားမယ့္ Rafaleတိုက္ေလယာဥ္ေတြ လက္ခံထားရွိဖို႔ အတြက္ ဂ်ာမနီနယ္စပ္တစ္ေလွ်ာက္က ၎ရဲ႕အဓိကေလတပ္အေျခစိုက္စခန္းေတြထဲကတစ္ခုကို အဆင့္ျမႇင့္တင္ သြားမယ္လို႔ ျပင္သစ္သမၼတမက္ခ႐ြန္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
ျပင္သစ္ႏိုင္ငံအေရွ႕ပိုင္းမွာရွိတဲ့ Luxeuil-Saint-Sauveur ေလတပ္အေျခစိုက္စခန္းဟာ (၂၀၁၁)ခုႏွစ္ မတိုင္ခင္ အခ်ိန္အထိ န်ဴကလီးယားလက္နက္ေတြ သိုေလွာင္ရာေနရာတစ္ခုျဖစ္ခဲ့တယ္လို႔လည္း သိရပါတယ္။ မက္ခ႐ြန္က “Luxeuil ေလတပ္အေျခစိုက္စခန္းကို မႀကဳံစဖူးနည္းလမ္းေတြနဲ႔ အဆင့္ျမႇင့္တင္မႈေတြ လုပ္ေဆာင္သြားမွာျဖစ္ၿပီး ျပင္သစ္ရဲ႕န်ဴကလီးယားအဟန႔္အတားမွာ ၎ရဲ႕အခန္းက႑ကို အျပည့္အဝျပန္ရေတာ့မွာပါ။ (၂၀၃၅)ခုႏွစ္မွာ Luxeuil ေလတပ္အေျခစိုက္စခန္းဟာ Rafale တိုက္ေလယာဥ္ရဲ႕ေနာက္ထပ္ဗားရွင္းနဲ႔ ၎ရဲ႕အသံထက္ျမန္တဲ့ န်ဴကလီးယားဒုံးက်ည္ေတြကို လက္ခံထားရွိမယ့္ ပထမဆုံးအေျခစိုက္စခန္းျဖစ္လာပါလိမ့္မယ္” လို႔ ေျပာခဲ့ပါတယ္။

ဒါ့ျပင္ Luxeuil ေလတပ္အေျခစိုက္စခန္းကို စစ္ဘက္နဲ႔အရပ္ဘက္ဝန္ထမ္း(၂၀၀၀)နီးပါးအထိ ထားရွိႏိုင္ဖို႔အတြက္ အ႐ြယ္အစားကို ႏွစ္ဆခန႔္ တိုးျမႇင့္သြားမွာျဖစ္တယ္လို႔လည္း မက္ခ႐ြန္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ျပင္သစ္ အစိုးရဟာ Luxeuil ေလတပ္အေျခစိုက္စခန္းကို ေခတ္မီေစဖို႔ နဲ႔ Rafale တိုက္ေလယာဥ္မွာယူမႈေတြကို အရွိန္ ျမႇင့္တင္ဖို႔အတြက္ အေမရိကန္ေဒၚလာ(၁ ဒသမ ၆၄) ဘီလ်ံ သုံးစြဲသြားမွာျဖစ္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.