အိမ်မှုကိစ္စများကို လုပ်ဆောင်နိုင်သည့် AI စွမ်းအင်သုံး လူသားပုံစံစက်ရုပ်ကို နော်ဝေးစက်ရုပ်ကုမ္ပဏီတစ်ခု ထုတ်ပြန်ပြသ

509

Pika (NP News)- မတ် ၁၉
နော်ဝေးစက်ရုပ်ကုမ္ပဏီ 1X သည် အဝတ် လျှော်ခြင်း၊ ပြတင်းပေါက်များ သန့်ရှင်းရေးလုပ်ခြင်းနှင့် ဖုန်စုပ်ခြင်းကဲ့သို့သောအိမ်မှုကိစ္စများစွာကို လုပ်ဆောင်နိုင်သည့် AI စွမ်းအင်သုံး လူသားပုံစံစက်ရုပ် NEO Gamma ကို မကြာသေးမီက ထုတ်ပြန်ကြေ ညာခဲ့ကြောင်းသိရသည်။ ပြီးခဲ့သည့်လအနည်းငယ်အတွင်း စက်ရုပ်များနှင့်ပတ်သက်ပြီး အောင်မြင်မှု အချို့ကိုတွေ့မြင်ခဲ့ရပြီးနောက် နော်ဝေးစက်ရုပ်ကုမ္ပ ဏီ၏ အိမ်မှုကိစ္စများကိုလုပ်ဆောင်နိုင်သော လူသားပုံစံစက်ရုပ်ကို ထုတ်ပြန်ကြေညာမှုထွက်ပေါ်လာခြင်း ဖြစ်သည်။
ထို့ပြင် နော်ဝေးစက်ရုပ်ကုမ္ပဏီသည် NEO Gamma စက်ရုပ်ကို လူသားပုံစံပိုပေါက်စေရန် အတွက် ၎င်း၏သတ္တုကိုယ်ထည်ကို ဖုံးကွယ်ထားသည့် နူးညံ့ချောမွေ့သောဝတ်စုံကိုဖန်တီးရန် ဂျပန်ချည်ထိုး စက်များထုတ်လုပ်သည့် Shima Seiki ကုမ္ပဏီနှင့် ပူးပေါင်းခဲ့ ကြောင်း လည်းသိရသည်။ 1X ကုမ္ပဏီ၏အဆိုအရ မကြာသေးမီက ထုတ် ဖော်ပြသခဲ့သော NEO Gamma စက်ရုပ်သည် မြေပြင်မှ အရာဝတ္ထုများကိုကောက်ယူရန်အတွက် ဆောင့်ကြောင့်ထိုင် ခြင်း၊ ကုလား ထိုင်ပေါ်တွင် ထိုင်ခြင်း၊ အိမ်တစ် ဝိုက်တွင် အရာဝတ္ထုများကို နေရာတကျချထားပေးခြင်းနှင့် လက် ဖက်ရည်ခွက်ထဲသို့ လက်ဖက်ရည် ထည့်ပေးခြင်းတို့ကဲ့သို့သော လုပ်ဆောင်မှုအမျိုးမျိုးကို လုပ် ဆောင်နိုင်ကြောင်း သိရသည်။
ထို့ပြင် 1X ကုမ္ပဏီသည် NEO Gamma စက်ရုပ်ကို လူသားများကဲ့သို့ အမျိုးမျိုးသော လှုပ်ရှားမှုများကို လုပ်ဆောင်စေနိုင်ရန်အတွက် လေ့ကျင့်ပေးရန် လူသား၏လှုပ်ရှားမှု ဖမ်းယူသည့် ဒေတာအချက် အလက်များကိုအသုံးပြု ထားကြောင်းလည်းသိရ သည်။ NEO Gamma စက်ရုပ်တွင် အသုံးပြုထားသည့် မိုက်ခရိုဖုန်း(၄)ခုကြောင့် ၎င်းသည် လူသားအ သုံးပြုသူများ၏အမိန့် များကို တုံ့ပြန်မှုများ လုပ်ဆောင် နိုင်ကြောင်းလည်း သိရသည်။
NEO Gamma စက်ရုပ်သည် ရိုးရှင်းသောစကားပြောဆိုမှုများကိုတုံ့ပြန်နိုင်ပြီး ၎င်း၏တင်ပါးဆုံနေရာရှိစပီကာမှတစ်ဆင့် သီချင်းများဖွင့် နိုင်ကြောင်းလည်း သိရသည်။ 1X ကုမ္ပဏီစီအီးအို Bernd Bornig က "လာမယ့်အနာဂတ်မှာ ကျွန် တော်တို့အားလုံးဆီမှာ Rosie ဒါမှမဟုတ် Baymax လိုမျိုး အိမ်သုံးစက်ရုပ်တွေရှိလာပါလိမ့်မယ်" ဟုပြောဆိုခဲ့သည်။
zawgyi version
အိမ္မႈကိစၥမ်ားကို လုပ္ေဆာင္ႏိုင္သည့္ AI စြမ္းအင္သုံး လူသားပုံစံစက္႐ုပ္ကို ေနာ္ေဝးစက္႐ုပ္ကုမၸဏီတစ္ခု ထုတ္ျပန္ျပသ
Pika (NP News)- မတ္ ၁၉
ေနာ္ေဝးစက္႐ုပ္ကုမၸဏီ 1X သည္ အဝတ္ ေလွ်ာ္ျခင္း၊ ျပတင္းေပါက္မ်ား သန႔္ရွင္းေရးလုပ္ျခင္းႏွင့္ ဖုန္စုပ္ျခင္းကဲ့သို႔ေသာအိမ္မႈကိစၥမ်ားစြာကို လုပ္ေဆာင္ႏိုင္သည့္ AI စြမ္းအင္သုံး လူသားပုံစံစက္႐ုပ္ NEO Gamma ကို မၾကာေသးမီက ထုတ္ျပန္ေၾက ညာခဲ့ေၾကာင္းသိရသည္။ ၿပီးခဲ့သည့္လအနည္းငယ္အတြင္း စက္႐ုပ္မ်ားႏွင့္ပတ္သက္ၿပီး ေအာင္ျမင္မႈ အခ်ိဳ႕ကိုေတြ႕ျမင္ခဲ့ရၿပီးေနာက္ ေနာ္ေဝးစက္႐ုပ္ကုမၸ ဏီ၏ အိမ္မႈကိစၥမ်ားကိုလုပ္ေဆာင္ႏိုင္ေသာ လူသားပုံစံစက္႐ုပ္ကို ထုတ္ျပန္ေၾကညာမႈထြက္ေပၚလာျခင္း ျဖစ္သည္။
ထို႔ျပင္ ေနာ္ေဝးစက္႐ုပ္ကုမၸဏီသည္ NEO Gamma စက္႐ုပ္ကို လူသားပုံစံပိုေပါက္ေစရန္ အတြက္ ၎၏သတၱဳကိုယ္ထည္ကို ဖုံးကြယ္ထားသည့္ ႏူးညံ့ေခ်ာေမြ႕ေသာဝတ္စုံကိုဖန္တီးရန္ ဂ်ပန္ခ်ည္ထိုး စက္မ်ားထုတ္လုပ္သည့္ Shima Seiki ကုမၸဏီႏွင့္ ပူးေပါင္းခဲ့ ေၾကာင္း လည္းသိရသည္။ 1X ကုမၸဏီ၏အဆိုအရ မၾကာေသးမီက ထုတ္ ေဖာ္ျပသခဲ့ေသာ NEO Gamma စက္႐ုပ္သည္ ေျမျပင္မွ အရာဝတၳဳမ်ားကိုေကာက္ယူရန္အတြက္ ေဆာင့္ေၾကာင့္ထိုင္ ျခင္း၊ ကုလား ထိုင္ေပၚတြင္ ထိုင္ျခင္း၊ အိမ္တစ္ ဝိုက္တြင္ အရာဝတၳဳမ်ားကို ေနရာတက်ခ်ထားေပးျခင္းႏွင့္ လက္ ဖက္ရည္ခြက္ထဲသို႔ လက္ဖက္ရည္ ထည့္ေပးျခင္းတို႔ကဲ့သို႔ေသာ လုပ္ေဆာင္မႈအမ်ိဳးမ်ိဳးကို လုပ္ ေဆာင္ႏိုင္ေၾကာင္း သိရသည္။
ထို႔ျပင္ 1X ကုမၸဏီသည္ NEO Gamma စက္႐ုပ္ကို လူသားမ်ားကဲ့သို႔ အမ်ိဳးမ်ိဳးေသာ လႈပ္ရွားမႈမ်ားကို လုပ္ေဆာင္ေစႏိုင္ရန္အတြက္ ေလ့က်င့္ေပးရန္ လူသား၏လႈပ္ရွားမႈ ဖမ္းယူသည့္ ေဒတာအခ်က္ အလက္မ်ားကိုအသုံးျပဳ ထားေၾကာင္းလည္းသိရ သည္။ NEO Gamma စက္႐ုပ္တြင္ အသုံးျပဳထားသည့္ မိုက္ခ႐ိုဖုန္း(၄)ခုေၾကာင့္ ၎သည္ လူသားအ သုံးျပဳသူမ်ား၏အမိန႔္ မ်ားကို တုံ႔ျပန္မႈမ်ား လုပ္ေဆာင္ ႏိုင္ေၾကာင္းလည္း သိရသည္။
NEO Gamma စက္႐ုပ္သည္ ႐ိုးရွင္းေသာစကားေျပာဆိုမႈမ်ားကိုတုံ႔ျပန္ႏိုင္ၿပီး ၎၏တင္ပါးဆုံေနရာရွိစပီကာမွတစ္ဆင့္ သီခ်င္းမ်ားဖြင့္ ႏိုင္ေၾကာင္းလည္း သိရသည္။ 1X ကုမၸဏီစီအီးအို Bernd Bornig က "လာမယ့္အနာဂတ္မွာ ကြၽန္ ေတာ္တို႔အားလုံးဆီမွာ Rosie ဒါမွမဟုတ္ Baymax လိုမ်ိဳး အိမ္သုံးစက္႐ုပ္ေတြရွိလာပါလိမ့္မယ္" ဟုေျပာဆိုခဲ့သည္။