ရွေးကောက်ပွဲ အထမြောက်အောင်မြင်ရန်အတွက် လက်နက်ကိုင်များပါဝင်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပသင့်ကြောင်း အကြံပြု

 1149

Pearl (NP News)- မတ် ၁၉

ရွေးကောက်ပွဲ အထမြောက်အောင်မြင်ရန် အတွက် လက်နက်ကိုင်အဖွဲ့အစည်းများပါဝင်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကျင်းပသင့်ကြောင်း ရခိုင့် ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က NP News မှတစ်ဆင့်အကြုံပြု ပြောကြားသည်။

နစကမှ ကျင်းပပေးမည့်ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အပါအဝင် လာရောက် မဲထည့်မည့်ပြည်သူများအားလုံးကို လုံခြုံ မှုရှိစေလိုပြီး အောင်မြင်ပြီးမြောက်သည့်ရွေးကောက် ပွဲတစ်ခုဖြစ်စေလိုကြောင်း ဒေါက်တာအေးမောင်က ဆိုသည်။ တာဝန်ရှိသူများအနေဖြင့်လည်း ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ရာတွင် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိသော်လည်း ရွေးကောက်ပွဲ အောင်မြင်အထမြောက်စေရန် ကူညီပံ့ပိုးရမည့် အခြားအကြောင်း အရင်းများကိုလည်း ရှာဖွေသင့်ကြောင်း ၎င်းက ပြောသည်။

" ရွေးကောက်ပွဲ အောင်မြင်အထမြောက်စေဖို့ အတွက် ကူညီပံ့ပိုးရမယ့်အကြောင်းအရင်းတွေ ရှာရ မှာ‌ပေါ့။ အကြောင်းရင်းတွေထဲမှာ ရွေးကောက်ပွဲကို ကာကွယ်စောက်ရှောက်တဲ့ ဥပဒေတွေလည်းရှိ ကောင်းရှိနိုင်တာပေါ့။ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ လုံခြုံရေးအဖွဲ့အစည်းတွေကလည်း လိုအပ်တဲ့လုံခြုံမှု ကို ပေးတာမျိုးလည်းရှိရင်ရှိမှာပေါ့။ အန္တရာယ်ကင်း ကင်းနဲ့ ရွေးကောက်ပွဲကျင်းပနိုင်အောင် ခုနကပြောတဲ့ အစီအမံလေးတွေအပြင် အားလုံးပါဝင်နိုင်တဲ့ ဆွေး နွေးပွဲတစ်ခုဆိုရင် ပိုကောင်းမလားပေါ့။ အဲဒါကြောင့် လည်း ရွေးကောက်ပွဲမတိုင်ခင်မှာ လက်နက်ကိုင်နေ ကြတဲ့ပဋိပက္ခမှာပါတဲ့ ပုဂ္ဂိုလ်အားလုံးပါဝင်နိုင်တဲ့ ဆွေးနွေးပွဲတစ်ခု၊ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲ တစ်ခု လုပ်ရင်ပိုကောင်းမယ်ပေါ့။ ဒါမှလည်း ရွေး ကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်အောင် အထောက်အကူ အများကြီးပေးနိုင်မယ်ဆိုတဲ့ သဘောပေါ့။ တစ်နည်းအားဖြင့် ရွေးကောက်ပွဲ မလုပ် ခင်လေးမှာ လက်နက်ကိုင်ပဋိပက္ခမှာပါတဲ့ ပုဂ္ဂိုလ်တွေ လာရောက်တွေ့ဆုံ ဆွေးနွေးမယ်။ လက်နက်ကိုင်ရတဲ့ အကြောင်းအရင်းတွေကို ဖြေရှင်းမယ်။ လမ်းစရှာမယ် ပေါ့။ အဲဒီလိုနဲ့ရွေးကောက်ပွဲကြီးကို ဖြတ်သန်းမယ်" ဟု ဒေါက်တာအေးမောင်က ပြောသည်။

ရွေးကောက်ပွဲမတိုင်မီကာလ၌ ငြိမ်းချမ်း ရေးဆွေးနွေးပွဲဆောင်ရွက်ခြင်းဖြင့် ရွေးကောက်ပွဲ၏ လုံခြုံမှု၊ အားလုံးပါဝင်နိုင်မှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။"ရွေး ကောက်ပွဲကြီးအလွန်မှာ အေးချမ်း သွားအောင်၊ ငြိမ်းချမ်းသွားအောင် ဆောင်ရွက်တဲ့ လုပ်ငန်းမပြီးမြောက်သေးရင်လည်း ရွေးကောက်ပွဲအ လွန်မှာထပ်ပြီးတော့ ဆွေးနွေးညှိနှိုင်းနိုင်အောင်၊ တစ် နည်းအားဖြင့် ငြိမ်းချမ်းရေးလုပ်ရမယ့် Process ကတော့ ရွေးကောက်ပွဲမတိုင်ခင် အဲဒီလိုလုပ်ခြင်းအား ဖြင့် ရွေးကောက်ပွဲရဲ့လုံခြုံမှု၊ အားလုံးပါဝင်နိုင်မှုကို အထောက်အကူပေးနိုင်မယ်ဆိုတဲ့ သဘောပါ။ မပြီး မြောက်သေးရင်တောင်မှ ရွေးကောက်ပွဲကာလအလွန်လာမယ့်အစိုးရက ဆက်လက်ဆောင်ရွက်သင့် တယ်" ဟု ၎င်းက ဆက်လက်ပြောသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ဆက်လက်၍လည်း လွတ်လပ်စွာဆွေးနွေးပြောဆိုကြရန် ကမ်းလှမ်းထားကာ ထာဝရငြိမ်းချမ်းရေးအတွက် အစဉ်အမြဲ တံခါးဖွင့်ကြိုဆိုလျက်ရှိကြောင်းသိရသည်။

zawgyi version
ေ႐ြးေကာက္ပြဲ အထေျမာက္ေအာင္ျမင္ရန္အတြက္ လက္နက္ကိုင္မ်ားပါဝင္ေသာ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲက်င္းပသင့္ေၾကာင္း အႀကံျပဳ
Pearl (NP News)- မတ္ ၁၉

ေ႐ြးေကာက္ပြဲ အထေျမာက္ေအာင္ျမင္ရန္ အတြက္ လက္နက္ကိုင္အဖြဲ႕အစည္းမ်ားပါဝင္ေသာ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲကို က်င္းပသင့္ေၾကာင္း ရခိုင့္ ဦးေဆာင္ပါတီ ဥကၠ႒ ေဒါက္တာေအးေမာင္က NP News မွတစ္ဆင့္အႀကဳံျပဳ ေျပာၾကားသည္။

နစကမွ က်င္းပေပးမည့္ေ႐ြးေကာက္ပြဲတြင္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ား အပါအဝင္ လာေရာက္ မဲထည့္မည့္ျပည္သူမ်ားအားလုံးကို လုံၿခဳံ မႈရွိေစလိုၿပီး ေအာင္ျမင္ၿပီးေျမာက္သည့္ေ႐ြးေကာက္ ပြဲတစ္ခုျဖစ္ေစလိုေၾကာင္း ေဒါက္တာေအးေမာင္က ဆိုသည္။ တာဝန္ရွိသူမ်ားအေနျဖင့္လည္း ေ႐ြးေကာက္ပြဲက်င္းပႏိုင္ေရးအတြက္ ႀကိဳတင္ျပင္ဆင္မႈမ်ားေဆာင္႐ြက္ရာတြင္ တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ တရားဥပေဒစိုးမိုးေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ လ်က္ရွိေသာ္လည္း ေ႐ြးေကာက္ပြဲ ေအာင္ျမင္အထေျမာက္ေစရန္ ကူညီပံ့ပိုးရမည့္ အျခားအေၾကာင္း အရင္းမ်ားကိုလည္း ရွာေဖြသင့္ေၾကာင္း ၎က ေျပာသည္။

" ေ႐ြးေကာက္ပြဲ ေအာင္ျမင္အထေျမာက္ေစဖို႔ အတြက္ ကူညီပံ့ပိုးရမယ့္အေၾကာင္းအရင္းေတြ ရွာရ မွာ‌ေပါ့။ အေၾကာင္းရင္းေတြထဲမွာ ေ႐ြးေကာက္ပြဲကို ကာကြယ္ေစာက္ေရွာက္တဲ့ ဥပေဒေတြလည္းရွိ ေကာင္းရွိႏိုင္တာေပါ့။ ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္လို႔ လုံၿခဳံေရးအဖြဲ႕အစည္းေတြကလည္း လိုအပ္တဲ့လုံၿခဳံမႈ ကို ေပးတာမ်ိဳးလည္းရွိရင္ရွိမွာေပါ့။ အႏၲရာယ္ကင္း ကင္းနဲ႔ ေ႐ြးေကာက္ပြဲက်င္းပႏိုင္ေအာင္ ခုနကေျပာတဲ့ အစီအမံေလးေတြအျပင္ အားလုံးပါဝင္ႏိုင္တဲ့ ေဆြး ေႏြးပြဲတစ္ခုဆိုရင္ ပိုေကာင္းမလားေပါ့။ အဲဒါေၾကာင့္ လည္း ေ႐ြးေကာက္ပြဲမတိုင္ခင္မွာ လက္နက္ကိုင္ေန ၾကတဲ့ပဋိပကၡမွာပါတဲ့ ပုဂၢိဳလ္အားလုံးပါဝင္ႏိုင္တဲ့ ေဆြးေႏြးပြဲတစ္ခု၊ ၿငိမ္းခ်မ္းေရးအတြက္ ေဆြးေႏြးပြဲ တစ္ခု လုပ္ရင္ပိုေကာင္းမယ္ေပါ့။ ဒါမွလည္း ေ႐ြး ေကာက္ပြဲကို ေအာင္ျမင္စြာက်င္းပႏိုင္ေအာင္ အေထာက္အကူ အမ်ားႀကီးေပးႏိုင္မယ္ဆိုတဲ့ သေဘာေပါ့။ တစ္နည္းအားျဖင့္ ေ႐ြးေကာက္ပြဲ မလုပ္ ခင္ေလးမွာ လက္နက္ကိုင္ပဋိပကၡမွာပါတဲ့ ပုဂၢိဳလ္ေတြ လာေရာက္ေတြ႕ဆုံ ေဆြးေႏြးမယ္။ လက္နက္ကိုင္ရတဲ့ အေၾကာင္းအရင္းေတြကို ေျဖရွင္းမယ္။ လမ္းစရွာမယ္ ေပါ့။ အဲဒီလိုနဲ႔ေ႐ြးေကာက္ပြဲႀကီးကို ျဖတ္သန္းမယ္" ဟု ေဒါက္တာေအးေမာင္က ေျပာသည္။

ေ႐ြးေကာက္ပြဲမတိုင္မီကာလ၌ ၿငိမ္းခ်မ္း ေရးေဆြးေႏြးပြဲေဆာင္႐ြက္ျခင္းျဖင့္ ေ႐ြးေကာက္ပြဲ၏ လုံၿခဳံမႈ၊ အားလုံးပါဝင္ႏိုင္မႈကို တစ္ဖက္တစ္လမ္းမွ အေထာက္အကူေပးႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။"ေ႐ြး ေကာက္ပြဲႀကီးအလြန္မွာ ေအးခ်မ္း သြားေအာင္၊ ၿငိမ္းခ်မ္းသြားေအာင္ ေဆာင္႐ြက္တဲ့ လုပ္ငန္းမၿပီးေျမာက္ေသးရင္လည္း ေ႐ြးေကာက္ပြဲအ လြန္မွာထပ္ၿပီးေတာ့ ေဆြးေႏြးညႇိႏႈိင္းႏိုင္ေအာင္၊ တစ္ နည္းအားျဖင့္ ၿငိမ္းခ်မ္းေရးလုပ္ရမယ့္ Process ကေတာ့ ေ႐ြးေကာက္ပြဲမတိုင္ခင္ အဲဒီလိုလုပ္ျခင္းအား ျဖင့္ ေ႐ြးေကာက္ပြဲရဲ႕လုံၿခဳံမႈ၊ အားလုံးပါဝင္ႏိုင္မႈကို အေထာက္အကူေပးႏိုင္မယ္ဆိုတဲ့ သေဘာပါ။ မၿပီး ေျမာက္ေသးရင္ေတာင္မွ ေ႐ြးေကာက္ပြဲကာလအလြန္လာမယ့္အစိုးရက ဆက္လက္ေဆာင္႐ြက္သင့္ တယ္" ဟု ၎က ဆက္လက္ေျပာသည္။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအေနျဖင့္တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ ေတြ႕ဆုံ ေဆြးေႏြးမႈမ်ားျပဳလုပ္ခဲ့ၿပီး ဆက္လက္၍လည္း လြတ္လပ္စြာေဆြးေႏြးေျပာဆိုၾကရန္ ကမ္းလွမ္းထားကာ ထာဝရၿငိမ္းခ်မ္းေရးအတြက္ အစဥ္အၿမဲ တံခါးဖြင့္ႀကိဳဆိုလ်က္ရွိေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.