အမြန်လမ်းပိုင်းမှ နေရာ သုံးနေရာ ကို PDF အဖွဲ့ က ပစ်ခတ်မှု ပြုလုပ်ရာ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ကြောင်း ကနဦး သိရ

 3600

သုတကျော် (NP News) – မတ် ၁၉
ရန်ကုန် - မန္တလေး အမြန်လမ်းပိုင်းမှ နေရာ သုံးနေရာ ကို PDF အဖွဲ့ က ပစ်ခတ်မှု ပြုလုပ်ခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေး တပ်ဖွဲ့ နှင့် နီးစပ်သူများထံ မေးမြန်းထားသော အချက်အလက်များ အရ ကနဦး သိရသည်။
PDF အဖွဲ့များသည် အမြန်လမ်းမကြီး မိုင်တိုင်မှတ် ၃၁၈ မိုင်၊ ၃၁၉ မိုင် နှင့် ၃၂၁ မိုင် တို့ အနီးတွင် ယနေ့ (မတ်လ ၁၉ ရက်) နေ့လည်ပိုင်းက ပစ်ခတ်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“သုံးနေရာကို မိနစ်ပိုင်းပဲ ခြားတယ် တပြိုင်နက်တည်း တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ တိုက်ပွဲငယ် ပုံစံ အပြန်အလှန် ပစ်တာပါ။ နေ့လည် ၁ နာရီလောက်မှာ စစ်ကြောင်းရောက်ပြီးတော့ လိုက်လံ ရှင်းလင်းတယ်လို့ သိရပါတယ်” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း အမြန်လမ်းပေါ်သို့ လက်နက်ကိုင် အဖွဲ့ အချို့ တက်ရောက်ခဲ့ခြင်းများ ရှိခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version:
အျမန္လမ္းပိုင္းမွ ေနရာ သုံးေနရာ ကို PDF အဖြဲ႕ က ပစ္ခတ္မႈ ျပဳလုပ္ရာ ထိေတြ႕တိုက္ပြဲ ျဖစ္ခဲ့ေၾကာင္း ကနဦး သိရ
သုတေက်ာ္ (NP News) – မတ္ ၁၉
ရန္ကုန္ - မႏၲေလး အျမန္လမ္းပိုင္းမွ ေနရာ သုံးေနရာ ကို PDF အဖြဲ႕ က ပစ္ခတ္မႈ ျပဳလုပ္ခဲ့ရာ လုံၿခဳံေရး တပ္ဖြဲ႕ ႏွင့္ ထိေတြ႕တိုက္ပြဲ ျဖစ္ပြားခဲ့ေၾကာင္း လုံၿခဳံေရး တပ္ဖြဲ႕ ႏွင့္ နီးစပ္သူမ်ားထံ ေမးျမန္းထားေသာ အခ်က္အလက္မ်ား အရ ကနဦး သိရသည္။
PDF အဖြဲ႕မ်ားသည္ အျမန္လမ္းမႀကီး မိုင္တိုင္မွတ္ ၃၁၈ မိုင္၊ ၃၁၉ မိုင္ ႏွင့္ ၃၂၁ မိုင္ တို႔ အနီးတြင္ ယေန႔ (မတ္လ ၁၉ ရက္) ေန႔လည္ပိုင္းက ပစ္ခတ္မႈ ျပဳလုပ္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
“သုံးေနရာကို မိနစ္ပိုင္းပဲ ျခားတယ္ တၿပိဳင္နက္တည္း တိုက္ခိုက္ခဲ့တာလို႔ သိရပါတယ္။ တိုက္ပြဲငယ္ ပုံစံ အျပန္အလွန္ ပစ္တာပါ။ ေန႔လည္ ၁ နာရီေလာက္မွာ စစ္ေၾကာင္းေရာက္ၿပီးေတာ့ လိုက္လံ ရွင္းလင္းတယ္လို႔ သိရပါတယ္” ဟု ၎က ဆိုသည္။
ၿပီးခဲ့သည့္ ရက္ပိုင္းကလည္း အျမန္လမ္းေပၚသို႔ လက္နက္ကိုင္ အဖြဲ႕ အခ်ိဳ႕ တက္ေရာက္ခဲ့ျခင္းမ်ား ရွိခဲ့ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.