သန်းထိုက်စိုး (NP News) - မတ် ၂၁
လူတစ်ဦးဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုဖြစ်စေ၊ နိုင်ငံတစ်နိုင်ငံဖြစ်စေ တစ်ဖက်ပုဂ္ဂိုလ်၊ တစ်ဖက် အဖွဲ့အစည်းနှင့် တစ်ဖက်နိုင်ငံအပေါ် ဩဇာလွှမ်းမိုးနိုင်ရေး ကြိုးပမ်းလေ့ရှိကြသည်မှာ ဓမ္မတာပင်ဖြစ် သည်။ ထိုသို့ကြိုးပမ်းရာတွင် ကျင့်သုံးကြသည့်နည်းနာ အများအပြားရှိနိုင်သော်လည်း ထိရောက်မှုအရှိ ဆုံးမှာ မီဒီယာကို လိမ္မာပါးနပ်စွာအသုံးချခြင်းပင်ဖြစ်သည်။ ယခင်ကမူ ဝါဒဖြန့်ချိရေး (Propaganda) ၊ ပြည်သူ နှင့်တိုက်ရိုက်ထိတွေ့သည့် (public diplomacy) စသည်ဖြင့် ခေါ်ဆိုခဲ့ကြသည်။ မည်သို့ပင် ခေါ် ဆိုသုံး နှုန်းသည်ဖြစ်စေ ဩဇာလွှမ်းမိုးနိုင်ရန် ကြိုးပမ်းခြင်းပင်ဖြစ်သည်။ ယခုအခါ ပုံရိပ်ဖော်ညွှန်းခြင်း (Narrative) နည်းနာကို ကျင့်သုံးလာကြသည်။ Asia Narrative, Western Narrative , European Narrative စသည်အားဖြင့် အမျိုးမျိုးရှိသည်။ ယခုဆောင်းပါးတွင် ယနေ့ ကမ္ဘာကိုလွှမ်းမိုးထားဆဲဖြစ် သည့်အနောက်မီဒီယာများ၏ ပုံရိပ်ဖော်ညွှန်းမှုနှင့် ၎င်းတို့ကျင့်သုံးနေသည့် နည်းနာများကို လေ့လာ တင်ပြမည်ဖြစ်သည်။ ထိုသို့ လေ့လာတင်ပြရခြင်းမှာ ပြည်သူများအနေဖြင့် အနောက်မီဒီယာများ ဖော်ညွှန်းနေ သည့် Western Narrative ၏ လောင်းရိပ်ထိုးခံနေရမှုကိုသိရှိကာ အ ခြားသော Narrative များကိုလည်း ဖတ်ရှုသုံးသပ်ရန် လိုအပ်ကြောင်း သတင်းစကားပါးလိုခြင်းဖြစ်သည်။ အနောက်မီဒီယာ များသည် အများပြည်သူ၏ ထင်မြင် ယူဆချက် (public opinion)အပေါ်လွှမ်းမိုးရာတွင် ဩဇာကြီးသည် မှာ အထူးပြောဖွယ်ရာမလိုပါ။ အနောက် မီဒီယာများအနေဖြင့် လိုချင်သည့်ပုံစံ(agenda setting )ကို ကြိုတင်ချထားခြင်း၊ အကြောင်းအရာကို ရွေးချယ်တင်ပြခြင်းဖြင့် အများပြည်သူ၏ ထင်မြင်ယူ ဆချက် ကို ၎င်းတို့လိုချင်သည့်ဘက် တိမ်းညွတ်လာစေရန်ဖန်တီးထားခြင်းဖြစ်သည်။ မည်သည့် အကြောင်းအရာ ကို အလေးပေးဖော်ပြမည်၊ မည်သည့် အကြောင်းအရာကို ချန်လှပ်ထားမည်ဆိုသည်ကို ပုံစံချ၍ ရွေးချယ် ဖော်ပြကြခြင်းဖြစ်သည်။ ဥပမာ အားဖြင့် ယူကရိန်းပဋိပက္ခကို အထူးအရေးပေးဖော်ပြသော်လည်း ယီမင် ပဋိပက္ခနှင့်ပတ်သက်၍မူ မဆိုစ လောက်သာဖော်ပြလေ့ရှိသည်။ သို့ဖြစ်ရာ အများပြည် သူအနေဖြင့် ယူကရိန်းပဋိက္ခကိုသာ ၎င်းတို့၏စိတ်ထဲတွင်စွဲထင်နေကြပြီး ယီမင်ပဋိပက္ခကို မေ့လျော့သလိုဖြစ်နေ ကြသည်။
အနောက်မီဒီယာများ၏တံဆိပ်ကပ်နည်းအမျိုးမျိုး
အနောက်နိုင်ငံများကိုဆန့်ကျင်သည့်နိုင်ငံများတွင် ဆန္ဒပြမှုများဖြစ်ပွားပါက အဆိုပါ ဆန္ဒပြ သူများကို ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားကြသူများ “pro-democracy activists” အဖြစ်ပုံဖော်ပြီး အ နောက်နိုင်ငံများနှင့် ၎င်းတို့၏ စီးပွားဖက်နိုင်ငံများ၊ မိတ်ဖက်နိုင်ငံများတွင် ဆန္ဒပြမှုဖြစ်ပွားပါက အဓိက ရုဏ်းဖန်တီးသူများ သို့မဟုတ် အကြမ်းဖက်သမားများအဖြစ် တံဆိပ်ကပ်သည်။ ဥပမာ အစ္စရေး-ပါလက် စတိုင်း ပဋိပက္ခကိုကြည့်ပါက အနောက်မီဒီယာများသည် အစ္စရေးတို့၏ဆောင်ရွက်ချက်များကို မိမိကိုယ် မိမိခုခံကာကွယ်ခြင်းဟုသုံးနှုန်းပြီး ပါလက်စတိုင်း တို့၏ခုခံကာကွယ်မှုကိုမူ အကြမ်းဖက်ဝါဒအဖြစ် ဖော် ညွှန်းသည်။ အလားတူ ပြင်သစ်၊ ကနေဒါ စသည့်နိုင်ငံများတွင်ဖြစ်ပွားသည့် ဆန္ဒပြမှုများကို အလေးပေး ဖော် ပြခြင်းမရှိဘဲ တရုတ်၊ ရုရှား စသည့်နိုင်ငံများတွင်ဖြစ် ပွားသည့်ဆန္ဒပြမှုများကိုမူ အထူးတလည်ဖော် ပြကြ သည်။ အခြား ထင်ရှားသည့် ဥပမာတစ်ခုမှာ ရုရှား တပ်ဖွဲ့များက ယူကရိန်းနိုင်ငံကို အထူးစစ်ဆင် ရေးဖြင့် တိုက်ခိုက်ခဲ့ခြင်းကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့သော်လည်း အမေရိကန်တပ်ဖွဲ့များက အီရတ် ကိုတိုက်ခိုက်ခဲ့ခြင်းနှင့် ဆော်ဒီနိုင်ငံက ယီမင်နိုင်ငံကိုတိုက်ခိုက် ခဲ့ခြင်းတို့ကိုမူ မဆိုစလောက်သာဖော်ပြခဲ့ ကြသည်။ အခြား ဥပမာတစ်ခုမှာ အနောက်မီဒီယာများသည် ဟောင်ကောင်တွင်ဖြစ်ပွားခဲ့သည့်ဆန္ဒပြမှု များကို ဝေဝေဆာဆာဖော်ပြခဲ့သော်လည်း ပြင်သစ်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် Yellow Vest လှုပ်ရှားမှု မျိုးကိုမူ အရေးကြီးသတင်းအဖြစ် ဖော်ပြခဲ့ခြင်းမတွေ့ရပါ။ အ နောက်မီဒီယာများသည် ၎င်းတို့နှင့် ကောင်းမွန်သည့်ဆက်ဆံရေးရှိသည့်နိုင်ငံများကို ဒီမိုကရေစီနိုင်ငံ များဟုအမွှန်းတင်ပြီး ၎င်း တို့နှင့်ဆန့် ကျင်ဘက်နိုင်ငံများကိုမူ အာဏာရှင်နိုင်ငံများဟု တံဆိပ်ကပ်ကြသည်။ အနောက်နိုင်ငံများက စစ်ရေးအရ ဝင်ရောက်တိုက် ခိုက်ခြင်းကို လူသားချင်းစာနာထောက်ထားမှုအရ ခေါင်းစဉ်တပ်ပြီး အခြားနိုင်ငံများက အလားတူလုပ် ဆောင်ပါက ကျူးကျော်သည်ဟု ပြောင်းလဲခေါ်ဆို သည်။ နေတိုးတပ်ဖွဲ့များက လစ်ဗျား နိုင်ငံတွင် ဗုံးကြဲ တိုက်ခိုက်ခြင်းမှာ အာဏာရှင်ကဒါဖီကိုဖယ်ရှားရန် အတွက် လူသားချင်း စာနာထောက် ထားမှုအရ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဟုအကြောင်းပြခဲ့သည်။ သို့ သော် ရုရှားတပ်ဖွဲ့များက ယူကရိန်း နိုင်ငံကိုတိုက်ခိုက်ခြင်းကိုမူ ကျူးကျော်သည်ဟု ပြောင်းလဲခေါ်ဆိုခဲ့သည်။
အနောက်မီဒီယာများသည် အခြားသော သဘောထားအမြင်နှင့် ယူဆချက်များကို ထိန်းချုပ်ရန် အတွက် Google, Facebook, Twitter စသည့် နည်းပညာကုမ္ပဏီများနှင့်ပူးပေါင်းပြီး လက် ဝါးချင်းရိုက် ကြသည်။ အခြား မတူကွဲပြားသည့်သ ဘောထားအမြင်များကိုမူ နည်းပညာအကူအညီဖြင့် ဆင်ဆာဖြတ် တောက်သည်။ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံတွင် ၎င်းတို့လိုလားသူကို ဇာတ်လိုက်၊ မလိုလား သူကို လူကြမ်း ဗီလိန်အဖြစ် ထင်မြင်လာအောင် ပုံဖော်ကြသည်။ လူမှုမီဒီယာပလက်ဖောင်းများဖြစ်သည့် Facebook, Twitter နှင့် You Tube တို့သည် အနောက်နိုင်ငံများ၏သဘောထားအမြင်များကိုသာ အလေးပေး ဖော် ပြကြသည်။ RT, Al Jazeera နှင့် Press TV တို့ကို ရံဖန်ရံခါတွင် သတင်းမှား ဖြန့်ချိသူများအဖြစ်ပင် တံဆိပ်ကပ်သည်။ Google algorithms သည် အနောက်နိုင်ငံများ၏ သတင်းရင်းမြစ် များကိုသာ ဦးစား ပေးဖော်ပြပြီး အခြားမတူကွဲပြားသည့် သဘောထားအမြင်များကိုမူ မသိကျိုးကျွံပြုထားသည်။ အနောက် နိုင်ငံအစိုးရများသည် ရွေးကောက်ပွဲများအပေါ် ဩဇာလွှမ်းမိုးမှုရရှိစေရန်၊ ၎င်းတို့တိုက်နေသည့်စစ်ပွဲများ ကို တရားမျှတမှုရှိသည်ဟု လူထုထောက်ခံမှုရရှိစေရန်နှင့် ၎င်းတို့အပေါ် အများပြည်သူ၏ သဘောထား အမြင် ကောင်းမွန်စေရန်အတွက် မီဒီယာကို အသုံးချနေကြခြင်းဖြစ်သည်။
အနောက်မီဒီယာများသည် အမေရိကန် နှင့်ဥရောပနိုင်ငံများကို ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်တွင် ဆက်လက်ကြီးစိုးခွင့်ရရှိစေရေးအတွက် များစွာအထောက်အပံ့ပေးထားသည်။ နေတိုးစစ်မဟာမိတ်အဖွဲ့ ၏နယ်မြေချဲ့ထွင်မှုကို ခုခံကာကွယ်မှုအဖြစ် ပုံဖော်ခဲ့ကြပြီး ရုရှား၏ စစ်ရေးအရတုံ့ပြန်မှုကို ကျူးကျော်မှု အဖြစ်ဖော်ညွှန်းခဲ့ကြသည်။ အနောက်မီဒီယာများ၏ စံနှုန်းနှစ်မျိုးဖြင့်ဖော်ညွှန်းမှုကြောင့် အနောက်နိုင်ငံ အစိုးရတို့တိုက်ခိုက်ခဲ့သည့်စစ်ပွဲများ၊ ချမှတ်ခဲ့သည့် မူဝါဒများနှင့် ဒဏ်ခတ်ပိတ်ဆို့မှုများကို ထောက်ခံခဲ့ ကြသည်။ သို့သော် Global South ဟုခေါ်သည့် အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် အာရှနိုင်ငံအများစု ကမူ အနောက်မီဒီယာများ၏ဖော်ပြချက်များကို ဝါဒ ဖြန့်ချိမှုအဖြစ်ရှုမြင်ကြသည်။ ၎င်းတို့၏ဖော်ညွှန်းမှု ကို စိန်ခေါ်လာသည့် လွတ်လပ်သောမီဒီယာများနှင့် တက်ြွကလှုပ်ရှားသူများရှိလာပါကလည်း ၎င်းတို့၏ သဘောထားအမြင်များ ကျယ်ကျယ်လောင်လောင် ထွက်မလာစေရန် ဖုံးကွယ်ပေးထားကြသည်။
ပုံရိပ်ဖော်ညွှန်းသည့် Narrative စစ်ပွဲ
ယနေ့ခေတ်သည် လက်နက်တစ်ခုတည်းဖြင့် တိုက်နေကြသည့် စစ်ပွဲမဟုတ်ဘဲ သတင်းအချက် အလက်စစ်ပွဲ (Information warfare)၊ ပုံရိပ် ဖော်ညွှန်းသည့်စစ်ပွဲ(Narrative Warfare) အသွင် သဏ္ဌာန် တို့ဖြင့်လည်း တစ်ပြိုင်တည်းတိုက်နေကြခြင်း ဖြစ်သည်။ သမိုင်းကြောင်းကိုပြန်ကြည့်ပါက စစ်အေး ခတ် ဝင်ရိုးနှစ်ခုကမ္ဘာ(bipolar world)တွင် အမေရိကန်နှင့် ဆိုဗီယက်တို့သည် Narrative war တွင်လည်း ရင်ဆိုင်ယှဉ်ပြိုင်ခဲ့ကြသည်ကိုတွေ့နိုင်သည်။ ထိုစဉ်က အမေရိကန်တို့သည် ဆိုဗီယက်ပြည်ထောင်စုကို ပြည်သူအပေါ်ဖိနှိပ်သည့် ကွန်မြူနစ်အာဏာရှင် အဖြစ် ဖော်ညွှန်းခဲ့ကြသည်။ အလားတူ ဆိုဗီယက် ပြည် ထောင်စုကလည်း အမေရိကန်နိုင်ငံကို ဆင်းရဲသည့်နိုင်ငံများအပေါ် ကုပ်သွေးစုပ်အမြတ်ထုတ်သည့် အရင်းရှင်နယ်ချဲ့ဖြစ်ပြီး ဆိုရှယ်လစ်ဝါဒသည်သာ တန်းတူညီမျှမှုစနစ်ဆီသို့သွားရာ လမ်းကြောင်းမှန် အဖြစ် ပုံဖော်ခဲ့သည်။ အမေရိကန်တို့ရိုက်ကူးသည့် ဟောလိဝုဒ်ရုပ်ရှင်ကားများတွင် ဆိုဗီယက်တို့ကို လူ ကြမ်းဗီလိန်များအဖြစ် ပုံဖော်ခဲ့ကြသည်။ ဥပမာအားဖြင့် Rocky IV, နှင့် Red Dawn တို့မှာ သိသာ ထင်ရှားသည်။ ဆိုဗီယက်တို့ကလည်း အမေရိကန်တို့ကို လူမျိုးရေးခွဲခြားသူများ၊ အားကြီးမှုကို အခွင့် ကောင်းယူပြီး ကုပ်သွေးစုပ်အမြတ်ထုတ်ကြသူများ အဖြစ်ပုံဖော်ခဲ့သည်။ နှစ်နိုင်ငံလုံး၏ မီဒီယာများသည် မိမိကဇာတ်လိုက် တစ်ဖက်ကလူကြမ်းဗီလိန်အဖြစ် ပုံဖော်ခဲ့ကြသည်။ သို့သော် အမေရိကန်တို့သည် ဒဏ် ခတ်ပိတ်ဆို့မှု၊ ကြယ်တာရာစစ်ပွဲအစီအစဉ် စသည့် စီးပွားရေးအရဖိအားပေးခြင်းနှင့် ရုပ်ရှင်၊ ဂီတနှင့် သ တင်းဖြန့်ချိခြင်းစသည့် ယဉ်ကျေးမှုအရ လွှမ်းမိုးနိုင်ခြင်းကြောင့် အသာစီးရခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။
အမေရိကန်တို့၏ ပုံရိပ်ဖော်òန်းမှုကို ကြည့်မည်ဆိုပါက လေ့လာစရာ များစွာရှိသည်။ အချို့ကို ထုတ်နုတ်တင်ပြရပါက အီရတ်ခေါင်းဆောင် ဆာဒမ် ဟူစိန်တွင် ဖျက်အားပြင်းလက်နက်များရှိရာ ယင်း လက်နက်များသည် ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်ဟု အမေရိကန် မီဒီ ယာတို့က ဖြန့်ချိခဲ့ကြသည်။ စစ်ဆန့်ကျင်ရေးသမားများကမူ အမေရိကန်တို့သည် အီရတ်ရေနံများကို ထိန်းချုပ်လိုခြင်းဖြစ်ပြီး ဖျက်အားပြင်းလက်နက်များရှိကြောင်း သက်သေတစ်စုံတစ်ရာမပြနိုင်ဟု ထောက်ပြခဲ့ကြသည်။ CNN, Fox News, BBC တို့သည် ဆာဒမ်ဟူစိန်တွင်ရှိသည်ဆိုသည့် ဖျက်အား ပြင်း လက်နက်များနှင့်ပတ်သက်၍ မှန်ကန်မှုမရှိသော ထောက်လှမ်းရေးသတင်းများကို ဖြန့်ချိခဲ့ကြသည်။ အမေရိကန်တို့လိမ်ညာခဲ့ခြင်းသာဖြစ်သည်ဟု စစ်ဆန့်ကျင်ရေးသမားများနှင့် တက်ကြွလှုပ်ရှားသူများက Wikileaks ပါအချက်များနှင့် Snowden ၏ ပြောဆိုချက်များကို ကိုးကားပြီး ထောက်ပြခဲ့ကြသည်။ နောက်ဆုံးတွင် အမေရိကန်တို့သည် အီရတ်ကို ကျူးကျော်တိုက်ခိုက်ခဲ့ကြသည်။ သို့သော် ဖျက်အားပြင်း လက်နက်များကိုမူ ရှာဖွေတွေ့ရှိခြင်း မရှိခဲ့ပါ။ ပြည်သူသန်းပေါင်းများစွာက အီရတ်စစ်ပွဲကို ဆန့်ကျင်ခဲ့ ကြရာ အမေရိကန်တို့၏ ဂုဏ်သိက္ခာကျဆင်းခဲ့သည်။
ရုရှား-ယူကရိန်းပဋိပက္ခကို အနောက်မီဒီယာများ မည်သို့ပုံဖော်ကြသနည်း
ယူကရိန်းပဋိက္ခကိုလေ့လာကြည့်ပါကလည်း အနောက်မီဒီယာများသည် ယူကရိန်းနိုင်ငံကို ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေခြင်းဟုပုံဖော်ပြီး နေတိုးစစ်မဟာမိတ်အဖွဲ့၏ နယ်မြေချဲ့ထွင်မှုကို ရုရှား-ယူကရိန်းပဋိပက္ခနှင့် မည်သို့မျှမပတ်သက်သကဲ့သို့ တစ်စုံတစ်ရာဖော်ပြခြင်းမရှိသည်ကိုတွေ့နိုင် သည်။ ရုရှားမီဒီယာများ၏ ဖော်ပြချက်ကို လေ့လာကြည့်ပါကလည်း နေတိုးစစ်မဟာမိတ်အဖွဲ့သည် အရှေ့ဘက်သို့ နယ်မြေချဲ့ထွင်ခြင်းမပြုပါဆိုသည့်ကတိကိုချိုးဖောက်ခဲ့ပြီး ယူကရိန်းနိုင်ငံကိုလည်း ရုရှား နိုင်ငံကိုဆန့်ကျင်သည့် အနောက်နိုင်ငံများ၏ရုပ်သေးရုပ်အဖြစ် ဖော်ပြလေ့ရှိသည်ကို တွေ့ရမည်ဖြစ် သည်။ ထို့ပြင် အနောက်မီဒီယာများသည် ရုရှားတပ်ဖွဲ့များကိုသာ စစ်ရာဇဝတ်မှုကျူးလွန်သည်ဟုဖော်ပြ လေ့ရှိပြီး ယူကရိန်းတပ်ဖွဲ့များက ဒွန်းဘတ်ဒေသတွင် စစ်ရေးနှင့် သက်ဆိုင်ခြင်းမရှိသည့် အရပ်ဘက်အ ဆောက်အအုံများ၊ လူနေရပ်ကွက်များကို အကြမ်း ဖက်တိုက်ခိုက်ခဲ့ခြင်းကိုမူ ဖော်ပြခဲ့ခြင်းအလျှင်းမရှိခဲ့ ပါ။ အစ္စရေး-ပါလစ္စတိုင်းပဋိပက္ခတွင်လည်း အမေရိ ကန်မီဒီယာများသည် ပါလက်စတိုင်းပြည်သူများ သေ ကျေ၊ ထိခိုက်ဒဏ်ရာရရှိမှုနှင့်ပတ်သက်၍ လျှော့လျှော့ ပေါ့ပေါ့ဖော်ပြပြီး အစ္စရေးတို့ခံစားနေရသည့် ဒုက္ခများ ကိုသာ အလေးပေးဖော်ပြခဲ့ကြသည်။ အကျိုးရလဒ်အဖြစ် အနောက်နိုင်ငံအများစုသည် အစ္စရေး တို့ကို ထောက်ခံခဲ့ကြပြီး Global South နိုင်ငံများကမူ ပါလက်စတိုင်းတို့ကို ထောက်ခံခဲ့ကြသည်။
ရုရှား-ယူကရိန်းပဋိပက္ခသည် အနောက် နိုင်ငံများ၏ ပုံရိပ်ဖော်ညွှန်မှုကိုလေ့လာရာတွင် ထင် သာမြင်သာအရှိဆုံးသာဓကများအနက် တစ်ခုဖြစ် သည်။ အနောက်နိုင်ငံအစိုးရများ၊ မီဒီယာများနှင့် ကော်ပိုရေးရှင်းများသည် တစ်ဖက်၏အမြင်ကို စင် ပေါ်တင်ပေးပြီး အခြားတစ်ဖက်၏သဘောထား အမြင်ကို ဖုံးကွယ်ထားတတ်ကြောင်း မြင်တွေ့နိုင် သည်။ ရုရှား-ယူကရိန်းပဋိပက္ခတွင် ရုရှားကို ကျူး ကျော်သူအဖြစ်ဖော်òန်းပြီး ယူကရိန်းကို ဒီမိုကရေစီ ရေး ခုခံကာကွယ်သူအဖြစ်ပုံဖော်သည်။ အနောက် နိုင်ငံများအနေဖြင့် ယူကရိန်းနိုင်ငံကို လူသားချင်းစာနာ ထောက်ထားမှုခေါင်းစဉ်အောက်မှ ကူညီ ထောက်ပံ့ပေးခဲ့ကြသည်။ ရုရှားမီဒီယာများအားလုံး၏ ဖော်ပြ ချက်များကို ဝါဒဖြန့်ချိရေးအဖြစ် တံဆိပ်ကပ်ခဲ့ကြ သည်။ နေတိုးစစ်မဟာမိတ်အဖွဲ့သည် ရုရှားနယ် စပ်ဘက်သို့ နယ်မြေချဲ့ထွင်း မပြုပါဆိုသည့် ကတိက ဝတ်များ၊ (၂၀၁၄)ခုနှစ်တွင် ယူကရိန်းနိုင်ငံ၌ အာဏာ သိမ်းမှုဖြစ်ပွားခဲ့သည်ကို အမေရိကန်နိုင်ငံက ထောက်ခံပေးခဲ့သည့်အချက်များ၊ ယူကရိန်းတပ်ဖွဲ့ဝင် များသည် (၂၀၂၂)ခုနှစ်က ဒွန်းဘတ်ဒေသတွင် ရုရှား မျိုးနွယ်များကိုသတ်ဖြတ်ခဲ့မှုများ စသည့်အချက်အလက်မှန်များကိုမူ အနောက်မီဒီယာများတွင် အနည်းငယ်မျှပင်ဖော်ပြခဲ့ခြင်းမရှိခဲ့ပါ။ အမေရိကန်အစိုး ရသည် ရုရှားနိုင်ငံပိုင် မီဒီယာကွန်ရက်ဖြစ်သည့် RT ကိုလည်း သတင်းတု၊ သတင်းမှားများ ထုတ်လွှင့်သည် ဟုဆိုကာ တစ် ကမ္ဘာလုံးအတိုင်းအတာဖြင့် ပိတ်ပင်ရန်ကြိုးပမ်းခဲ့သည်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဌာနကိုလည်း အလားတူတိုက်တွန်းခဲ့ရာ အိန္ဒိယနိုင်ငံ က လိုက်လျောခဲ့ခြင်းမရှိသည်ကိုတွေ့ရသည်။ ယင်းမှာ အမေရိ ကန်အစိုးရက သတင်းလွတ်လပ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အကြောင်း မကြာခဏထုတ် ဖော်ပြောဆိုလေ့ရှိသော်လည်း အခြားသတင်းဌာနများကိုပိတ်ပင်ရန်ကြိုးပမ်းခြင်းမှာ စံနှုန်းနှစ် မျိုးကျင့် သုံးခြင်းပင်ဖြစ်သည်။
ယူကရိန်းသမ္မတ ဇီလန်စကီးကိုလည်း ခေတ်သစ်ချာချီသူရဲကောင်း ခေါင်းဆောင်တစ်ဦး အဖြစ် ဖော်ညွှန်းလေ့ရှိသည်။ လူမှုမီဒီယာများကလည်း သမ္မတဇီလန်စကီးကို ကမ္ဘာလုံးဆိုင်ရာ သင်္ကေတ (Global Icon)အဖြစ် မြှောက်ပင့်ခဲ့ကြသည်။ သို့သော် ယူကရိန်းတပ်ဖွဲ့ဝင်များကျူးလွန်ခဲ့သည့် စစ်ရာ ဇဝတ်မှုများကိုမူ လုံးဝလျစ်လျူရှုခဲ့ကြသည်။ ယူကရိန်းတပ်ဖွဲ့ဝင်များသည် ရုရှားစစ်အကျဉ်းသားများကို သတ်ဖြတ်ခဲ့ခြင်းနှင့်ပတ်သက်၍လည်း အနောက်မီဒီယာများတွင် ဖော်ပြခဲ့ခြင်းမရှိခဲ့ပါ။ အနောက်မီဒီယာ များသည် ရုရှားမီဒီယာများဖြစ်သည့် RT နှင့် Sputnikတို့ကို သတင်းတု၊ သတင်းမှားဖြန့်ချိသည့်သတင်း ဌာနများအဖြစ် တံဆိပ်ကပ်ခဲ့ကြသည်။ အနောက်မီဒီယာများ၏ဖော်ပြချက်နှင့်ပတ်သက်၍ မေးခွန်းထုတ် လာကြသည့် လွတ်လပ်၍အမှီအခိုကင်းသည့် ဂျာနယ်လစ်များကိုမူ ရုရှားလိုလားသူ (Pro-Russian)၊ သမ္မတပူတင်၏ ရုပ်သေးရုပ်(Putin puppets)များအဖြစ် တံဆိပ်ကပ်ကြသည်။ Google နှင့် YouTube တို့ကလည်း အနောက်မီဒီယာများနှင့် မတူကွဲပြားသည့် သဘောထားအမြင်များကို ဖယ်ရှားခဲ့ကြသည်။ ယူကရိန်းကို ထောက်ခံရေးသားသည့်အကြောင်းအရာများကို Twitter နှင့် Facebook ပေါ်တွင် ပိုမိုပျံ့နှံ့ စေရန်အတွက် algorithms ကိုအသုံးပြုခဲ့ကြသည်။ ရုရှား-ယူကရိန်းပဋိပက္ခနှင့်ပတ်သက်၍ မည်သူ့တွင် အကျိုးရှိသနည်းဟု မေးခွန်းထုတ်လာခဲ့ပါက အမေရိကန်အစိုးရနှင့် စစ်လက်နက်ပစ္စည်းများ ထုတ်လုပ် သည့်ကုမ္ပဏီများပင်ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ အမေရိကန်တို့သည် ရုရှားကို အင်အား ချည့်နဲ့ အောင်ပြုလုပ်ခြင်း၊ ယူကရိန်းကို စစ်လက်နက် ပစ္စည်းများရောင်းချခြင်းတို့ဖြင့် အကျိုးအမြတ်များစွာ ရရှိခဲ့ကြသည်။ အမေရိကန် အခွန်ထမ်းပြည်သူများ၏ ဘီလျံပေါင်းများစွာသောငွေကြေးများသည် Lockheed Martin Corporation နှင့် Raytheon ကဲ့သို့သော အမေရိကန်စစ်လက်နက်ပစ္စည်း ထုတ် လုပ်သည့်ကုမ္ပဏီများထံ ရောက်ရှိသွားခဲ့သည်။ အမေရိကန်နိုင်ငံသည် ယူကရိန်းနိုင်ငံကို (၂၀၂၂) ခုနှစ် တစ်နှစ်တည်းမှာပင် စစ်ရေးအကူအညီ အမေရိ ကန်ဒေါ်လာ ဘီလျံ (၁၀ဝ)ကျော် အကူအညီပေးခဲ့ရာ လက်နက်ထုတ်လုပ်သည့်ကုမ္ပဏီများသာ အကျိုး အမြတ်များစွာရရှိခဲ့သည်။ အနောက်နိုင်ငံများရှိ ပြည် သူများကလည်း သမိုင်းကြောင်းတစ်ခုလုံးကို အပြည့် အဝနားလည်ခြင်းမရှိဘဲ ယူကရိန်းအစိုးရကို မျက် စိမှိတ်၍ထောက်ခံခဲ့ကြသည်။ ရုရှားနိုင်ငံကို စီးပွား ရေးအရ အထီးကျန်ဆန်အောင်ပြုလုပ်ခဲ့သော်လည်း တရုတ်၊ အိန္ဒိယနှင့်အာဖရိကစသည့် Global South နိုင်ငံများသည် အနောက်နိုင်ငံများ၏ သဘောထား အမြင်များကို အပြည့်အဝထောက်ခံခြင်းမရှိခဲ့ပါ။ မည်သို့ပင်ဖြစ်စေ အနောက်မီဒီယာများ၏ တစ်ဖက် သတ်ဖော်ပြချက်များသည် ကမ္ဘာ့ပြည်သူအများစု၏သဘောထားအမြင်ကိုပုံဖော်ခဲ့ပြီး ယူကရိန်းအစိုးရ ကိုဆက်လက် ထောက်ခံကာ ကျိုးကြောင်းဆီလျော်စွာ ဝေဖန်ဆန်း စစ်သူများ၏သဘောထား အမြင် များမှာ တိမ်မြုပ်နေဆဲဖြစ်သည်။ ပဋိပက္ခတွင်ပါဝင်နေသည့်နှစ်နိုင်ငံလုံး ၏ သဘောထားကို နားလည်မှ သာ အခြေအနေမှန်ကို အနီးစပ်ဆုံးနားလည်နိုင်မည်ဖြစ်သည်။
အမေရိကန်နှင့် တရုတ်တို့ အပြန်အလှန် မည်သို့ပုံဖော်ကြသနည်း
အမေရိကန်နှင့် တရုတ်နိုင်ငံတို့သည်လည်း ပုံရိပ်ဖော်ညွှန်းသည့် Narrative ပိုင်းတွင်လည်း ပြိုင် ဆိုင်နေကြသည်။ အမေရိကန်တို့ဖော်ညွှန်းသည့် Narrative တွင် တရုတ်နိုင်ငံသည် ဒီမိုကရေစီအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး ကမ္ဘာကြီးကို လွှမ်းမိုးလိုသည်ဟု ပုံဖော်လေ့ရှိသည်။ တရုတ်တို့ဖော်ညွှန်း သည့် Narrative တွင်မူ အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံ၏ အင်အားကြီးမားလာမှုကို ရပ်တန့်ရန် အတွက် ဝါဒဖြန့်ချိနေခြင်းသာဖြစ်ပြီး ကျဆင်းနေသော အင်ပါယာတစ်ခုသာဖြစ်သည်ဟု ပုံဖော်လေ့ရှိ သည်။ အမေရိကန်မီဒီယာများသည် ရှန်ကျန်း၊ ဟောင်ကောင်စသည့် တရုတ်နိုင်ငံ၏ လူ့အခွင့်အရေး ကိစ္စများကို အလေးပေးဖော်ပြကြသည်။ တရုတ်မီဒီ ယာများကလည်း အနောက်မီဒီယာများ၏ ဖော်ညွှန်း ချက်များကို နိုင်ငံပိုင်မီဒီယာများဖြစ်သည့် CGTN နှင့် Global Times တို့မှ တစ်ဆင့်တုံ့ပြန်လေ့ရှိသည်။ အမေရိကန်နိုင်ငံရေးသမားများသည် တရုတ်လူမှုမီ ဒီယာပလက်ဖောင်းဖြစ်သည့် Tik Tok ကို တရုတ် သူလျှိုကိရိယာအဖြစ် ဝေဖန်ပြောဆိုသည်။ တရုတ်နိုင်ငံကလည်း အမေရိကန်လူမှုမီဒီယာဖြစ်သည့် Facebook ကို သတင်းတု၊ သတင်းမှား ဖြန့်ချိရာ ပလက်ဖောင်းတစ်ခုဖြစ်သည်ဟုတုံ့ပြန်သည်။ နည်းပညာပိုင်းအရကြည့်ပါကလည်း အမေရိကန်နည်းပညာ ကုမ္ပဏီ OpenAI က ChatGPT ကို ဖန်တီး ခဲ့သကဲ့သို့ တရုတ်နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် High-Flyer ကလည်း Deepseek ကို ဖန်တီး ခဲ့သည်။
မပြီးဆုံးသည့် Narrative စစ်ပွဲ
အမြင်ကွဲပြားမှုမှာ အဟန့်အတားတစ်ခု မဟုတ်ပါ။ သဘောထားအမြင်များ ပိုမိုကျယ်ပြန့် အောင်၊ ပိုပြီးဖြန့်ကြက်မြင်နိုင်အောင် ကြိုးစားကြရန် သာအရေးကြီးသည်။ အနောက်မီဒီယာများ လွှမ်းမိုး ထား သည့်ကမ္ဘာတစ်ခုတည်းတွင် အခြေချနေထိုင် ပါက ကျွန်တော်တို့အမြင်များ ကျဉ်းမြောင်းနေကြဦးမည် ဖြစ်သည်။ ယနေ့ခေတ်အရပ်စကားနှင့်ဆိုရပါမူ Facebook မှာ ဖတ်လိုက်ရသည်ဟုဆိုရုံဖြင့် အကြောင်း အရာတစ်ခုကို လက်ခံကြမည်ဆိုပါက Western Narrative ၏ လောင်းရိပ်အောက်မှ ရုန်းထွက်နိုင်ကြဦး မည်မဟုတ်ပါ။ သို့ဖြစ်ရာ အကြောင်းကိစ္စတစ်ခုအပေါ်တွင် ဒုတိယအမြင်ရှိရန် လိုအပ်သကဲ့သို့ တတိယ အမြင်နှင့် စတုတ္ထအမြင်လည်း ရှိရန်လိုအပ်သည်။ အနောက်မီဒီယာများက ဖော်ညွှန်းသည့် Narrative များအပေါ်တွင်သာ ကျေနပ်၍မနေဘဲ အတွင်းသရုပ်မှန်ကို ရှုထောင့်မျိုးစုံ၊ အရင်းအမြစ်မျိုးစုံဖြင့် ဖြန့်ကြက်ကြည့်ရှုရန် လိုအပ်ပါလိမ့်မည်။ ပုံရိပ်ဖော်ညွှန်းသည့် Narrative စစ်ပွဲမှာ မည်သည့်အခါမှ ပြီးဆုံးမည့် စစ်ပွဲတစ်ခုမဟုတ်ပါ။ စစ်ပွဲများကို လက်နက်ဆန်းများဖြင့်တိုက်နေကြသကဲ့သို့ ပုံရိပ်ဖော်ညွှန်းသည့် Narrative နည်းနာဖြင့်လည်း တိုက်နေကြဦးမည်ဖြစ်သည်။ သို့ဖြစ်ရာ အကြောင်း အရာတစ်ခုကို မတူညီသည့်သတင်းဌာနများမှ သတင်းအရင်းအမြစ်များ၊ မတူညီသည့်သဘောထားအ မြင်များ၊ ကွဲပြားသောရှုထောင့်များဖြင့် ချိန်ထိုးကြည့်နိုင်မှသာ အနောက်မီဒီယာများဖော်ညွှန်း သည့် Narrative လောင်းရိပ်အောက်မှ ရုန်းထွက်နိုင်ကြမည်ဖြစ်ကြောင်း တင်ပြရသည်။
zawgyi version
အေနာက္မီဒီယာမ်ား ေလာင္းရိပ္ထိုးခံရျခင္းမွ ႐ုန္းထြက္ခ်ိန္တန္ၿပီ
သန္းထိုက္စိုး (NP News) - မတ္ ၂၁
လူတစ္ဦးျဖစ္ေစ၊ အဖြဲ႕အစည္းတစ္ခုျဖစ္ေစ၊ ႏိုင္ငံတစ္ႏိုင္ငံျဖစ္ေစ တစ္ဖက္ပုဂၢိဳလ္၊ တစ္ဖက္ အဖြဲ႕အစည္းႏွင့္ တစ္ဖက္ႏိုင္ငံအေပၚ ဩဇာလႊမ္းမိုးႏိုင္ေရး ႀကိဳးပမ္းေလ့ရွိၾကသည္မွာ ဓမၼတာပင္ျဖစ္ သည္။ ထိုသို႔ႀကိဳးပမ္းရာတြင္ က်င့္သုံးၾကသည့္နည္းနာ အမ်ားအျပားရွိႏိုင္ေသာ္လည္း ထိေရာက္မႈအရွိ ဆုံးမွာ မီဒီယာကို လိမၼာပါးနပ္စြာအသုံးခ်ျခင္းပင္ျဖစ္သည္။ ယခင္ကမူ ဝါဒျဖန႔္ခ်ိေရး (Propaganda) ၊ ျပည္သူ ႏွင့္တိုက္႐ိုက္ထိေတြ႕သည့္ (public diplomacy) စသည္ျဖင့္ ေခၚဆိုခဲ့ၾကသည္။ မည္သို႔ပင္ ေခၚ ဆိုသုံး ႏႈန္းသည္ျဖစ္ေစ ဩဇာလႊမ္းမိုးႏိုင္ရန္ ႀကိဳးပမ္းျခင္းပင္ျဖစ္သည္။ ယခုအခါ ပုံရိပ္ေဖာ္ၫႊန္းျခင္း (Narrative) နည္းနာကို က်င့္သုံးလာၾကသည္။ Asia Narrative, Western Narrative , European Narrative စသည္အားျဖင့္ အမ်ိဳးမ်ိဳးရွိသည္။ ယခုေဆာင္းပါးတြင္ ယေန႔ ကမာၻကိုလႊမ္းမိုးထားဆဲျဖစ္ သည့္အေနာက္မီဒီယာမ်ား၏ ပုံရိပ္ေဖာ္ၫႊန္းမႈႏွင့္ ၎တို႔က်င့္သုံးေနသည့္ နည္းနာမ်ားကို ေလ့လာ တင္ျပမည္ျဖစ္သည္။ ထိုသို႔ ေလ့လာတင္ျပရျခင္းမွာ ျပည္သူမ်ားအေနျဖင့္ အေနာက္မီဒီယာမ်ား ေဖာ္ၫႊန္းေန သည့္ Western Narrative ၏ ေလာင္းရိပ္ထိုးခံေနရမႈကိုသိရွိကာ အ ျခားေသာ Narrative မ်ားကိုလည္း ဖတ္ရႈသုံးသပ္ရန္ လိုအပ္ေၾကာင္း သတင္းစကားပါးလိုျခင္းျဖစ္သည္။ အေနာက္မီဒီယာ မ်ားသည္ အမ်ားျပည္သူ၏ ထင္ျမင္ ယူဆခ်က္ (public opinion)အေပၚလႊမ္းမိုးရာတြင္ ဩဇာႀကီးသည္ မွာ အထူးေျပာဖြယ္ရာမလိုပါ။ အေနာက္ မီဒီယာမ်ားအေနျဖင့္ လိုခ်င္သည့္ပုံစံ(agenda setting )ကို ႀကိဳတင္ခ်ထားျခင္း၊ အေၾကာင္းအရာကို ေ႐ြးခ်ယ္တင္ျပျခင္းျဖင့္ အမ်ားျပည္သူ၏ ထင္ျမင္ယူ ဆခ်က္ ကို ၎တို႔လိုခ်င္သည့္ဘက္ တိမ္းၫြတ္လာေစရန္ဖန္တီးထားျခင္းျဖစ္သည္။ မည္သည့္ အေၾကာင္းအရာ ကို အေလးေပးေဖာ္ျပမည္၊ မည္သည့္ အေၾကာင္းအရာကို ခ်န္လွပ္ထားမည္ဆိုသည္ကို ပုံစံခ်၍ ေ႐ြးခ်ယ္ ေဖာ္ျပၾကျခင္းျဖစ္သည္။ ဥပမာ အားျဖင့္ ယူကရိန္းပဋိပကၡကို အထူးအေရးေပးေဖာ္ျပေသာ္လည္း ယီမင္ ပဋိပကၡႏွင့္ပတ္သက္၍မူ မဆိုစ ေလာက္သာေဖာ္ျပေလ့ရွိသည္။ သို႔ျဖစ္ရာ အမ်ားျပည္ သူအေနျဖင့္ ယူကရိန္းပဋိကၡကိုသာ ၎တို႔၏စိတ္ထဲတြင္စြဲထင္ေနၾကၿပီး ယီမင္ပဋိပကၡကို ေမ့ေလ်ာ့သလိုျဖစ္ေန ၾကသည္။
အေနာက္မီဒီယာမ်ား၏တံဆိပ္ကပ္နည္းအမ်ိဳးမ်ိဳး
အေနာက္ႏိုင္ငံမ်ားကိုဆန႔္က်င္သည့္ႏိုင္ငံမ်ားတြင္ ဆႏၵျပမႈမ်ားျဖစ္ပြားပါက အဆိုပါ ဆႏၵျပ သူမ်ားကို ဒီမိုကေရစီေရးတက္ႂကြလႈပ္ရွားၾကသူမ်ား “pro-democracy activists” အျဖစ္ပုံေဖာ္ၿပီး အ ေနာက္ႏိုင္ငံမ်ားႏွင့္ ၎တို႔၏ စီးပြားဖက္ႏိုင္ငံမ်ား၊ မိတ္ဖက္ႏိုင္ငံမ်ားတြင္ ဆႏၵျပမႈျဖစ္ပြားပါက အဓိက ႐ုဏ္းဖန္တီးသူမ်ား သို႔မဟုတ္ အၾကမ္းဖက္သမားမ်ားအျဖစ္ တံဆိပ္ကပ္သည္။ ဥပမာ အစၥေရး-ပါလက္ စတိုင္း ပဋိပကၡကိုၾကည့္ပါက အေနာက္မီဒီယာမ်ားသည္ အစၥေရးတို႔၏ေဆာင္႐ြက္ခ်က္မ်ားကို မိမိကိုယ္ မိမိခုခံကာကြယ္ျခင္းဟုသုံးႏႈန္းၿပီး ပါလက္စတိုင္း တို႔၏ခုခံကာကြယ္မႈကိုမူ အၾကမ္းဖက္ဝါဒအျဖစ္ ေဖာ္ ၫႊန္းသည္။ အလားတူ ျပင္သစ္၊ ကေနဒါ စသည့္ႏိုင္ငံမ်ားတြင္ျဖစ္ပြားသည့္ ဆႏၵျပမႈမ်ားကို အေလးေပး ေဖာ္ ျပျခင္းမရွိဘဲ တ႐ုတ္၊ ႐ုရွား စသည့္ႏိုင္ငံမ်ားတြင္ျဖစ္ ပြားသည့္ဆႏၵျပမႈမ်ားကိုမူ အထူးတလည္ေဖာ္ ျပၾက သည္။ အျခား ထင္ရွားသည့္ ဥပမာတစ္ခုမွာ ႐ုရွား တပ္ဖြဲ႕မ်ားက ယူကရိန္းႏိုင္ငံကို အထူးစစ္ဆင္ ေရးျဖင့္ တိုက္ခိုက္ခဲ့ျခင္းကို က်ယ္က်ယ္ျပန႔္ျပန႔္ ေဖာ္ျပခဲ့ေသာ္လည္း အေမရိကန္တပ္ဖြဲ႕မ်ားက အီရတ္ ကိုတိုက္ခိုက္ခဲ့ျခင္းႏွင့္ ေဆာ္ဒီႏိုင္ငံက ယီမင္ႏိုင္ငံကိုတိုက္ခိုက္ ခဲ့ျခင္းတို႔ကိုမူ မဆိုစေလာက္သာေဖာ္ျပခဲ့ ၾကသည္။ အျခား ဥပမာတစ္ခုမွာ အေနာက္မီဒီယာမ်ားသည္ ေဟာင္ေကာင္တြင္ျဖစ္ပြားခဲ့သည့္ဆႏၵျပမႈ မ်ားကို ေဝေဝဆာဆာေဖာ္ျပခဲ့ေသာ္လည္း ျပင္သစ္ႏိုင္ငံတြင္ ျဖစ္ပြားခဲ့သည့္ Yellow Vest လႈပ္ရွားမႈ မ်ိဳးကိုမူ အေရးႀကီးသတင္းအျဖစ္ ေဖာ္ျပခဲ့ျခင္းမေတြ႕ရပါ။ အ ေနာက္မီဒီယာမ်ားသည္ ၎တို႔ႏွင့္ ေကာင္းမြန္သည့္ဆက္ဆံေရးရွိသည့္ႏိုင္ငံမ်ားကို ဒီမိုကေရစီႏိုင္ငံ မ်ားဟုအမႊန္းတင္ၿပီး ၎ တို႔ႏွင့္ဆန႔္ က်င္ဘက္ႏိုင္ငံမ်ားကိုမူ အာဏာရွင္ႏိုင္ငံမ်ားဟု တံဆိပ္ကပ္ၾကသည္။ အေနာက္ႏိုင္ငံမ်ားက စစ္ေရးအရ ဝင္ေရာက္တိုက္ ခိုက္ျခင္းကို လူသားခ်င္းစာနာေထာက္ထားမႈအရ ေခါင္းစဥ္တပ္ၿပီး အျခားႏိုင္ငံမ်ားက အလားတူလုပ္ ေဆာင္ပါက က်ဴးေက်ာ္သည္ဟု ေျပာင္းလဲေခၚဆို သည္။ ေနတိုးတပ္ဖြဲ႕မ်ားက လစ္ဗ်ား ႏိုင္ငံတြင္ ဗုံးႀကဲ တိုက္ခိုက္ျခင္းမွာ အာဏာရွင္ကဒါဖီကိုဖယ္ရွားရန္ အတြက္ လူသားခ်င္း စာနာေထာက္ ထားမႈအရ ဝင္ေရာက္တိုက္ခိုက္ခဲ့ျခင္းဟုအေၾကာင္းျပခဲ့သည္။ သို႔ ေသာ္ ႐ုရွားတပ္ဖြဲ႕မ်ားက ယူကရိန္း ႏိုင္ငံကိုတိုက္ခိုက္ျခင္းကိုမူ က်ဴးေက်ာ္သည္ဟု ေျပာင္းလဲေခၚဆိုခဲ့သည္။
အေနာက္မီဒီယာမ်ားသည္ အျခားေသာ သေဘာထားအျမင္ႏွင့္ ယူဆခ်က္မ်ားကို ထိန္းခ်ဳပ္ရန္ အတြက္ Google, Facebook, Twitter စသည့္ နည္းပညာကုမၸဏီမ်ားႏွင့္ပူးေပါင္းၿပီး လက္ ဝါးခ်င္း႐ိုက္ ၾကသည္။ အျခား မတူကြဲျပားသည့္သ ေဘာထားအျမင္မ်ားကိုမူ နည္းပညာအကူအညီျဖင့္ ဆင္ဆာျဖတ္ ေတာက္သည္။ ကမာၻ႔ႏိုင္ငံေရးဇာတ္ခုံတြင္ ၎တို႔လိုလားသူကို ဇာတ္လိုက္၊ မလိုလား သူကို လူၾကမ္း ဗီလိန္အျဖစ္ ထင္ျမင္လာေအာင္ ပုံေဖာ္ၾကသည္။ လူမႈမီဒီယာပလက္ေဖာင္းမ်ားျဖစ္သည့္ Facebook, Twitter ႏွင့္ You Tube တို႔သည္ အေနာက္ႏိုင္ငံမ်ား၏သေဘာထားအျမင္မ်ားကိုသာ အေလးေပး ေဖာ္ ျပၾကသည္။ RT, Al Jazeera ႏွင့္ Press TV တို႔ကို ရံဖန္ရံခါတြင္ သတင္းမွား ျဖန႔္ခ်ိသူမ်ားအျဖစ္ပင္ တံဆိပ္ကပ္သည္။ Google algorithms သည္ အေနာက္ႏိုင္ငံမ်ား၏ သတင္းရင္းျမစ္ မ်ားကိုသာ ဦးစား ေပးေဖာ္ျပၿပီး အျခားမတူကြဲျပားသည့္ သေဘာထားအျမင္မ်ားကိုမူ မသိက်ိဳးကြၽံျပဳထားသည္။ အေနာက္ ႏိုင္ငံအစိုးရမ်ားသည္ ေ႐ြးေကာက္ပြဲမ်ားအေပၚ ဩဇာလႊမ္းမိုးမႈရရွိေစရန္၊ ၎တို႔တိုက္ေနသည့္စစ္ပြဲမ်ား ကို တရားမွ်တမႈရွိသည္ဟု လူထုေထာက္ခံမႈရရွိေစရန္ႏွင့္ ၎တို႔အေပၚ အမ်ားျပည္သူ၏ သေဘာထား အျမင္ ေကာင္းမြန္ေစရန္အတြက္ မီဒီယာကို အသုံးခ်ေနၾကျခင္းျဖစ္သည္။
အေနာက္မီဒီယာမ်ားသည္ အေမရိကန္ ႏွင့္ဥေရာပႏိုင္ငံမ်ားကို ကမာၻ႔ႏိုင္ငံေရးဇာတ္ခုံေပၚတြင္ ဆက္လက္ႀကီးစိုးခြင့္ရရွိေစေရးအတြက္ မ်ားစြာအေထာက္အပံ့ေပးထားသည္။ ေနတိုးစစ္မဟာမိတ္အဖြဲ႕ ၏နယ္ေျမခ်ဲ႕ထြင္မႈကို ခုခံကာကြယ္မႈအျဖစ္ ပုံေဖာ္ခဲ့ၾကၿပီး ႐ုရွား၏ စစ္ေရးအရတုံ႔ျပန္မႈကို က်ဴးေက်ာ္မႈ အျဖစ္ေဖာ္ၫႊန္းခဲ့ၾကသည္။ အေနာက္မီဒီယာမ်ား၏ စံႏႈန္းႏွစ္မ်ိဳးျဖင့္ေဖာ္ၫႊန္းမႈေၾကာင့္ အေနာက္ႏိုင္ငံ အစိုးရတို႔တိုက္ခိုက္ခဲ့သည့္စစ္ပြဲမ်ား၊ ခ်မွတ္ခဲ့သည့္ မူဝါဒမ်ားႏွင့္ ဒဏ္ခတ္ပိတ္ဆို႔မႈမ်ားကို ေထာက္ခံခဲ့ ၾကသည္။ သို႔ေသာ္ Global South ဟုေခၚသည့္ အာဖရိက၊ အေရွ႕အလယ္ပိုင္းႏွင့္ အာရွႏိုင္ငံအမ်ားစု ကမူ အေနာက္မီဒီယာမ်ား၏ေဖာ္ျပခ်က္မ်ားကို ဝါဒ ျဖန႔္ခ်ိမႈအျဖစ္ရႈျမင္ၾကသည္။ ၎တို႔၏ေဖာ္ၫႊန္းမႈ ကို စိန္ေခၚလာသည့္ လြတ္လပ္ေသာမီဒီယာမ်ားႏွင့္ တက္ျြကလႈပ္ရွားသူမ်ားရွိလာပါကလည္း ၎တို႔၏ သေဘာထားအျမင္မ်ား က်ယ္က်ယ္ေလာင္ေလာင္ ထြက္မလာေစရန္ ဖုံးကြယ္ေပးထားၾကသည္။
ပုံရိပ္ေဖာ္ၫႊန္းသည့္ Narrative စစ္ပြဲ
ယေန႔ေခတ္သည္ လက္နက္တစ္ခုတည္းျဖင့္ တိုက္ေနၾကသည့္ စစ္ပြဲမဟုတ္ဘဲ သတင္းအခ်က္ အလက္စစ္ပြဲ (Information warfare)၊ ပုံရိပ္ ေဖာ္ၫႊန္းသည့္စစ္ပြဲ(Narrative Warfare) အသြင္ သဏၭာန္ တို႔ျဖင့္လည္း တစ္ၿပိဳင္တည္းတိုက္ေနၾကျခင္း ျဖစ္သည္။ သမိုင္းေၾကာင္းကိုျပန္ၾကည့္ပါက စစ္ေအး ခတ္ ဝင္႐ိုးႏွစ္ခုကမာၻ(bipolar world)တြင္ အေမရိကန္ႏွင့္ ဆိုဗီယက္တို႔သည္ Narrative war တြင္လည္း ရင္ဆိုင္ယွဥ္ၿပိဳင္ခဲ့ၾကသည္ကိုေတြ႕ႏိုင္သည္။ ထိုစဥ္က အေမရိကန္တို႔သည္ ဆိုဗီယက္ျပည္ေထာင္စုကို ျပည္သူအေပၚဖိႏွိပ္သည့္ ကြန္ျမဴနစ္အာဏာရွင္ အျဖစ္ ေဖာ္ၫႊန္းခဲ့ၾကသည္။ အလားတူ ဆိုဗီယက္ ျပည္ ေထာင္စုကလည္း အေမရိကန္ႏိုင္ငံကို ဆင္းရဲသည့္ႏိုင္ငံမ်ားအေပၚ ကုပ္ေသြးစုပ္အျမတ္ထုတ္သည့္ အရင္းရွင္နယ္ခ်ဲ႕ျဖစ္ၿပီး ဆိုရွယ္လစ္ဝါဒသည္သာ တန္းတူညီမွ်မႈစနစ္ဆီသို႔သြားရာ လမ္းေၾကာင္းမွန္ အျဖစ္ ပုံေဖာ္ခဲ့သည္။ အေမရိကန္တို႔႐ိုက္ကူးသည့္ ေဟာလိဝုဒ္႐ုပ္ရွင္ကားမ်ားတြင္ ဆိုဗီယက္တို႔ကို လူ ၾကမ္းဗီလိန္မ်ားအျဖစ္ ပုံေဖာ္ခဲ့ၾကသည္။ ဥပမာအားျဖင့္ Rocky IV, ႏွင့္ Red Dawn တို႔မွာ သိသာ ထင္ရွားသည္။ ဆိုဗီယက္တို႔ကလည္း အေမရိကန္တို႔ကို လူမ်ိဳးေရးခြဲျခားသူမ်ား၊ အားႀကီးမႈကို အခြင့္ ေကာင္းယူၿပီး ကုပ္ေသြးစုပ္အျမတ္ထုတ္ၾကသူမ်ား အျဖစ္ပုံေဖာ္ခဲ့သည္။ ႏွစ္ႏိုင္ငံလုံး၏ မီဒီယာမ်ားသည္ မိမိကဇာတ္လိုက္ တစ္ဖက္ကလူၾကမ္းဗီလိန္အျဖစ္ ပုံေဖာ္ခဲ့ၾကသည္။ သို႔ေသာ္ အေမရိကန္တို႔သည္ ဒဏ္ ခတ္ပိတ္ဆို႔မႈ၊ ၾကယ္တာရာစစ္ပြဲအစီအစဥ္ စသည့္ စီးပြားေရးအရဖိအားေပးျခင္းႏွင့္ ႐ုပ္ရွင္၊ ဂီတႏွင့္ သ တင္းျဖန႔္ခ်ိျခင္းစသည့္ ယဥ္ေက်းမႈအရ လႊမ္းမိုးႏိုင္ျခင္းေၾကာင့္ အသာစီးရခဲ့သည္ဟု ဆိုရမည္ျဖစ္သည္။
အေမရိကန္တို႔၏ ပုံရိပ္ေဖာ္òန္းမႈကို ၾကည့္မည္ဆိုပါက ေလ့လာစရာ မ်ားစြာရွိသည္။ အခ်ိဳ႕ကို ထုတ္ႏုတ္တင္ျပရပါက အီရတ္ေခါင္းေဆာင္ ဆာဒမ္ ဟူစိန္တြင္ ဖ်က္အားျပင္းလက္နက္မ်ားရွိရာ ယင္း လက္နက္မ်ားသည္ ကမာၻလုံးဆိုင္ရာလုံၿခဳံေရးအတြက္ ၿခိမ္းေျခာက္မႈတစ္ခုျဖစ္သည္ဟု အေမရိကန္ မီဒီ ယာတို႔က ျဖန႔္ခ်ိခဲ့ၾကသည္။ စစ္ဆန႔္က်င္ေရးသမားမ်ားကမူ အေမရိကန္တို႔သည္ အီရတ္ေရနံမ်ားကို ထိန္းခ်ဳပ္လိုျခင္းျဖစ္ၿပီး ဖ်က္အားျပင္းလက္နက္မ်ားရွိေၾကာင္း သက္ေသတစ္စုံတစ္ရာမျပႏိုင္ဟု ေထာက္ျပခဲ့ၾကသည္။ CNN, Fox News, BBC တို႔သည္ ဆာဒမ္ဟူစိန္တြင္ရွိသည္ဆိုသည့္ ဖ်က္အား ျပင္း လက္နက္မ်ားႏွင့္ပတ္သက္၍ မွန္ကန္မႈမရွိေသာ ေထာက္လွမ္းေရးသတင္းမ်ားကို ျဖန႔္ခ်ိခဲ့ၾကသည္။ အေမရိကန္တို႔လိမ္ညာခဲ့ျခင္းသာျဖစ္သည္ဟု စစ္ဆန႔္က်င္ေရးသမားမ်ားႏွင့္ တက္ႂကြလႈပ္ရွားသူမ်ားက Wikileaks ပါအခ်က္မ်ားႏွင့္ Snowden ၏ ေျပာဆိုခ်က္မ်ားကို ကိုးကားၿပီး ေထာက္ျပခဲ့ၾကသည္။ ေနာက္ဆုံးတြင္ အေမရိကန္တို႔သည္ အီရတ္ကို က်ဴးေက်ာ္တိုက္ခိုက္ခဲ့ၾကသည္။ သို႔ေသာ္ ဖ်က္အားျပင္း လက္နက္မ်ားကိုမူ ရွာေဖြေတြ႕ရွိျခင္း မရွိခဲ့ပါ။ ျပည္သူသန္းေပါင္းမ်ားစြာက အီရတ္စစ္ပြဲကို ဆန႔္က်င္ခဲ့ ၾကရာ အေမရိကန္တို႔၏ ဂုဏ္သိကၡာက်ဆင္းခဲ့သည္။
႐ုရွား-ယူကရိန္းပဋိပကၡကို အေနာက္မီဒီယာမ်ား မည္သို႔ပုံေဖာ္ၾကသနည္း
ယူကရိန္းပဋိကၡကိုေလ့လာၾကည့္ပါကလည္း အေနာက္မီဒီယာမ်ားသည္ ယူကရိန္းႏိုင္ငံကို ဒီမိုကေရစီအတြက္ တိုက္ပြဲဝင္ေနျခင္းဟုပုံေဖာ္ၿပီး ေနတိုးစစ္မဟာမိတ္အဖြဲ႕၏ နယ္ေျမခ်ဲ႕ထြင္မႈကို ႐ုရွား-ယူကရိန္းပဋိပကၡႏွင့္ မည္သို႔မွ်မပတ္သက္သကဲ့သို႔ တစ္စုံတစ္ရာေဖာ္ျပျခင္းမရွိသည္ကိုေတြ႕ႏိုင္ သည္။ ႐ုရွားမီဒီယာမ်ား၏ ေဖာ္ျပခ်က္ကို ေလ့လာၾကည့္ပါကလည္း ေနတိုးစစ္မဟာမိတ္အဖြဲ႕သည္ အေရွ႕ဘက္သို႔ နယ္ေျမခ်ဲ႕ထြင္ျခင္းမျပဳပါဆိုသည့္ကတိကိုခ်ိဳးေဖာက္ခဲ့ၿပီး ယူကရိန္းႏိုင္ငံကိုလည္း ႐ုရွား ႏိုင္ငံကိုဆန႔္က်င္သည့္ အေနာက္ႏိုင္ငံမ်ား၏႐ုပ္ေသး႐ုပ္အျဖစ္ ေဖာ္ျပေလ့ရွိသည္ကို ေတြ႕ရမည္ျဖစ္ သည္။ ထို႔ျပင္ အေနာက္မီဒီယာမ်ားသည္ ႐ုရွားတပ္ဖြဲ႕မ်ားကိုသာ စစ္ရာဇဝတ္မႈက်ဴးလြန္သည္ဟုေဖာ္ျပ ေလ့ရွိၿပီး ယူကရိန္းတပ္ဖြဲ႕မ်ားက ဒြန္းဘတ္ေဒသတြင္ စစ္ေရးႏွင့္ သက္ဆိုင္ျခင္းမရွိသည့္ အရပ္ဘက္အ ေဆာက္အအုံမ်ား၊ လူေနရပ္ကြက္မ်ားကို အၾကမ္း ဖက္တိုက္ခိုက္ခဲ့ျခင္းကိုမူ ေဖာ္ျပခဲ့ျခင္းအလွ်င္းမရွိခဲ့ ပါ။ အစၥေရး-ပါလစၥတိုင္းပဋိပကၡတြင္လည္း အေမရိ ကန္မီဒီယာမ်ားသည္ ပါလက္စတိုင္းျပည္သူမ်ား ေသ ေက်၊ ထိခိုက္ဒဏ္ရာရရွိမႈႏွင့္ပတ္သက္၍ ေလွ်ာ့ေလွ်ာ့ ေပါ့ေပါ့ေဖာ္ျပၿပီး အစၥေရးတို႔ခံစားေနရသည့္ ဒုကၡမ်ား ကိုသာ အေလးေပးေဖာ္ျပခဲ့ၾကသည္။ အက်ိဳးရလဒ္အျဖစ္ အေနာက္ႏိုင္ငံအမ်ားစုသည္ အစၥေရး တို႔ကို ေထာက္ခံခဲ့ၾကၿပီး Global South ႏိုင္ငံမ်ားကမူ ပါလက္စတိုင္းတို႔ကို ေထာက္ခံခဲ့ၾကသည္။
႐ုရွား-ယူကရိန္းပဋိပကၡသည္ အေနာက္ ႏိုင္ငံမ်ား၏ ပုံရိပ္ေဖာ္ၫႊန္မႈကိုေလ့လာရာတြင္ ထင္ သာျမင္သာအရွိဆုံးသာဓကမ်ားအနက္ တစ္ခုျဖစ္ သည္။ အေနာက္ႏိုင္ငံအစိုးရမ်ား၊ မီဒီယာမ်ားႏွင့္ ေကာ္ပိုေရးရွင္းမ်ားသည္ တစ္ဖက္၏အျမင္ကို စင္ ေပၚတင္ေပးၿပီး အျခားတစ္ဖက္၏သေဘာထား အျမင္ကို ဖုံးကြယ္ထားတတ္ေၾကာင္း ျမင္ေတြ႕ႏိုင္ သည္။ ႐ုရွား-ယူကရိန္းပဋိပကၡတြင္ ႐ုရွားကို က်ဴး ေက်ာ္သူအျဖစ္ေဖာ္òန္းၿပီး ယူကရိန္းကို ဒီမိုကေရစီ ေရး ခုခံကာကြယ္သူအျဖစ္ပုံေဖာ္သည္။ အေနာက္ ႏိုင္ငံမ်ားအေနျဖင့္ ယူကရိန္းႏိုင္ငံကို လူသားခ်င္းစာနာ ေထာက္ထားမႈေခါင္းစဥ္ေအာက္မွ ကူညီ ေထာက္ပံ့ေပးခဲ့ၾကသည္။ ႐ုရွားမီဒီယာမ်ားအားလုံး၏ ေဖာ္ျပ ခ်က္မ်ားကို ဝါဒျဖန႔္ခ်ိေရးအျဖစ္ တံဆိပ္ကပ္ခဲ့ၾက သည္။ ေနတိုးစစ္မဟာမိတ္အဖြဲ႕သည္ ႐ုရွားနယ္ စပ္ဘက္သို႔ နယ္ေျမခ်ဲ႕ထြင္း မျပဳပါဆိုသည့္ ကတိက ဝတ္မ်ား၊ (၂၀၁၄)ခုႏွစ္တြင္ ယူကရိန္းႏိုင္ငံ၌ အာဏာ သိမ္းမႈျဖစ္ပြားခဲ့သည္ကို အေမရိကန္ႏိုင္ငံက ေထာက္ခံေပးခဲ့သည့္အခ်က္မ်ား၊ ယူကရိန္းတပ္ဖြဲ႕ဝင္ မ်ားသည္ (၂၀၂၂)ခုႏွစ္က ဒြန္းဘတ္ေဒသတြင္ ႐ုရွား မ်ိဳးႏြယ္မ်ားကိုသတ္ျဖတ္ခဲ့မႈမ်ား စသည့္အခ်က္အလက္မွန္မ်ားကိုမူ အေနာက္မီဒီယာမ်ားတြင္ အနည္းငယ္မွ်ပင္ေဖာ္ျပခဲ့ျခင္းမရွိခဲ့ပါ။ အေမရိကန္အစိုး ရသည္ ႐ုရွားႏိုင္ငံပိုင္ မီဒီယာကြန္ရက္ျဖစ္သည့္ RT ကိုလည္း သတင္းတု၊ သတင္းမွားမ်ား ထုတ္လႊင့္သည္ ဟုဆိုကာ တစ္ ကမာၻလုံးအတိုင္းအတာျဖင့္ ပိတ္ပင္ရန္ႀကိဳးပမ္းခဲ့သည္။ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီး ဌာနကိုလည္း အလားတူတိုက္တြန္းခဲ့ရာ အိႏၵိယႏိုင္ငံ က လိုက္ေလ်ာခဲ့ျခင္းမရွိသည္ကိုေတြ႕ရသည္။ ယင္းမွာ အေမရိ ကန္အစိုးရက သတင္းလြတ္လပ္ခြင့္၊ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္အေၾကာင္း မၾကာခဏထုတ္ ေဖာ္ေျပာဆိုေလ့ရွိေသာ္လည္း အျခားသတင္းဌာနမ်ားကိုပိတ္ပင္ရန္ႀကိဳးပမ္းျခင္းမွာ စံႏႈန္းႏွစ္ မ်ိဳးက်င့္ သုံးျခင္းပင္ျဖစ္သည္။
ယူကရိန္းသမၼတ ဇီလန္စကီးကိုလည္း ေခတ္သစ္ခ်ာခ်ီသူရဲေကာင္း ေခါင္းေဆာင္တစ္ဦး အျဖစ္ ေဖာ္ၫႊန္းေလ့ရွိသည္။ လူမႈမီဒီယာမ်ားကလည္း သမၼတဇီလန္စကီးကို ကမာၻလုံးဆိုင္ရာ သေကၤတ (Global Icon)အျဖစ္ ေျမႇာက္ပင့္ခဲ့ၾကသည္။ သို႔ေသာ္ ယူကရိန္းတပ္ဖြဲ႕ဝင္မ်ားက်ဴးလြန္ခဲ့သည့္ စစ္ရာ ဇဝတ္မႈမ်ားကိုမူ လုံးဝလ်စ္လ်ဴရႈခဲ့ၾကသည္။ ယူကရိန္းတပ္ဖြဲ႕ဝင္မ်ားသည္ ႐ုရွားစစ္အက်ဥ္းသားမ်ားကို သတ္ျဖတ္ခဲ့ျခင္းႏွင့္ပတ္သက္၍လည္း အေနာက္မီဒီယာမ်ားတြင္ ေဖာ္ျပခဲ့ျခင္းမရွိခဲ့ပါ။ အေနာက္မီဒီယာ မ်ားသည္ ႐ုရွားမီဒီယာမ်ားျဖစ္သည့္ RT ႏွင့္ Sputnikတို႔ကို သတင္းတု၊ သတင္းမွားျဖန႔္ခ်ိသည့္သတင္း ဌာနမ်ားအျဖစ္ တံဆိပ္ကပ္ခဲ့ၾကသည္။ အေနာက္မီဒီယာမ်ား၏ေဖာ္ျပခ်က္ႏွင့္ပတ္သက္၍ ေမးခြန္းထုတ္ လာၾကသည့္ လြတ္လပ္၍အမွီအခိုကင္းသည့္ ဂ်ာနယ္လစ္မ်ားကိုမူ ႐ုရွားလိုလားသူ (Pro-Russian)၊ သမၼတပူတင္၏ ႐ုပ္ေသး႐ုပ္(Putin puppets)မ်ားအျဖစ္ တံဆိပ္ကပ္ၾကသည္။ Google ႏွင့္ YouTube တို႔ကလည္း အေနာက္မီဒီယာမ်ားႏွင့္ မတူကြဲျပားသည့္ သေဘာထားအျမင္မ်ားကို ဖယ္ရွားခဲ့ၾကသည္။ ယူကရိန္းကို ေထာက္ခံေရးသားသည့္အေၾကာင္းအရာမ်ားကို Twitter ႏွင့္ Facebook ေပၚတြင္ ပိုမိုပ်ံ႕ႏွံ႔ ေစရန္အတြက္ algorithms ကိုအသုံးျပဳခဲ့ၾကသည္။ ႐ုရွား-ယူကရိန္းပဋိပကၡႏွင့္ပတ္သက္၍ မည္သူ႔တြင္ အက်ိဳးရွိသနည္းဟု ေမးခြန္းထုတ္လာခဲ့ပါက အေမရိကန္အစိုးရႏွင့္ စစ္လက္နက္ပစၥည္းမ်ား ထုတ္လုပ္ သည့္ကုမၸဏီမ်ားပင္ျဖစ္သည္ဟု ဆိုရမည္ျဖစ္သည္။ အေမရိကန္တို႔သည္ ႐ုရွားကို အင္အား ခ်ည့္နဲ႔ ေအာင္ျပဳလုပ္ျခင္း၊ ယူကရိန္းကို စစ္လက္နက္ ပစၥည္းမ်ားေရာင္းခ်ျခင္းတို႔ျဖင့္ အက်ိဳးအျမတ္မ်ားစြာ ရရွိခဲ့ၾကသည္။ အေမရိကန္ အခြန္ထမ္းျပည္သူမ်ား၏ ဘီလ်ံေပါင္းမ်ားစြာေသာေငြေၾကးမ်ားသည္ Lockheed Martin Corporation ႏွင့္ Raytheon ကဲ့သို႔ေသာ အေမရိကန္စစ္လက္နက္ပစၥည္း ထုတ္ လုပ္သည့္ကုမၸဏီမ်ားထံ ေရာက္ရွိသြားခဲ့သည္။ အေမရိကန္ႏိုင္ငံသည္ ယူကရိန္းႏိုင္ငံကို (၂၀၂၂) ခုႏွစ္ တစ္ႏွစ္တည္းမွာပင္ စစ္ေရးအကူအညီ အေမရိ ကန္ေဒၚလာ ဘီလ်ံ (၁၀ဝ)ေက်ာ္ အကူအညီေပးခဲ့ရာ လက္နက္ထုတ္လုပ္သည့္ကုမၸဏီမ်ားသာ အက်ိဳး အျမတ္မ်ားစြာရရွိခဲ့သည္။ အေနာက္ႏိုင္ငံမ်ားရွိ ျပည္ သူမ်ားကလည္း သမိုင္းေၾကာင္းတစ္ခုလုံးကို အျပည့္ အဝနားလည္ျခင္းမရွိဘဲ ယူကရိန္းအစိုးရကို မ်က္ စိမွိတ္၍ေထာက္ခံခဲ့ၾကသည္။ ႐ုရွားႏိုင္ငံကို စီးပြား ေရးအရ အထီးက်န္ဆန္ေအာင္ျပဳလုပ္ခဲ့ေသာ္လည္း တ႐ုတ္၊ အိႏၵိယႏွင့္အာဖရိကစသည့္ Global South ႏိုင္ငံမ်ားသည္ အေနာက္ႏိုင္ငံမ်ား၏ သေဘာထား အျမင္မ်ားကို အျပည့္အဝေထာက္ခံျခင္းမရွိခဲ့ပါ။ မည္သို႔ပင္ျဖစ္ေစ အေနာက္မီဒီယာမ်ား၏ တစ္ဖက္ သတ္ေဖာ္ျပခ်က္မ်ားသည္ ကမာၻ႔ျပည္သူအမ်ားစု၏သေဘာထားအျမင္ကိုပုံေဖာ္ခဲ့ၿပီး ယူကရိန္းအစိုးရ ကိုဆက္လက္ ေထာက္ခံကာ က်ိဳးေၾကာင္းဆီေလ်ာ္စြာ ေဝဖန္ဆန္း စစ္သူမ်ား၏သေဘာထား အျမင္ မ်ားမွာ တိမ္ျမဳပ္ေနဆဲျဖစ္သည္။ ပဋိပကၡတြင္ပါဝင္ေနသည့္ႏွစ္ႏိုင္ငံလုံး ၏ သေဘာထားကို နားလည္မွ သာ အေျခအေနမွန္ကို အနီးစပ္ဆုံးနားလည္ႏိုင္မည္ျဖစ္သည္။
အေမရိကန္ႏွင့္ တ႐ုတ္တို႔ အျပန္အလွန္ မည္သို႔ပုံေဖာ္ၾကသနည္း
အေမရိကန္ႏွင့္ တ႐ုတ္ႏိုင္ငံတို႔သည္လည္း ပုံရိပ္ေဖာ္ၫႊန္းသည့္ Narrative ပိုင္းတြင္လည္း ၿပိဳင္ ဆိုင္ေနၾကသည္။ အေမရိကန္တို႔ေဖာ္ၫႊန္းသည့္ Narrative တြင္ တ႐ုတ္ႏိုင္ငံသည္ ဒီမိုကေရစီအတြက္ ၿခိမ္းေျခာက္မႈတစ္ခုျဖစ္ၿပီး ကမာၻႀကီးကို လႊမ္းမိုးလိုသည္ဟု ပုံေဖာ္ေလ့ရွိသည္။ တ႐ုတ္တို႔ေဖာ္ၫႊန္း သည့္ Narrative တြင္မူ အေမရိကန္ႏိုင္ငံသည္ တ႐ုတ္ႏိုင္ငံ၏ အင္အားႀကီးမားလာမႈကို ရပ္တန႔္ရန္ အတြက္ ဝါဒျဖန႔္ခ်ိေနျခင္းသာျဖစ္ၿပီး က်ဆင္းေနေသာ အင္ပါယာတစ္ခုသာျဖစ္သည္ဟု ပုံေဖာ္ေလ့ရွိ သည္။ အေမရိကန္မီဒီယာမ်ားသည္ ရွန္က်န္း၊ ေဟာင္ေကာင္စသည့္ တ႐ုတ္ႏိုင္ငံ၏ လူ႔အခြင့္အေရး ကိစၥမ်ားကို အေလးေပးေဖာ္ျပၾကသည္။ တ႐ုတ္မီဒီ ယာမ်ားကလည္း အေနာက္မီဒီယာမ်ား၏ ေဖာ္ၫႊန္း ခ်က္မ်ားကို ႏိုင္ငံပိုင္မီဒီယာမ်ားျဖစ္သည့္ CGTN ႏွင့္ Global Times တို႔မွ တစ္ဆင့္တုံ႔ျပန္ေလ့ရွိသည္။ အေမရိကန္ႏိုင္ငံေရးသမားမ်ားသည္ တ႐ုတ္လူမႈမီ ဒီယာပလက္ေဖာင္းျဖစ္သည့္ Tik Tok ကို တ႐ုတ္ သူလွ်ိဳကိရိယာအျဖစ္ ေဝဖန္ေျပာဆိုသည္။ တ႐ုတ္ႏိုင္ငံကလည္း အေမရိကန္လူမႈမီဒီယာျဖစ္သည့္ Facebook ကို သတင္းတု၊ သတင္းမွား ျဖန႔္ခ်ိရာ ပလက္ေဖာင္းတစ္ခုျဖစ္သည္ဟုတုံ႔ျပန္သည္။ နည္းပညာပိုင္းအရၾကည့္ပါကလည္း အေမရိကန္နည္းပညာ ကုမၸဏီ OpenAI က ChatGPT ကို ဖန္တီး ခဲ့သကဲ့သို႔ တ႐ုတ္နည္းပညာကုမၸဏီတစ္ခုျဖစ္သည့္ High-Flyer ကလည္း Deepseek ကို ဖန္တီး ခဲ့သည္။
မၿပီးဆုံးသည့္ Narrative စစ္ပြဲ
အျမင္ကြဲျပားမႈမွာ အဟန႔္အတားတစ္ခု မဟုတ္ပါ။ သေဘာထားအျမင္မ်ား ပိုမိုက်ယ္ျပန႔္ ေအာင္၊ ပိုၿပီးျဖန႔္ၾကက္ျမင္ႏိုင္ေအာင္ ႀကိဳးစားၾကရန္ သာအေရးႀကီးသည္။ အေနာက္မီဒီယာမ်ား လႊမ္းမိုး ထား သည့္ကမာၻတစ္ခုတည္းတြင္ အေျခခ်ေနထိုင္ ပါက ကြၽန္ေတာ္တို႔အျမင္မ်ား က်ဥ္းေျမာင္းေနၾကဦးမည္ ျဖစ္သည္။ ယေန႔ေခတ္အရပ္စကားႏွင့္ဆိုရပါမူ Facebook မွာ ဖတ္လိုက္ရသည္ဟုဆို႐ုံျဖင့္ အေၾကာင္း အရာတစ္ခုကို လက္ခံၾကမည္ဆိုပါက Western Narrative ၏ ေလာင္းရိပ္ေအာက္မွ ႐ုန္းထြက္ႏိုင္ၾကဦး မည္မဟုတ္ပါ။ သို႔ျဖစ္ရာ အေၾကာင္းကိစၥတစ္ခုအေပၚတြင္ ဒုတိယအျမင္ရွိရန္ လိုအပ္သကဲ့သို႔ တတိယ အျမင္ႏွင့္ စတုတၳအျမင္လည္း ရွိရန္လိုအပ္သည္။ အေနာက္မီဒီယာမ်ားက ေဖာ္ၫႊန္းသည့္ Narrative မ်ားအေပၚတြင္သာ ေက်နပ္၍မေနဘဲ အတြင္းသ႐ုပ္မွန္ကို ရႈေထာင့္မ်ိဳးစုံ၊ အရင္းအျမစ္မ်ိဳးစုံျဖင့္ ျဖန႔္ၾကက္ၾကည့္ရႈရန္ လိုအပ္ပါလိမ့္မည္။ ပုံရိပ္ေဖာ္ၫႊန္းသည့္ Narrative စစ္ပြဲမွာ မည္သည့္အခါမွ ၿပီးဆုံးမည့္ စစ္ပြဲတစ္ခုမဟုတ္ပါ။ စစ္ပြဲမ်ားကို လက္နက္ဆန္းမ်ားျဖင့္တိုက္ေနၾကသကဲ့သို႔ ပုံရိပ္ေဖာ္ၫႊန္းသည့္ Narrative နည္းနာျဖင့္လည္း တိုက္ေနၾကဦးမည္ျဖစ္သည္။ သို႔ျဖစ္ရာ အေၾကာင္း အရာတစ္ခုကို မတူညီသည့္သတင္းဌာနမ်ားမွ သတင္းအရင္းအျမစ္မ်ား၊ မတူညီသည့္သေဘာထားအ ျမင္မ်ား၊ ကြဲျပားေသာရႈေထာင့္မ်ားျဖင့္ ခ်ိန္ထိုးၾကည့္ႏိုင္မွသာ အေနာက္မီဒီယာမ်ားေဖာ္ၫႊန္း သည့္ Narrative ေလာင္းရိပ္ေအာက္မွ ႐ုန္းထြက္ႏိုင္ၾကမည္ျဖစ္ေၾကာင္း တင္ျပရသည္။
Related news
© 2021. All rights reserved.