တောင်ကိုရီးယားက တရုတ်ခရီးသွားများကို ဗီဇာကင်းလွတ်ခွင့် ပေးမည်

215

Pika (NP News) - မတ် ၂၁
တောင်ကိုရီးယားအစိုးရသည် ယခုနှစ် နှောင်းပိုင်းတွင် ကျင်းပမည့် အာရှ-ပစိဖိတ်ထိပ်သီး အစည်းအဝေးမတိုင်မီ ခရီးသွားလုပ်ငန်းကို မြှင့်တင် ရန်အတွက် ယခုနှစ် တတိယသုံးလပတ်တွင် တရုတ် ခရီးသွားများကို ဗီဇာကင်းလွတ်ခွင့်ပေးမည်ဖြစ်ကြောင်း မတ်လ(၂၀)ရက်တွင် ထုတ်ပြန်ပြောဆိုခဲ့ သည်။ တောင်ကိုရီးယား၊ အခြားအာရှနှင့် ဥရောပ ရှိနိုင်ငံများမှ နိုင်ငံသားများအတွက် စီးပွားရေး၊ ခရီး သွားနှင့် မိသားစုအလည်အပတ်ခရီးများသွားလာမှု ဆိုင်ရာ ဗီဇာကင်းလွတ်ခွင့်ကို ယခုနှစ်ကုန်အထိ သက်တမ်းတိုးရန် တရုတ်အစိုးရက ပြီးခဲ့သည့် နှစ် နိုဝင်ဘာလတွင် ဆုံးဖြတ်ချက်ချခဲ့ပြီးနောက် တောင် ကိုရီးယားအစိုးရ၏ ထုတ်ပြန်ကြေညာချက် ထွက်ပေါ် လာခြင်းဖြစ်သည်။
တောင်ကိုရီးယားယာယီသမ္မတ Choi Sangmok က'တောင်ကိုရီးယားကို တရုတ်ခရီး သွားတွေ လာရောက်လည်ပတ်မှု ပြန်လည်ကောင်းမွန် လာစေဖို့အတွက် တရုတ်နိုင်ငံကခရီးသွားအုပ်စုတွေ အတွက် ယာယီဗီဇာကင်းလွတ်ခွင့်ကို ယခုနှစ် တတိ ယ သုံးလပတ်မှာ ကျွန်တော်တို့ မိတ်ဆက်သွားမှာ ပါ"ဟုပြောဆိုခဲ့သည်။
ထို့ပြင် တောင်ကိုရီးယားအစိုးရသည် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး (APEC)ဖိုရမ်အတွက် နိုင်ငံပေါင်း(၂၁)နိုင်ငံမှခေါင်း ဆောင်များ၏ ထိပ်သီးအစည်းအဝေးကို နိုင်ငံအရှေ့ တောင်ပိုင်းရှိ Gyeongi မြို့တွင် ကျင်းပရန်စီစဉ် ထားကြောင်းလည်းသိရသည်။ ပြီးခဲ့သည့်နှစ်တွင် တောင်ကိုရီးယားကို ခရီးသွား (၁၆ ဒသမ ၄)သန်း လာရောက်လည်ပတ်ခဲ့ပြီး (၂၀၂၃)ခုနှစ်နှင့် နှိုင်းယှဉ်မည်ဆိုပါက (၄၈)ရာခိုင်နှုန်း တိုးလာခဲ့ကြောင်းသိရ သည်။
တောင်ကိုရီးယားအစိုးရ၏ ဒေတာအချက်အလက်များအရ တရုတ်နိုင်ငံသားများ၏ လာရောက် လည်ပတ်မှုသည် နိုင်ငံတွင်းသို့လာရောက်လည်ပတ်မှု စုစုပေါင်း၏ (၂၈)ရာခိုင်နှုန်းရှိကြောင်းသိရသည်။တောင်ကိုရီးယားနိုင်ငံသို့ လာရောက်လည်ပတ်မှု စုစုပေါင်း၏ သုံးပုံပုံ တစ်ပုံနီးပါးသည် အသက်(၂၀)နှင့် (၃၀)နှစ်ကြား အမျိုးသမီးများဖြစ်ကြောင်း ဒေတာအချက်အလက်များအရသိရသည်။
zawgyi version
ေတာင္ကိုရီးယားက တ႐ုတ္ခရီးသြားမ်ားကို ဗီဇာကင္းလြတ္ခြင့္ ေပးမည္
Pika (NP News) - မတ္ ၂၁
ေတာင္ကိုရီးယားအစိုးရသည္ ယခုႏွစ္ ေႏွာင္းပိုင္းတြင္ က်င္းပမည့္ အာရွ-ပစိဖိတ္ထိပ္သီး အစည္းအေဝးမတိုင္မီ ခရီးသြားလုပ္ငန္းကို ျမႇင့္တင္ ရန္အတြက္ ယခုႏွစ္ တတိယသုံးလပတ္တြင္ တ႐ုတ္ ခရီးသြားမ်ားကို ဗီဇာကင္းလြတ္ခြင့္ေပးမည္ျဖစ္ေၾကာင္း မတ္လ(၂၀)ရက္တြင္ ထုတ္ျပန္ေျပာဆိုခဲ့ သည္။ ေတာင္ကိုရီးယား၊ အျခားအာရွႏွင့္ ဥေရာပ ရွိႏိုင္ငံမ်ားမွ ႏိုင္ငံသားမ်ားအတြက္ စီးပြားေရး၊ ခရီး သြားႏွင့္ မိသားစုအလည္အပတ္ခရီးမ်ားသြားလာမႈ ဆိုင္ရာ ဗီဇာကင္းလြတ္ခြင့္ကို ယခုႏွစ္ကုန္အထိ သက္တမ္းတိုးရန္ တ႐ုတ္အစိုးရက ၿပီးခဲ့သည့္ ႏွစ္ ႏိုဝင္ဘာလတြင္ ဆုံးျဖတ္ခ်က္ခ်ခဲ့ၿပီးေနာက္ ေတာင္ ကိုရီးယားအစိုးရ၏ ထုတ္ျပန္ေၾကညာခ်က္ ထြက္ေပၚ လာျခင္းျဖစ္သည္။
ေတာင္ကိုရီးယားယာယီသမၼတ Choi Sangmok က'ေတာင္ကိုရီးယားကို တ႐ုတ္ခရီး သြားေတြ လာေရာက္လည္ပတ္မႈ ျပန္လည္ေကာင္းမြန္ လာေစဖို႔အတြက္ တ႐ုတ္ႏိုင္ငံကခရီးသြားအုပ္စုေတြ အတြက္ ယာယီဗီဇာကင္းလြတ္ခြင့္ကို ယခုႏွစ္ တတိ ယ သုံးလပတ္မွာ ကြၽန္ေတာ္တို႔ မိတ္ဆက္သြားမွာ ပါ"ဟုေျပာဆိုခဲ့သည္။
ထို႔ျပင္ ေတာင္ကိုရီးယားအစိုးရသည္ အာရွ-ပစိဖိတ္ စီးပြားေရးပူးေပါင္းေဆာင္႐ြက္ေရး (APEC)ဖိုရမ္အတြက္ ႏိုင္ငံေပါင္း(၂၁)ႏိုင္ငံမွေခါင္း ေဆာင္မ်ား၏ ထိပ္သီးအစည္းအေဝးကို ႏိုင္ငံအေရွ႕ ေတာင္ပိုင္းရွိ Gyeongi ၿမိဳ႕တြင္ က်င္းပရန္စီစဥ္ ထားေၾကာင္းလည္းသိရသည္။ ၿပီးခဲ့သည့္ႏွစ္တြင္ ေတာင္ကိုရီးယားကို ခရီးသြား (၁၆ ဒသမ ၄)သန္း လာေရာက္လည္ပတ္ခဲ့ၿပီး (၂၀၂၃)ခုႏွစ္ႏွင့္ ႏႈိင္းယွဥ္မည္ဆိုပါက (၄၈)ရာခိုင္ႏႈန္း တိုးလာခဲ့ေၾကာင္းသိရ သည္။
ေတာင္ကိုရီးယားအစိုးရ၏ ေဒတာအခ်က္အလက္မ်ားအရ တ႐ုတ္ႏိုင္ငံသားမ်ား၏ လာေရာက္ လည္ပတ္မႈသည္ ႏိုင္ငံတြင္းသို႔လာေရာက္လည္ပတ္မႈ စုစုေပါင္း၏ (၂၈)ရာခိုင္ႏႈန္းရွိေၾကာင္းသိရသည္။ေတာင္ကိုရီးယားႏိုင္ငံသို႔ လာေရာက္လည္ပတ္မႈ စုစုေပါင္း၏ သုံးပုံပုံ တစ္ပုံနီးပါးသည္ အသက္(၂၀)ႏွင့္ (၃၀)ႏွစ္ၾကား အမ်ိဳးသမီးမ်ားျဖစ္ေၾကာင္း ေဒတာအခ်က္အလက္မ်ားအရသိရသည္။