ရုရှားနှင့်အမေရိကန်သမ္မတတို့က အချင်းချင်း အပြန်အလှန်ယုံကြည်မှုရှိကြောင်း ရုရှားအစိုးရပြော

 281

Pika (NP News) - မတ် ၂၁

ရုရှားသမ္မတပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့သည် အချင်းချင်း အပြန်အလှန် ယုံ ကြည်မှုရှိကြောင်း ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်က ထုတ်ပြန်ပြောဆိုခဲ့သည်။မကြာသေးမီက ပူတင်နှင့် ဒေါ်နယ်ထရမ့်တို့ကြား လုပ်ဆောင်ခဲ့သော ဖုန်းခေါ်ဆိုမှုနှင့်ပတ်သက်ပြီး ဒီမစ်ထရီပက်စကော့ဗ်က ယခုကဲ့သို့ ထုတ်ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။

ပူတင်နှင့် ဒေါ်နယ်ထရမ့်တို့သည် အချိန် (၂)နာရီခွဲခန့်ကြာမြင့်ခဲ့သော ဖုန်းခေါ်ဆိုမှုအတွင်း ယူ ကရိန်းပဋိပက္ခဖြေရှင်းရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ ကြကြောင်း ဒီမစ်ထရီပက်စကော့ဗ်ကပြော ကြားခဲ့ သည်။ ထို့ပြင်ပူတင်သည် အစောပိုင်းတွင် ဒေါ်နယ်ထ ရမ့်က အဆိုပြုခဲ့သော ယူကရိန်းတွင် ရက်ပေါင်း(၃၀)ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အပြုသဘောဆောင်သော တုံ့ပြန်မှုများ လုပ် ဆောင်ခဲ့ပြီး ပဏာမခြေလှမ်းအနေဖြင့် စွမ်းအင်နှင့်အခြေခံအ ဆောက်အအုံဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို သဘောတူညီခဲ့ကြောင်းသိရသည်။

အဆိုပါဖုန်းခေါ်ဆိုမှုအတွင်း ပူတင်နှင့် ဒေါ်နယ်ထရမ့်တို့သည် အရှေ့အလယ်ပိုင်းဒေသရှိ အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ဒီမစ်ထရီပက်စကော့ဗ်က"ပူတင်နဲ့ ဒေါ်နယ်ထရမ့်တို့ဟာ တစ်ဦးနဲ့တစ်ဦး နားလည်ယုံ ကြည်ပြီး ရုရှား-အမေရိကန်ဆက်ဆံရေးကို ပုံမှန်ပြန် ဖြစ်သွားအောင် အဆင့်ဆင့်လုပ်ဆောင်သွားဖို့ ရည် ရွယ်ချက်ရှိတယ်ဆိုတာကို ကျွန်တော်ယုံကြည်ချက် အပြည့်နဲ့ပြောနိုင်ပါတယ်။ ပြီးတော့ နောက်ထပ်ဆက် သွယ်မှုတွေအတွက် ခိုင်မာတဲ့ရက်စွဲတွေနဲ့ စီစဉ်မှုတွေလည်း ရှိလာပါလိမ့်မယ်"ဟုပြောဆိုခဲ့သည်။

ထို့ပြင် ရုရှားနှင့် အမေရိကန်တို့ကြား အဆိုပါအချက်အလက်များကို သဘောတူညီပြီးပါက အသေး စိတ်အချက်အလက်များကို ထပ်မံထုတ်ပြန်ပြောကြားသွားမည်ဖြစ်ကြောင်း ဒီမစ်ထရီ ပက်စ ကော့ဗ်က ပြောကြားခဲ့သည်။

zawgyi version
႐ုရွားႏွင့္အေမရိကန္သမၼတတို႔က အခ်င္းခ်င္း အျပန္အလွန္ယုံၾကည္မႈရွိေၾကာင္း ႐ုရွားအစိုးရေျပာ
Pika (NP News) - မတ္ ၂၁

႐ုရွားသမၼတပူတင္ႏွင့္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္တို႔သည္ အခ်င္းခ်င္း အျပန္အလွန္ ယုံ ၾကည္မႈရွိေၾကာင္း ႐ုရွားအစိုးရေျပာေရးဆိုခြင့္ရွိသူ ဒီမစ္ထရီပက္စေကာ့ဗ္က ထုတ္ျပန္ေျပာဆိုခဲ့သည္။မၾကာေသးမီက ပူတင္ႏွင့္ ေဒၚနယ္ထရမ့္တို႔ၾကား လုပ္ေဆာင္ခဲ့ေသာ ဖုန္းေခၚဆိုမႈႏွင့္ပတ္သက္ၿပီး ဒီမစ္ထရီပက္စေကာ့ဗ္က ယခုကဲ့သို႔ ထုတ္ျပန္ေျပာဆိုခဲ့ျခင္းျဖစ္သည္။

ပူတင္ႏွင့္ ေဒၚနယ္ထရမ့္တို႔သည္ အခ်ိန္ (၂)နာရီခြဲခန႔္ၾကာျမင့္ခဲ့ေသာ ဖုန္းေခၚဆိုမႈအတြင္း ယူ ကရိန္းပဋိပကၡေျဖရွင္းေရးကိစၥရပ္မ်ားကို ေဆြးေႏြးခဲ့ ၾကေၾကာင္း ဒီမစ္ထရီပက္စေကာ့ဗ္ကေျပာ ၾကားခဲ့ သည္။ ထို႔ျပင္ပူတင္သည္ အေစာပိုင္းတြင္ ေဒၚနယ္ထ ရမ့္က အဆိုျပဳခဲ့ေသာ ယူကရိန္းတြင္ ရက္ေပါင္း(၃၀)ၾကာ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ကို အျပဳသေဘာေဆာင္ေသာ တုံ႔ျပန္မႈမ်ား လုပ္ ေဆာင္ခဲ့ၿပီး ပဏာမေျခလွမ္းအေနျဖင့္ စြမ္းအင္ႏွင့္အေျခခံအ ေဆာက္အအုံဆိုင္ရာ အပစ္အခတ္ရပ္စဲေရးကို သေဘာတူညီခဲ့ေၾကာင္းသိရသည္။

အဆိုပါဖုန္းေခၚဆိုမႈအတြင္း ပူတင္ႏွင့္ ေဒၚနယ္ထရမ့္တို႔သည္ အေရွ႕အလယ္ပိုင္းေဒသရွိ အေျခအေနမ်ားကိုလည္း ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။ ဒီမစ္ထရီပက္စေကာ့ဗ္က"ပူတင္နဲ႔ ေဒၚနယ္ထရမ့္တို႔ဟာ တစ္ဦးနဲ႔တစ္ဦး နားလည္ယုံ ၾကည္ၿပီး ႐ုရွား-အေမရိကန္ဆက္ဆံေရးကို ပုံမွန္ျပန္ ျဖစ္သြားေအာင္ အဆင့္ဆင့္လုပ္ေဆာင္သြားဖို႔ ရည္ ႐ြယ္ခ်က္ရွိတယ္ဆိုတာကို ကြၽန္ေတာ္ယုံၾကည္ခ်က္ အျပည့္နဲ႔ေျပာႏိုင္ပါတယ္။ ၿပီးေတာ့ ေနာက္ထပ္ဆက္ သြယ္မႈေတြအတြက္ ခိုင္မာတဲ့ရက္စြဲေတြနဲ႔ စီစဥ္မႈေတြလည္း ရွိလာပါလိမ့္မယ္"ဟုေျပာဆိုခဲ့သည္။

ထို႔ျပင္ ႐ုရွားႏွင့္ အေမရိကန္တို႔ၾကား အဆိုပါအခ်က္အလက္မ်ားကို သေဘာတူညီၿပီးပါက အေသး စိတ္အခ်က္အလက္မ်ားကို ထပ္မံထုတ္ျပန္ေျပာၾကားသြားမည္ျဖစ္ေၾကာင္း ဒီမစ္ထရီ ပက္စ ေကာ့ဗ္က ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.