အကြမ်းဖက်မှုများရှိနေကာ လုံခြုံမှုမရှိပါက မည်သည့်ရင်းနှီးမြုပ်နှံသူမှလာမည်မဟုတ်ဟု နစကဥက္ကဋ္ဌပြော

 442

သန့်ဇင် (NP News) - မတ် ၂၁

နိုင်ငံတော်တွင် အကြမ်းဖက်မှုများရှိနေကာ လုံခြုံမှုမရှိပါက မည်သည့်ရင်းနှီးမြုပ်နှံသူမှလာမည်မဟုတ်ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ (မတ်လ ၂၁ ရက်) နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-(၁)တွင် ကျင်းပပြုလုပ်သော “(၂၀၂၅)အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့်အခွင့်အလမ်းများ” အမည်ဖြင့် သုံးသပ်ဆွေးနွေးပွဲ၌ အထက်ပါကဲ့သို့ ထည့်သွင်းဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် လုံခြုံရေးနှင့်ပတ်သက်၍ နိုင်ငံတော်တွင် တည်ငြိမ်အေးချမ်းမှုများ ပျက်ပြားနေကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။
“ဒီအကြမ်းဖက်တိုက်ခိုက်မှုကို ကျွန်တော်တို့လုပ်တာ မဟုတ်ပါဘူး။ သဘောထားကွဲလွဲတာတွေကို ဆန့်ကျင်ဖို့အတွက် အကြမ်းဖက်မှုတွေ လုပ်လာခဲ့တာဖြစ်တယ်။ ဒါတွေသာ မရှိဘူးဆိုရင် ကျွန်တော်တို့မှာ opportunity တွေကျွန်တော်တို့မှာရှိပါတယ်။ သမိုင်းအရ မြန်မာနိုင်ငံရဲ့မြေပေါ်မြေအောက်သယံဇာတနဲ့ လူသားအရင်းမြစ်တွေအခြေအနေအရ။ မြန်မာနိုင်ငံရဲ့ပထဝီဝင်အနေအထားအရဆိုရင် ကျွန်တော်တို့မှာ ကျွန်တော်တို့မှာ opportunity တွေအများကြီးရှိပါတယ်” ဟု နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံရေးတည်ငြိမ်အေးချမ်းနေမည်ဆိုပါက ပြည်ပရင်းနှီးမြုပ်နှံမှုများ ရောက်ရှိလာမည်ဖြစ်ကြောင်းလည်း နစကဥက္ကဋ္ဌက ဆွေးနွေးပွဲတွင်ထည့်သွင်းပြောကြားခဲ့သည်။

“လုံခြုံရေးကလည်းတည်ငြိမ်အေးချမ်းမယ်ဆိုရင် FDI (Foreign Direct Investment ) တွေလာမှာဖြစ်ပါတယ်။ ကုန်သည်ကတော့ ကုန်သွယ်ဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားမှာပဲ။ အခုတရားမဝင် ကုန်သွယ်မှုဟာတွေ လုပ်တာလည်း ကုန်သည်တွေလုပ်တာပဲပေါ့။ ဘယ်လိုပဲဖြစ်ဖြစ်သူတို့ပစ္စည်းတွေရောင်းလို့ဝယ်လို့ ရောင်းလို့ရအောင် သူတို့နည်းလမ်းပေါင်းစုံနဲ့ကြိုးစားကြတာပဲ။ ဒါပေမယ့် ရင်းနီးမြုပ်နှံဖို့ကျတော့စွန့်စားဖို့လိုပါတယ်။ ရင်းနှီးမြုပ်နှံမှုမှာ အာမခံချက်ရှိဖို့လိုပါတယ်။ ရင်းနှီးမြုပ်နှံမှုကတော့ နေရာတစ်ခုမှာ သေချာလုပ်လိုက်တာပဲ” ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ထို့ကြောင့် အမှန်တကယ် တိုင်းပြည်တိုးတက်စေချင်ပါက ရင်းနှီးမြုပ်နှံသူများ လာရောက်ရင်းနှီးမြုပ်နှံကြစေရန် နိုင်ရေးသည်လည်း လုံခြုံတည်ငြိမ်အေးချမ်းမှုရရှိအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့သည်။

“နိုင်ငံရေးအရစိတ်ချ တည်ငြိမ်အေးချမ်းမှုမရှိရင် ရင်းနီးမြုပ်နှံဖို့လည် ဘယ်လိုမှ လာဖို့အကြောင်းမရှိပါဘူး။ ဟိုနားဆူဆူပူပူဖြစ် ဒီနားဆူဆူ ပူပူဖြစ်ရင်လည်း နိုင်ငံရးအရဖြစ်လို့ရှိရင်လည်း နိုင်ငံရေးအရ နောက်တွန့်နေမှာပါပဲ။ ဒီလိုပဲအကြမ်းဖက်မှုတွေ တိုက်ခိုက်မှုတွေရှိနေရင် လုံခြုံမှုမရှိရင် ရင်းနှီးမြုပ်နှံဖို့ကိုဘယ်လိုမှ လာလုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့က ကျွန်တော်တို့ တိုင်းပြည်တကယ် တိုးတက်စေချင်တယ်ဆိုလို့ရှိရင် ရင်းနှီးမြုပ်နှံမှုတွေလုပ်နိုင်ဖို့အတွက် နိုင်ငံရေးမှာလည်း လုံခြုံတဲ့တည်ငြိမ်အေးချမ်းမှုရှိအောင် လုပ်ဖို့လည်း လိုပါတယ်” ဟု နစကဥက္ကဋ္ဌက ဆိုသည်။

အၾကမ္းဖက္မႈမ်ားရွိေနကာ လုံၿခဳံမႈမရွိပါက မည္သည့္ရင္းႏွီးျမဳပ္ႏွံသူမွလာမည္မဟုတ္ဟု နစကဥကၠ႒ေျပာ
သန႔္ဇင္ (NP News) - မတ္ ၂၁

ႏိုင္ငံေတာ္တြင္ အၾကမ္းဖက္မႈမ်ားရွိေနကာ လုံၿခဳံမႈမရွိပါက မည္သည့္ရင္းႏွီးျမဳပ္ႏွံသူမွလာမည္မဟုတ္ေၾကာင္း ႏိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္၊ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္၊ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ယေန႔ (မတ္လ ၂၁ ရက္) နံနက္ပိုင္းက ေနျပည္ေတာ္ရွိ ျမန္မာအျပည္ျပည္ဆိုင္ရာကြန္ဗင္းရွင္းဗဟိုဌာန-(၁)တြင္ က်င္းပျပဳလုပ္ေသာ “(၂၀၂၅)အလြန္ ဗဟုဝင္႐ိုးကမာၻတြင္ ျမန္မာႏိုင္ငံႀကဳံေတြ႕လာရမည့္ စိန္ေခၚမႈမ်ားႏွင့္အခြင့္အလမ္းမ်ား” အမည္ျဖင့္ သုံးသပ္ေဆြးေႏြးပြဲ၌ အထက္ပါကဲ့သို႔ ထည့္သြင္းေဆြးေႏြးေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါေဆြးေႏြးပြဲတြင္ လုံၿခဳံေရးႏွင့္ပတ္သက္၍ ႏိုင္ငံေတာ္တြင္ တည္ၿငိမ္ေအးခ်မ္းမႈမ်ား ပ်က္ျပားေနေၾကာင္း နစကဥကၠ႒က ဆိုသည္။
“ဒီအၾကမ္းဖက္တိုက္ခိုက္မႈကို ကြၽန္ေတာ္တို႔လုပ္တာ မဟုတ္ပါဘူး။ သေဘာထားကြဲလြဲတာေတြကို ဆန႔္က်င္ဖို႔အတြက္ အၾကမ္းဖက္မႈေတြ လုပ္လာခဲ့တာျဖစ္တယ္။ ဒါေတြသာ မရွိဘူးဆိုရင္ ကြၽန္ေတာ္တို႔မွာ opportunity ေတြကြၽန္ေတာ္တို႔မွာရွိပါတယ္။ သမိုင္းအရ ျမန္မာႏိုင္ငံရဲ႕ေျမေပၚေျမေအာက္သယံဇာတနဲ႔ လူသားအရင္းျမစ္ေတြအေျခအေနအရ။ ျမန္မာႏိုင္ငံရဲ႕ပထဝီဝင္အေနအထားအရဆိုရင္ ကြၽန္ေတာ္တို႔မွာ ကြၽန္ေတာ္တို႔မွာ opportunity ေတြအမ်ားႀကီးရွိပါတယ္” ဟု နစကဥကၠ႒ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။

ထို႔ေနာက္ ႏိုင္ငံေရးတည္ၿငိမ္ေအးခ်မ္းေနမည္ဆိုပါက ျပည္ပရင္းႏွီးျမဳပ္ႏွံမႈမ်ား ေရာက္ရွိလာမည္ျဖစ္ေၾကာင္းလည္း နစကဥကၠ႒က ေဆြးေႏြးပြဲတြင္ထည့္သြင္းေျပာၾကားခဲ့သည္။

“လုံၿခဳံေရးကလည္းတည္ၿငိမ္ေအးခ်မ္းမယ္ဆိုရင္ FDI (Foreign Direct Investment ) ေတြလာမွာျဖစ္ပါတယ္။ ကုန္သည္ကေတာ့ ကုန္သြယ္ဖို႔အတြက္ နည္းလမ္းေပါင္းစုံနဲ႔ ႀကိဳးစားမွာပဲ။ အခုတရားမဝင္ ကုန္သြယ္မႈဟာေတြ လုပ္တာလည္း ကုန္သည္ေတြလုပ္တာပဲေပါ့။ ဘယ္လိုပဲျဖစ္ျဖစ္သူတို႔ပစၥည္းေတြေရာင္းလို႔ဝယ္လို႔ ေရာင္းလို႔ရေအာင္ သူတို႔နည္းလမ္းေပါင္းစုံနဲ႔ႀကိဳးစားၾကတာပဲ။ ဒါေပမယ့္ ရင္းနီးျမဳပ္ႏွံဖို႔က်ေတာ့စြန႔္စားဖို႔လိုပါတယ္။ ရင္းႏွီးျမဳပ္ႏွံမႈမွာ အာမခံခ်က္ရွိဖို႔လိုပါတယ္။ ရင္းႏွီးျမဳပ္ႏွံမႈကေတာ့ ေနရာတစ္ခုမွာ ေသခ်ာလုပ္လိုက္တာပဲ” ဟု နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။

ထို႔ေၾကာင့္ အမွန္တကယ္ တိုင္းျပည္တိုးတက္ေစခ်င္ပါက ရင္းႏွီးျမဳပ္ႏွံသူမ်ား လာေရာက္ရင္းႏွီးျမဳပ္ႏွံၾကေစရန္ ႏိုင္ေရးသည္လည္း လုံၿခဳံတည္ၿငိမ္ေအးခ်မ္းမႈရရွိေအာင္ လုပ္ေဆာင္ရမည္ျဖစ္ေၾကာင္း နစကဥကၠ႒က ထည့္သြင္းေျပာၾကားခဲ့သည္။

“ႏိုင္ငံေရးအရစိတ္ခ် တည္ၿငိမ္ေအးခ်မ္းမႈမရွိရင္ ရင္းနီးျမဳပ္ႏွံဖို႔လည္ ဘယ္လိုမွ လာဖို႔အေၾကာင္းမရွိပါဘူး။ ဟိုနားဆူဆူပူပူျဖစ္ ဒီနားဆူဆူ ပူပူျဖစ္ရင္လည္း ႏိုင္ငံရးအရျဖစ္လို႔ရွိရင္လည္း ႏိုင္ငံေရးအရ ေနာက္တြန႔္ေနမွာပါပဲ။ ဒီလိုပဲအၾကမ္းဖက္မႈေတြ တိုက္ခိုက္မႈေတြရွိေနရင္ လုံၿခဳံမႈမရွိရင္ ရင္းႏွီးျမဳပ္ႏွံဖို႔ကိုဘယ္လိုမွ လာလုပ္ႏိုင္မွာ မဟုတ္ပါဘူး။ ဒါေၾကာင့္မို႔ ကြၽန္ေတာ္တို႔က ကြၽန္ေတာ္တို႔ တိုင္းျပည္တကယ္ တိုးတက္ေစခ်င္တယ္ဆိုလို႔ရွိရင္ ရင္းႏွီးျမဳပ္ႏွံမႈေတြလုပ္ႏိုင္ဖို႔အတြက္ ႏိုင္ငံေရးမွာလည္း လုံၿခဳံတဲ့တည္ၿငိမ္ေအးခ်မ္းမႈရွိေအာင္ လုပ္ဖို႔လည္း လိုပါတယ္” ဟု နစကဥကၠ႒က ဆိုသည္။

Related news

© 2021. All rights reserved.