အမေရိကန်က ဒုတိယမြောက်လေယာဉ်တင်သင်္ဘောတစ်စီးကို အရှေ့အလယ်ပိုင်းဒေသမှာ ဖြန့်ကျက်ချထားမယ်

 2724

Pika (NP News) - မတ် ၂၂

အမေရိကန်က ယီမင်အခြေစိုက်ဟူသီလက်နက်ကိုင်အဖွဲ့ကို တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေမှုနဲ့အတူ အရှေ့အလယ်ပိုင်းဒေသရေပြင်မှာ ဒုတိယမြောက်လေယာဉ်တင်သင်္ဘောကို ဖြန့်ကျက်ချထားတာ အပါအဝင် အမေရိကန်စစ်အင်အားတိုးချဲ့မယ့်အစီအစဉ်တွေကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အစိုးရက ပြန်လည်သုံးသပ် လျက်ရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း အမေရိကန်တပ်ဖွဲ့တွေဟာ ယီမင်အခြေစိုက်ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့ အခြေခံ အဆောက်အဦးတွေကိုပစ်မှတ်ထားတဲ့ တိကျတဲ့လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် နေ့စဉ်တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေမှုနဲ့အတူ အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်ဟာ နောက်ထပ်တပ်ဖွဲ့ဝင်တွေနဲ့ လေကြောင်းရန်ကာကွယ်ရေးစွမ်းရည်တွေ ဖြန့်ကျက်ချထားဖို့အစီအစဉ်တွေကို အပြီးသတ်လုပ်ဆောင်နေတယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

အဲဒီအစီအစဉ်တွေရဲ့အဓိကရည်ရွယ်ချက်ဟာ ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့စစ်ရေးစွမ်းရည်တွေကို ကျဆင်းစေပြီး ပင်လယ်နီအတွင်းသွားလာနေတဲ့ ကုန်တင်သင်္ဘောတွေကို တိုက်ခိုက်နေတာတွေကို ဟန့်တားဖို့ဖြစ်တယ်လို့လည်း သိရပါတယ်။ဒါ့ပြင် ကုန်တင်သင်္ဘောတွေကို ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့တိုက်ခိုက်မှုတွေ ရပ်တန့်သွားတဲ့အချိန် အထိ အဲဒီစစ်ဆင်ရေးတွေကို ဆက်လက်လုပ်ဆောင်ဖို့ တာဝန်ရှိသူတွေက မျှော်လင့်ထားတယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အေမရိကန္က ဒုတိယေျမာက္ေလယာဥ္တင္သေဘၤာတစ္စီးကို အေရွ႕အလယ္ပိုင္းေဒသမွာ ျဖန႔္က်က္ခ်ထားမယ္
Pika (NP News) - မတ္ ၂၂

အေမရိကန္က ယီမင္အေျခစိုက္ဟူသီလက္နက္ကိုင္အဖြဲ႕ကို တိုက္ခိုက္မႈေတြ ဆက္လက္လုပ္ေဆာင္ေနမႈနဲ႔အတူ အေရွ႕အလယ္ပိုင္းေဒသေရျပင္မွာ ဒုတိယေျမာက္ေလယာဥ္တင္သေဘၤာကို ျဖန႔္က်က္ခ်ထားတာ အပါအဝင္ အေမရိကန္စစ္အင္အားတိုးခ်ဲ႕မယ့္အစီအစဥ္ေတြကို အေမရိကန္သမၼတေဒၚနယ္ထရမ့္အစိုးရက ျပန္လည္သုံးသပ္ လ်က္ရွိတယ္လို႔ သိရပါတယ္။
ၿပီးခဲ့တဲ့သီတင္းပတ္ေတြအတြင္း အေမရိကန္တပ္ဖြဲ႕ေတြဟာ ယီမင္အေျခစိုက္ဟူသီလက္နက္ကိုင္အဖြဲ႕ရဲ႕ အေျခခံ အေဆာက္အဦးေတြကိုပစ္မွတ္ထားတဲ့ တိက်တဲ့ေလေၾကာင္းတိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ ေန႔စဥ္တိုက္ခိုက္မႈေတြ ဆက္လက္လုပ္ေဆာင္ေနမႈနဲ႔အတူ အေမရိကန္စစ္ဌာနခ်ဳပ္ပင္တဂြန္ဟာ ေနာက္ထပ္တပ္ဖြဲ႕ဝင္ေတြနဲ႔ ေလေၾကာင္းရန္ကာကြယ္ေရးစြမ္းရည္ေတြ ျဖန႔္က်က္ခ်ထားဖို႔အစီအစဥ္ေတြကို အၿပီးသတ္လုပ္ေဆာင္ေနတယ္လို႔ တာဝန္ရွိသူေတြက ေျပာၾကားခဲ့ပါတယ္။

အဲဒီအစီအစဥ္ေတြရဲ႕အဓိကရည္႐ြယ္ခ်က္ဟာ ဟူသီလက္နက္ကိုင္အဖြဲ႕ရဲ႕စစ္ေရးစြမ္းရည္ေတြကို က်ဆင္းေစၿပီး ပင္လယ္နီအတြင္းသြားလာေနတဲ့ ကုန္တင္သေဘၤာေတြကို တိုက္ခိုက္ေနတာေတြကို ဟန႔္တားဖို႔ျဖစ္တယ္လို႔လည္း သိရပါတယ္။ဒါ့ျပင္ ကုန္တင္သေဘၤာေတြကို ဟူသီလက္နက္ကိုင္အဖြဲ႕ရဲ႕တိုက္ခိုက္မႈေတြ ရပ္တန႔္သြားတဲ့အခ်ိန္ အထိ အဲဒီစစ္ဆင္ေရးေတြကို ဆက္လက္လုပ္ေဆာင္ဖို႔ တာဝန္ရွိသူေတြက ေမွ်ာ္လင့္ထားတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.