ဟားမက်လက်နက်ကိုင်အဖွဲ့ရဲ့စစ်ထောက်လှမ်းရေးအကြီးအကဲကို သတ်ပစ်နိုင်ခဲ့တယ်လို့ အစ္စရေးစစ်ဘက်ပြော

1390

Pika (NP News) - မတ် ၂၂
ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းမှာ ဟားမက်လက်နက်ကိုင်အဖွဲ့ရဲ့စစ်ထောက်လှမ်းရေးအကြီးအကဲကို သတ်ပစ် နိုင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က မတ်လ(၂၁)ရက်မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ထုတ်ပြန်ချက်တစ်ခုမှာ အစ္စရေးစစ်တပ်ဟာ ဟားမက်လက်နက်ကိုင်အဖွဲ့စစ်ထောက်လှမ်းရေးအကြီးအကဲကို အိုစမာတာဘက်ရှ်လို့ အမည်တပ်ခဲ့တယ်လို့လည်း သိရပါတယ်။
အိုစမာတာဘက်ရှိဟာ ဟားမက်လက်နက်ကိုင်အဖွဲ့ရဲ့ထောက်လှမ်းရေးနဲ့ ပစ်မှတ်ထားတပ်ဖွဲ့တွေရဲ့အကြီးအကဲ ဖြစ်တယ်လို့လည်း သိရပါတယ်။ အဲဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ဟားမက်လက်နက်ကိုင်အဖွဲ့က မှတ်ချက်ပြု ပြောဆိုတာမျိုးမရှိသေးဘူးလို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဂါဇာကမ်းမြောင်ဒေသအပေါ် အစ္စရေးရဲ့လေကြောင်းနဲ့ မြေပြင်စစ်ဆင်ရေးတွေ ပြန်လည် စတင်မှုဟာ ကျယ်ပြန့်တဲ့ပြစ်တင်ရှုတ်ချမှုတွေကို ဖြစ်ပေါ်လာစေခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် အစ္စရေးရဲ့ စစ်ဆင်ရေးတွေပြန်လည်စတင်မှုကို တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက ပြစ်တင်ရှုတ်ချခဲ့တယ်လို့လည်း သိရပါတယ်။
အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “အစ္စရေးတပ်ဖွဲ့တွေဟာ ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းမှာ ဟားမက်လက်နက်ကိုင်အဖွဲ့ရဲ့အကြီးအကဲတွေကို သတ်ပစ်နိုင်ခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ဟားမက္လက္နက္ကိုင္အဖြဲ႕ရဲ႕စစ္ေထာက္လွမ္းေရးအႀကီးအကဲကို သတ္ပစ္ႏိုင္ခဲ့တယ္လို႔ အစၥေရးစစ္ဘက္ေျပာ
Pika (NP News) - မတ္ ၂၂
ဂါဇာကမ္းေျမာင္ေဒသေတာင္ပိုင္းမွာ ဟားမက္လက္နက္ကိုင္အဖြဲ႕ရဲ႕စစ္ေထာက္လွမ္းေရးအႀကီးအကဲကို သတ္ပစ္ ႏိုင္ခဲ့တယ္လို႔ အစၥေရးစစ္တပ္က မတ္လ(၂၁)ရက္မွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ထုတ္ျပန္ခ်က္တစ္ခုမွာ အစၥေရးစစ္တပ္ဟာ ဟားမက္လက္နက္ကိုင္အဖြဲ႕စစ္ေထာက္လွမ္းေရးအႀကီးအကဲကို အိုစမာတာဘက္ရွ္လို႔ အမည္တပ္ခဲ့တယ္လို႔လည္း သိရပါတယ္။
အိုစမာတာဘက္ရွိဟာ ဟားမက္လက္နက္ကိုင္အဖြဲ႕ရဲ႕ေထာက္လွမ္းေရးနဲ႔ ပစ္မွတ္ထားတပ္ဖြဲ႕ေတြရဲ႕အႀကီးအကဲ ျဖစ္တယ္လို႔လည္း သိရပါတယ္။ အဲဒီထုတ္ျပန္ခ်က္နဲ႔ပတ္သက္ၿပီး ဟားမက္လက္နက္ကိုင္အဖြဲ႕က မွတ္ခ်က္ျပဳ ေျပာဆိုတာမ်ိဳးမရွိေသးဘူးလို႔လည္း သိရပါတယ္။
ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း ဂါဇာကမ္းေျမာင္ေဒသအေပၚ အစၥေရးရဲ႕ေလေၾကာင္းနဲ႔ ေျမျပင္စစ္ဆင္ေရးေတြ ျပန္လည္ စတင္မႈဟာ က်ယ္ျပန႔္တဲ့ျပစ္တင္ရႈတ္ခ်မႈေတြကို ျဖစ္ေပၚလာေစခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ အစၥေရးရဲ႕ စစ္ဆင္ေရးေတြျပန္လည္စတင္မႈကို တူရကီႏိုင္ငံျခားေရးဝန္ႀကီးဌာနက ျပစ္တင္ရႈတ္ခ်ခဲ့တယ္လို႔လည္း သိရပါတယ္။
အစၥေရးစစ္တပ္ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက “အစၥေရးတပ္ဖြဲ႕ေတြဟာ ဂါဇာကမ္းေျမာင္ေဒသေတာင္ပိုင္းမွာ ဟားမက္လက္နက္ကိုင္အဖြဲ႕ရဲ႕အႀကီးအကဲေတြကို သတ္ပစ္ႏိုင္ခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။