ဓါတ်ငွေ့အဆောက်အဦးကို ယူကရိန်းရဲ့တိုက်ခိုက်မှုက အကြမ်းဖက်လုပ်ရပ်တစ်ခုဖြစ်တယ်လို့ ရုရှားဝေဖန်

 80

Pika (NP News) - မတ် ၂၂

ယူကရိန်းနဲ့ထိစပ်နေတဲ့နယ်စပ်မှာရှိတဲ့ Sudzha ဓါတ်ငွေ့တိုင်းတာရေးစခန်းကို ယူကရိန်းတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှု ကို ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီက အကြမ်းဖက်လုပ်ရပ်အဖြစ် သတ်မှတ်ခဲ့ပြီး ရာဇဝတ်မှုဆိုင်ရာ စုံစမ်း စစ်ဆေးမှုတစ်ရပ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီဖြစ်ရပ်ဟာ မတ်လ(၂၁)ရက်အစောပိုင်းမှာ ရုရှားနိုင်ငံကာ့စ်ဒေသမှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ အဲဒီစက်ရုံကို ရုရှားရဲ့သဘာဝဓါတ်ငွေ့တွေကို ယူကရိန်းကနေတစ်ဆင့် ဥရောပနိုင်ငံတွေဆီကို ပေးပို့ ဖို့ ယခင်က အသုံးပြုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီက “ပြီးခဲ့တဲ့ရက်ပိုင်းမှာ ရုရှားပိုင်နက်နယ်မြေကို တရားမဝင်ကျူးကျော် ဝင်ရောက်လာတဲ့ ယူကရိန်းစစ်သားတစ်ဦးဟာ Sudzha ဓါတ်ငွေ့တိုင်းတာရေးစခန်းကို ပစ်မှတ်ထားပြီး ဗုံးခွဲ တိုက်ခိုက်ခဲ့ပါတယ်။ ရလဒ်အနေနဲ့ အဲဒီစက်ရုံက သိသိသာသာကို ထိခိုက်ပျက်စီးသွားခဲ့ပါတယ်” လို့ ပြောခဲ့ပါ တယ်။

ဒါ့ပြင် ရုရှားအာဏာပိုင်တွေဟာ အဲဒီရာဇဝတ်မှုမှာ ပါဝင်ပတ်သက်နေတဲ့သူတွေကို ဖော်ထုတ်အရေးယူဖို့ ကတိပြုထားတယ်လို့လည်း သိရပါတယ်။ ရုရှား နဲ့ ယူကရိန်းကြား ရက်ပေါင်း(၃၀)ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိဖို့ ကြိုးပမ်းမှုတွေရှိနေစဉ်အချိန်အတွင်းမှာပဲ အဲဒီတိုက်ခိုက်မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။

Zawgyi Version:
ဓါတ္ေငြ႕အေဆာက္အဦးကို ယူကရိန္းရဲ႕တိုက္ခိုက္မႈက အၾကမ္းဖက္လုပ္ရပ္တစ္ခုျဖစ္တယ္လို႔ ႐ုရွားေဝဖန္
Pika (NP News) - မတ္ ၂၂

ယူကရိန္းနဲ႔ထိစပ္ေနတဲ့နယ္စပ္မွာရွိတဲ့ Sudzha ဓါတ္ေငြ႕တိုင္းတာေရးစခန္းကို ယူကရိန္းတပ္ဖြဲ႕ေတြရဲ႕တိုက္ခိုက္မႈ ကို ႐ုရွားစုံစမ္းစစ္ေဆးေရးေကာ္မတီက အၾကမ္းဖက္လုပ္ရပ္အျဖစ္ သတ္မွတ္ခဲ့ၿပီး ရာဇဝတ္မႈဆိုင္ရာ စုံစမ္း စစ္ေဆးမႈတစ္ရပ္ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။
အဲဒီျဖစ္ရပ္ဟာ မတ္လ(၂၁)ရက္အေစာပိုင္းမွာ ႐ုရွားႏိုင္ငံကာ့စ္ေဒသမွာ ျဖစ္ပြားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ အဲဒီစက္႐ုံကို ႐ုရွားရဲ႕သဘာဝဓါတ္ေငြ႕ေတြကို ယူကရိန္းကေနတစ္ဆင့္ ဥေရာပႏိုင္ငံေတြဆီကို ေပးပို႔ ဖို႔ ယခင္က အသုံးျပဳခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
႐ုရွားစုံစမ္းစစ္ေဆးေရးေကာ္မတီက “ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ႐ုရွားပိုင္နက္နယ္ေျမကို တရားမဝင္က်ဴးေက်ာ္ ဝင္ေရာက္လာတဲ့ ယူကရိန္းစစ္သားတစ္ဦးဟာ Sudzha ဓါတ္ေငြ႕တိုင္းတာေရးစခန္းကို ပစ္မွတ္ထားၿပီး ဗုံးခြဲ တိုက္ခိုက္ခဲ့ပါတယ္။ ရလဒ္အေနနဲ႔ အဲဒီစက္႐ုံက သိသိသာသာကို ထိခိုက္ပ်က္စီးသြားခဲ့ပါတယ္” လို႔ ေျပာခဲ့ပါ တယ္။

ဒါ့ျပင္ ႐ုရွားအာဏာပိုင္ေတြဟာ အဲဒီရာဇဝတ္မႈမွာ ပါဝင္ပတ္သက္ေနတဲ့သူေတြကို ေဖာ္ထုတ္အေရးယူဖို႔ ကတိျပဳထားတယ္လို႔လည္း သိရပါတယ္။ ႐ုရွား နဲ႔ ယူကရိန္းၾကား ရက္ေပါင္း(၃၀)ၾကာ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ရရွိဖို႔ ႀကိဳးပမ္းမႈေတြရွိေနစဥ္အခ်ိန္အတြင္းမွာပဲ အဲဒီတိုက္ခိုက္မႈ ထြက္ေပၚလာတာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.