ယူကရိန်းအတွက် စစ်ရေးအကူအညီအသစ် ယူရို(၃)ဘီလျံကို ဂျာမနီအစိုးရအတည်ပြု

 1477

Pika (NP News) - မတ် ၂၂

ယူကရိန်းအတွက် စစ်ရေးအကူအညီအသစ် ယူရို(၃)ဘီလျံကို ဂျာမနီအစိုးရက မတ်လ(၂၁)ရက်မှာ အတည်ပြုခဲ့ တယ်လို့ သိရပါတယ်။ ရုရှားနဲ့ယူကရိန်းကြား ရက်ပေါင်း(၃၀)ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိဖို့ ကြိုးပမ်းမှုတွေ ရှိနေချိန်အတွင်းမှာပဲ ဂျာမနီအစိုးရရဲ့ယူကရိန်းအတွက် စစ်ရေးအကူအညီအသစ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အဲဒီငွေကြေးတွေကို ခဲယမ်းမီးကျည်တွေ၊ ဒရုန်းတွေ၊ သံချပ်ကာယာဉ်တွေနဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ အပါအဝင် ရုရှားတပ်ဖွဲ့တွေကို တိုက်ခိုက်နေတဲ့ယူကရိန်းနိုင်ငံရဲ့ ကာကွယ်ရေးပစ္စည်းတွေ အတွက် ရည်မှန်းထားတယ်လို့လည်း သိရပါတယ်။
ဂျာမနီအစိုးရရဲ့ စစ်ရေးအကူအညီအသစ်တွေနဲ့ပတ်သက်ပြီး ကျေးဇူးတင်မိတယ်လို့ ယူကရိန်းသမ္မတဇီလန်စကီးက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် ဂျာမနီအစိုးရရဲ့စစ်ရေးအကူအညီအသစ်ဟာ ယူကရိန်းနိုင်ငံသားတွေရဲ့ အသက်တွေကို ကယ်ဆယ်ပေးမယ့် ယူကရိန်းအလိုအပ်ဆုံးအရာတွေကို ထောက်ပံ့ပေးနိုင်လိမ့်မယ်လို့လည်း ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။
ဇီလန်စကီး က “ဂျာမနီကာကွယ်ရေးစက်မှုလုပ်ငန်းနဲ့အတူ စာချုပ်တွေကို အနာဂတ်အတွက် လက်မှတ်ရေးထိုး သွားမှာပါ။ ဒါက ရေရှည်လုံခြုံရေးအာမခံချက်တွေကိုတည်ဆောက်ဖို့ သိသာထင်ရှားတဲ့ ခြေလှမ်းတစ်ခုပဲ ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ယူကရိန္းအတြက္ စစ္ေရးအကူအညီအသစ္ ယူ႐ို(၃)ဘီလ်ံကို ဂ်ာမနီအစိုးရအတည္ျပဳ
Pika (NP News) - မတ္ ၂၂

ယူကရိန္းအတြက္ စစ္ေရးအကူအညီအသစ္ ယူ႐ို(၃)ဘီလ်ံကို ဂ်ာမနီအစိုးရက မတ္လ(၂၁)ရက္မွာ အတည္ျပဳခဲ့ တယ္လို႔ သိရပါတယ္။ ႐ုရွားနဲ႔ယူကရိန္းၾကား ရက္ေပါင္း(၃၀)ၾကာ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ရရွိဖို႔ ႀကိဳးပမ္းမႈေတြ ရွိေနခ်ိန္အတြင္းမွာပဲ ဂ်ာမနီအစိုးရရဲ႕ယူကရိန္းအတြက္ စစ္ေရးအကူအညီအသစ္ ထြက္ေပၚလာတာ ျဖစ္ပါတယ္။ အဲဒီေငြေၾကးေတြကို ခဲယမ္းမီးက်ည္ေတြ၊ ဒ႐ုန္းေတြ၊ သံခ်ပ္ကာယာဥ္ေတြနဲ႔ ေလေၾကာင္းရန္ ကာကြယ္ေရးစနစ္ေတြ အပါအဝင္ ႐ုရွားတပ္ဖြဲ႕ေတြကို တိုက္ခိုက္ေနတဲ့ယူကရိန္းႏိုင္ငံရဲ႕ ကာကြယ္ေရးပစၥည္းေတြ အတြက္ ရည္မွန္းထားတယ္လို႔လည္း သိရပါတယ္။
ဂ်ာမနီအစိုးရရဲ႕ စစ္ေရးအကူအညီအသစ္ေတြနဲ႔ပတ္သက္ၿပီး ေက်းဇူးတင္မိတယ္လို႔ ယူကရိန္းသမၼတဇီလန္စကီးက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ ဂ်ာမနီအစိုးရရဲ႕စစ္ေရးအကူအညီအသစ္ဟာ ယူကရိန္းႏိုင္ငံသားေတြရဲ႕ အသက္ေတြကို ကယ္ဆယ္ေပးမယ့္ ယူကရိန္းအလိုအပ္ဆုံးအရာေတြကို ေထာက္ပံ့ေပးႏိုင္လိမ့္မယ္လို႔လည္း ဇီလန္စကီးက ေျပာၾကားခဲ့ပါတယ္။
ဇီလန္စကီး က “ဂ်ာမနီကာကြယ္ေရးစက္မႈလုပ္ငန္းနဲ႔အတူ စာခ်ဳပ္ေတြကို အနာဂတ္အတြက္ လက္မွတ္ေရးထိုး သြားမွာပါ။ ဒါက ေရရွည္လုံၿခဳံေရးအာမခံခ်က္ေတြကိုတည္ေဆာက္ဖို႔ သိသာထင္ရွားတဲ့ ေျခလွမ္းတစ္ခုပဲ ျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

ရုရှားနဲ့ယူကရိန်းကြား သဘောတူညီချက်တစ်ခုရရှိဖို့က အလွန်နီးစပ်နေပြီလို့ ဒေါ်နယ်ထရမ့်ပြော Pika (NP News) - ဧပြီ ၂၇ ရုရှားနဲ့ ယူကရိန်းကြား သဘောတူညီချက်တစ်ခုရရှိဖို့က အလွန်နီးစပ်နေပြီလို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် ရုရှားသမ္မတပူတင်ဟာ အမေရိကန်သံတမန်တစ်ဦးနဲ့တွေ့ဆုံစဉ်အချိန်အတွင်း ယူကရိန်းနဲ့တိုက်ရိုက်ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့အတွက် ဖြစ်နိုင်ခြေတွေကို ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း ယူကရိန်းသမ္မတဇီလန်စကီးဟာ ယူကရိန်းက ခရိုင်းမီးယားကျွန်းဆွယ်ကို စွန့်လွှတ်ဖို့အကြံပြုချက် တွေကို ငြင်းဆန်ပယ်ချခဲ့တယ်လို့လည်း သိရပါတယ်။ရုရှားနိုင်ငံ မော်စကိုမြို့အပြင်ဘက်မှာ ကားဗုံးခွဲမှုတစ်ခု အတွင်း ရုရှားထိပ်တန်းဗိုလ်ချုပ်တစ်ဦး သေဆုံးခဲ့ပြီးနောက် ပူတင်နဲ့ အမေရိကန်အထူးသံတမန် စတိဗ်ဝစ်အော့ဖ် တို့ရဲ့တွေ့ဆုံမှုထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်က “ရုရှားနဲ့ ယူကရိန်းတို့ကြား သဘောတူညီချက်တစ်ခုကို ရရှိဖို့ အလွန်နီးစပ်နေပါပြီ။ နှစ်ဖက်စလုံးက ဒီသဘောတူညီချက်ကို ပြီးဆုံးအောင်လုပ်ဆောင်ဖို့အတွက် အဆင့်မြင့်အရာရှိတွေပါဝင်တဲ့ တွေ့ဆုံမှုတွေကို ချက်ချင်းလုပ်ဆောင်သင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။ ဒါ့ပြင် ရုရှားနဲ့ ယူကရိန်းတို့ဟာ စေ့စပ် ညှိနှိုင်းမှုတွေ လုပ်ဆောင်နိုင်စွမ်းမရှိဘူးလို့ ယုံကြည်မှုတွေရှိလာခဲ့မယ်ဆိုရင် အမေရိကန်ဟာ ယူကရိန်းပဋိပက္ခ အတွက် ငြိမ်းချမ်းတဲ့ဖြေရှင်းချက်တွေကိုရှာဖွေဖို့ ကြိုးပမ်းမှုတွေကို စွန့်လွှတ်သွားနိုင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ခြိမ်းခြောက်ပြောဆိုခဲ့ဖူးတယ်လို့လည်း သိရပါတယ်။

27/04/2025 13:30

© 2021. All rights reserved.