ယခင်တစ်ပါတ်ကထက် စက်သုံးဆီဈေးကျဆင်းနေ

 2347

NP News မတ်လ (၂၂)ရက်

ပြည်တွင်းသို့စက်သုံးဆီတင်သွင်းမှု ပုံမှန်ရှိနေသောကြောင့် စက်သုံးဆီဈေးများယခင်တစ်ပါတ်ကထက် အမျိုးအစားအလိုက် တစ်လီတာလျှင်ငွေကျပ် ၇၀ မှ၅၀ ကျပ် အထိကျဆင်းလာကြောင်းဈေးကွက် အတွင်းမှသိရသည်။

“သင်္ကြန်ကာလမှာ စက်သုံးဆီ ပြတ်လပ်မှုမရှိအောင်စီစဥ်ဆောင်ရွက်ထားပါတယ် သီလဝါဆိပ်ကမ်းမှာ လက်တလော ဆီချပေးနေတဲ့ ဆီသင်္ဘော သုံးစီးရှိပါတယ်၊ရန်ကုန်ကိုလာနေတဲ့သင်္ဘော ခုနှစ်စီးရှိပါတယ်” ဟု စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရေးကော်မတီမှတာဝန်ရှိသူတစ်ဦးကပြောသည်။

မတ်လ ၂၂ ရက်နေ့ စက်သုံးဆီပေါက်ဈေးများမှာ ရန်ကုန်မြို့အထိုင်ဈေးအဖြစ် 92ဓါတ်ဆီတစ်လီတာလျှင် (၂၉၉၀)ကျပ်၊ 95ဓါတ်ဆီတစ်လီတာလျှင် (၃၀၄၅)ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် (၃၂၁၅) ကျပ် နှင့်ဒီဇယ်တစ်လီတာလျှင် (၂၆၀၀) ကျပ် ပေါက်ဈေးရှိကြောင်းသိရသည်။

ဗဟိုဘဏ်မှ စက်သုံးဆီတင်သွင်းရန်လိုအပ်သောဒေါ်လာများဆက်တိုက်ရောင်းချပေးနေခြင်းကြောင့် ယခုကဲ့သို့ စက်သုံးဆီဈေးများကျဆင်းလာခြင်းဖြစ်ကြောင်းသုံးသပ်မှုများလည်းထွက်ပေါ်နေသည်။
လာမည့်ရက်ပိုင်းအတွင်း စက်သုံးဆီသင်္ဘော အစီး၃၀ ဖြင့် ပြည်တွင်းဈေးကွက်အတွင်းသို့စက်သုံးဆီများ တင်သွင်းဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက် အရသိရသည်။

Zawgyi Version:
ယခင္တစ္ပါတ္ကထက္ စက္သုံးဆီေဈးက်ဆင္းေန
NP News မတ္လ (၂၂)ရက္

ျပည္တြင္းသို႔စက္သုံးဆီတင္သြင္းမႈ ပုံမွန္ရွိေနေသာေၾကာင့္ စက္သုံးဆီေဈးမ်ားယခင္တစ္ပါတ္ကထက္ အမ်ိဳးအစားအလိုက္ တစ္လီတာလွ်င္ေငြက်ပ္ ၇၀ မွ၅၀ က်ပ္ အထိက်ဆင္းလာေၾကာင္းေဈးကြက္ အတြင္းမွသိရသည္။

“သၾကၤန္ကာလမွာ စက္သုံးဆီ ျပတ္လပ္မႈမရွိေအာင္စီစဥ္ေဆာင္႐ြက္ထားပါတယ္ သီလဝါဆိပ္ကမ္းမွာ လက္တေလာ ဆီခ်ေပးေနတဲ့ ဆီသေဘၤာ သုံးစီးရွိပါတယ္၊ရန္ကုန္ကိုလာေနတဲ့သေဘၤာ ခုႏွစ္စီးရွိပါတယ္” ဟု စက္သုံးဆီတင္သြင္းသိုေလွာင္ျဖန္႔ျဖဴးေရးေကာ္မတီမွတာဝန္ရွိသူတစ္ဦးကေျပာသည္။

မတ္လ ၂၂ ရက္ေန႔ စက္သုံးဆီေပါက္ေဈးမ်ားမွာ ရန္ကုန္ၿမိဳ႕အထိုင္ေဈးအျဖစ္ 92ဓါတ္ဆီတစ္လီတာလွ်င္ (၂၉၉၀)က်ပ္၊ 95ဓါတ္ဆီတစ္လီတာလွ်င္ (၃၀၄၅)က်ပ္၊ ပရီမီယံဒီဇယ္ တစ္လီတာလွ်င္ (၃၂၁၅) က်ပ္ ႏွင့္ဒီဇယ္တစ္လီတာလွ်င္ (၂၆၀၀) က်ပ္ ေပါက္ေဈးရွိေၾကာင္းသိရသည္။

ဗဟိုဘဏ္မွ စက္သုံးဆီတင္သြင္းရန္လိုအပ္ေသာေဒၚလာမ်ားဆက္တိုက္ေရာင္းခ်ေပးေနျခင္းေၾကာင့္ ယခုကဲ့သို႔ စက္သုံးဆီေဈးမ်ားက်ဆင္းလာျခင္းျဖစ္ေၾကာင္းသုံးသပ္မႈမ်ားလည္းထြက္ေပၚေနသည္။
လာမည့္ရက္ပိုင္းအတြင္း စက္သုံးဆီသေဘၤာ အစီး၃၀ ျဖင့္ ျပည္တြင္းေဈးကြက္အတြင္းသို႔စက္သုံးဆီမ်ား တင္သြင္းျဖန႔္ျဖဴးသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္ အရသိရသည္။

Related news

© 2021. All rights reserved.