အမေရိကန်မှ ပြည်နှင်ခံရသောမြန်မာများကို အစိုးရက ကြိုဆိုလက်ခံမည်

 9617

ပုံစာ _ လေဆိပ်မှ ဝင်ရောက်လာသည့်လူများကိုတွေ့မြင်ရစဉ်

Pearl (NP News) - မတ် ၂၂

အမေရိကန်နိုင်ငံမှ ပြည်နှင်ခံရသောမြန်မာများကို အစိုးရက ကြိုဆိုလက်ခံမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့ (မတ်လ ၂၁ရက်) တွင် ထုတ်ပြန်ထားသည်။


ကမ္ဘာ့နိုင်ငံများအနေဖြင့် သက်ဆိုင်ရာနိုင်ငံ၏ အကျိုးစီးပွားကို ထိပါးသူ သို့မဟုတ် ရာဇဝတ်မှုများ ကျူးလွန်ထားသူ၊ တရားမဝင် ရွှေ့ပြောင်းရောက်ရှိသူ နိုင်ငံခြားသားများကို ဥပဒေကြောင်းအရ ပြည်နှင်မှုများကို ပြုလုပ်လေ့ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။


အလားတူ အမေရိကန်အစိုးရသစ်၏ ဦးစားပေးမူဝါဒများအရ လူဝင်မှုကြီးကြပ်ရေး စည်းမျဉ်းစည်းကမ်းများနှင့် ငြိစွန်းသူများ၊ ပြစ်မှုကျူးလွန်ထားသော နိုင်ငံခြားသားများကိုလည်း ပြည်နှင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။


ထိုသို့ ဥပဒေငြိစွန်းသူများအား သက်ဆိုင်ရာ နိုင်ငံများသို့ ပြည်နှင်ရာတွင် မြန်မာနိုင်ငံသို့ ပြည်နှင်သူများနှင့် ပတ်သက်၍ သက်ဆိုင်ရာ အမေရိကန်အစိုးရ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ကာ ၎င်းတို့အား စိစစ်လက်ခံရေး ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။


ထိုသို့ဆောင်ရွက်လျက်ရှိရာ ပထမအသုတ်အနေဖြင့် ၂ ဦးမှာ မတ်လ ၁၉ ရက်နေ့ တွင် တစ်ဦးရောက်ရှိခဲ့ပြီး ကျန်တစ်ဦးမှာ မတ်လ ၂၈ ရက်နေ့များတွင် လေကြောင်းခရီးဖြင့် မြန်မာနိုင်ငံသို့ သီးခြားစီရောက်ရှိမည်ဖြစ်ပြီး တာဝန်ရှိသူများက ကြိုဆိုစောင့်ရှောက်ပံ့ပိုးမှုများ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။


နိုင်ငံသားများအနေဖြင့် ပြည်ပသို့ တရားဝင်လမ်းကြောင်းမှသာ ထွက်ခွာကြရန် ၊ ရောက်ရှိရာ နိုင်ငံတိုင်းတွင် သက်ဆိုင်ရာ ပြည်တွင်းဥပဒေများကို လိုက်နာကြရန် လိုအပ်ကြောင်း နှင့် အမိနိုင်ငံအတွင်း၌ ဥပဒေ‌ဘောင်အတွင်း နေထိုင်ခြင်းသည်သာ အကောင်းဆုံးဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Zawgyi Version:
အေမရိကန္မွ ျပည္ႏွင္ခံရေသာျမန္မာမ်ားကို အစိုးရက ႀကိဳဆိုလက္ခံမည္


Pearl (NP News) - မတ္ ၂၂

အေမရိကန္ႏိုင္ငံမွ ျပည္ႏွင္ခံရေသာျမန္မာမ်ားကို အစိုးရက ႀကိဳဆိုလက္ခံမည္ျဖစ္ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ယမန္ေန႔ (မတ္လ ၂၁ရက္) တြင္ ထုတ္ျပန္ထားသည္။


ကမာၻ႔ႏိုင္ငံမ်ားအေနျဖင့္ သက္ဆိုင္ရာႏိုင္ငံ၏ အက်ိဳးစီးပြားကို ထိပါးသူ သို႔မဟုတ္ ရာဇဝတ္မႈမ်ား က်ဴးလြန္ထားသူ၊ တရားမဝင္ ေ႐ႊ႕ေျပာင္းေရာက္ရွိသူ ႏိုင္ငံျခားသားမ်ားကို ဥပေဒေၾကာင္းအရ ျပည္ႏွင္မႈမ်ားကို ျပဳလုပ္ေလ့ရွိေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ဆိုသည္။


အလားတူ အေမရိကန္အစိုးရသစ္၏ ဦးစားေပးမူဝါဒမ်ားအရ လူဝင္မႈႀကီးၾကပ္ေရး စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္ ၿငိစြန္းသူမ်ား၊ ျပစ္မႈက်ဴးလြန္ထားေသာ ႏိုင္ငံျခားသားမ်ားကိုလည္း ျပည္ႏွင္မႈမ်ား ျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။


ထိုသို႔ ဥပေဒၿငိစြန္းသူမ်ားအား သက္ဆိုင္ရာ ႏိုင္ငံမ်ားသို႔ ျပည္ႏွင္ရာတြင္ ျမန္မာႏိုင္ငံသို႔ ျပည္ႏွင္သူမ်ားႏွင့္ ပတ္သက္၍ သက္ဆိုင္ရာ အေမရိကန္အစိုးရ အဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္ကာ ၎တို႔အား စိစစ္လက္ခံေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ဆိုသည္။


ထိုသို႔ေဆာင္႐ြက္လ်က္ရွိရာ ပထမအသုတ္အေနျဖင့္ ၂ ဦးမွာ မတ္လ ၁၉ ရက္ေန႔ တြင္ တစ္ဦးေရာက္ရွိခဲ့ၿပီး က်န္တစ္ဦးမွာ မတ္လ ၂၈ ရက္ေန႔မ်ားတြင္ ေလေၾကာင္းခရီးျဖင့္ ျမန္မာႏိုင္ငံသို႔ သီးျခားစီေရာက္ရွိမည္ျဖစ္ၿပီး တာဝန္ရွိသူမ်ားက ႀကိဳဆိုေစာင့္ေရွာက္ပံ့ပိုးမႈမ်ား ေဆာင္႐ြက္ေပးမည္ ျဖစ္ေၾကာင္း သိရသည္။


ႏိုင္ငံသားမ်ားအေနျဖင့္ ျပည္ပသို႔ တရားဝင္လမ္းေၾကာင္းမွသာ ထြက္ခြာၾကရန္ ၊ ေရာက္ရွိရာ ႏိုင္ငံတိုင္းတြင္ သက္ဆိုင္ရာ ျပည္တြင္းဥပေဒမ်ားကို လိုက္နာၾကရန္ လိုအပ္ေၾကာင္း ႏွင့္ အမိႏိုင္ငံအတြင္း၌ ဥပေဒ‌ေဘာင္အတြင္း ေနထိုင္ျခင္းသည္သာ အေကာင္းဆုံးျဖစ္ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။

Related news

ရုရှားနဲ့ယူကရိန်းကြား သဘောတူညီချက်တစ်ခုရရှိဖို့က အလွန်နီးစပ်နေပြီလို့ ဒေါ်နယ်ထရမ့်ပြော Pika (NP News) - ဧပြီ ၂၇ ရုရှားနဲ့ ယူကရိန်းကြား သဘောတူညီချက်တစ်ခုရရှိဖို့က အလွန်နီးစပ်နေပြီလို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် ရုရှားသမ္မတပူတင်ဟာ အမေရိကန်သံတမန်တစ်ဦးနဲ့တွေ့ဆုံစဉ်အချိန်အတွင်း ယူကရိန်းနဲ့တိုက်ရိုက်ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့အတွက် ဖြစ်နိုင်ခြေတွေကို ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း ယူကရိန်းသမ္မတဇီလန်စကီးဟာ ယူကရိန်းက ခရိုင်းမီးယားကျွန်းဆွယ်ကို စွန့်လွှတ်ဖို့အကြံပြုချက် တွေကို ငြင်းဆန်ပယ်ချခဲ့တယ်လို့လည်း သိရပါတယ်။ရုရှားနိုင်ငံ မော်စကိုမြို့အပြင်ဘက်မှာ ကားဗုံးခွဲမှုတစ်ခု အတွင်း ရုရှားထိပ်တန်းဗိုလ်ချုပ်တစ်ဦး သေဆုံးခဲ့ပြီးနောက် ပူတင်နဲ့ အမေရိကန်အထူးသံတမန် စတိဗ်ဝစ်အော့ဖ် တို့ရဲ့တွေ့ဆုံမှုထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်က “ရုရှားနဲ့ ယူကရိန်းတို့ကြား သဘောတူညီချက်တစ်ခုကို ရရှိဖို့ အလွန်နီးစပ်နေပါပြီ။ နှစ်ဖက်စလုံးက ဒီသဘောတူညီချက်ကို ပြီးဆုံးအောင်လုပ်ဆောင်ဖို့အတွက် အဆင့်မြင့်အရာရှိတွေပါဝင်တဲ့ တွေ့ဆုံမှုတွေကို ချက်ချင်းလုပ်ဆောင်သင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။ ဒါ့ပြင် ရုရှားနဲ့ ယူကရိန်းတို့ဟာ စေ့စပ် ညှိနှိုင်းမှုတွေ လုပ်ဆောင်နိုင်စွမ်းမရှိဘူးလို့ ယုံကြည်မှုတွေရှိလာခဲ့မယ်ဆိုရင် အမေရိကန်ဟာ ယူကရိန်းပဋိပက္ခ အတွက် ငြိမ်းချမ်းတဲ့ဖြေရှင်းချက်တွေကိုရှာဖွေဖို့ ကြိုးပမ်းမှုတွေကို စွန့်လွှတ်သွားနိုင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ခြိမ်းခြောက်ပြောဆိုခဲ့ဖူးတယ်လို့လည်း သိရပါတယ်။

27/04/2025 13:30

© 2021. All rights reserved.