အီရန်နျူကလီးယားအရေးအတွက် အမေရိကန် နှင့် အစ္စရေး ဆွေးနွေးမည်

 89

ဂျန်ဇက် (NP News) - မတ် ၂၂

ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး အီရန်နှင့် အစ္စရေးနိုင်ငံကြားအငြင်းပွားမှုများမြင့်တက်နေချိန်တွင် အမေရိကန်အစိုးရ သည် လာမည့်သီတင်းပတ်အတွင်း အစ္စရေးအစိုးရအဖွဲ့အဆင့်မြင့်အရာရှိကြီးများနှင့်တွေ့ဆုံဆွေးနွေးမည်ဖြစ် ကြောင်း သိရသည်။
ဒေါ်နယ်ထရမ့်သည် အမေရိကန်သမ္မတအဖြစ်တာဝန်ယူပြီးနောက် မတ်လအစောပိုင်းတွင် အီရန်ခေါင်းဆောင်များ ထံသို့ စာပို့ခဲ့ပြီး အဆိုပါစာထဲတွင် အီရန်နိုင်ငံအနေဖြင့် စစ်ရေးအရ အရေးယူဆောင်ရွက်ခြင်းကိုရင်ဆိုင်ရန် (သို့မဟုတ်) အမေရိကန်နိုင်ငံနှင့် နျူကလီးယားသဘောတူညီမှုစာချုပ်လက်မှတ်ရေးထိုးရန် ရွေးချယ်ခွင့်နှစ်ခု ပေးထားကြောင်း သိရသည်။
အဆိုပါ စာနှင့်ပတ်သက်ပြီးအမေရိကန် နှင့်အီရန်နိုင်ငံကြားအငြင်းပွားမှုများဖြစ်ပွားလျက်ရှိနေကြောင်း သိရသည်။ အစ္စရေး၏ မဟာဗျူဟာရေးရာဝန်ကြီး ရွန်ဒါမာ နှင့် အစ္စရေးအမျိုးသားလုံခြုံရေးအကြံပေးတို့ ဦးဆောင်သောအဖွဲ့ သည် လာမည့်သီတင်းပတ်တွင်အမေရိကန်နိုင်ငံသို့ သွားရောက်ကာအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အပါအဝင် အမေရိကန်အစိုးရတာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
အမေရိကန်နှင့် အစ္စရေးအစိုးရတာဝန်ရှိသူများသည် လာမည့်သီတင်းပတ်အတွင်း တွေ့ဆုံရာမှာ အီရန်နှင့် အမေရိကန်နျူကလီးယားကိစ္စ အပါအဝင် အီရန်နှင့်ဆက်နွယ်သည့် ဒေသအတွင်းအရေးကိစ္စများကို အဓိကထား ဆွေးနွေးမည်ဖြစ်သည်။ အီရန်နိုင်ငံ၏ အမြင့်ဆုံးဘာသာရေးခေါင်းဆောင် အယာတိုလာခါမေနီက အီရန်နိုင်ငံ အနေဖြင့် စေ့စပ်ဆွေးနွေးရာတွင် အနိုင်ကျင့်ခံမည်မဟုတ်ဟု တုံ့ပြန်ထားသည်။
အီရန်နိုင်ငံခြားရေးဝန်ကြီးကလည်း အီရန်သည် အမေရိကန်သမ္မတ ၏ စာနှင့်ပတ်သက်ပြီး ခြိမ်းခြောက်မှုများ၊ အခွင့်ရေးများကို စဉ်းစားနေကြောင်း ပြောသည်။
ဒေါ်နယ်ထရမ့်သည် ပင်လယ်နီအတွင်း အီရန်နိုင်ငံ၏အထောက်ပံ့ရရှိထားသည့် ဟူသီလက်နက်ကိုင်အဖွဲ့ကို တိုက်ခိုက်ရန် အမေရိကန်တပ်ဖွဲ့ဝင်များကို အမိန့်ပေးခဲ့ကြောင်း သိရသည်။ ဟူသီလက်နက်ကိုင်အဖွဲ့၏ လုပ်ရပ်များကို ထိန်းချုပ်ခြင်းမရှိဘူးဆိုလျှင် အီရန်နိုင်ငံအနေဖြင့် တာဝန်ပြန်ယူရမည်ဖြစ်ကြောင်း အမေရိကန် သမ္မတ က သတိပေးထားသည်။ ဒေါ်နယ်ထရမ့်သည် အမေရိကန်သမ္မတအဖြစ် တာဝန်ယူခဲ့ပြီးနောက်ပိုင်း အီရန်နိုင်ငံကို အထီးကျန်ဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် ဖိအားပေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ဒေါ်နယ်ထရမ့်သည် အမေရိကန်သမ္မတအဖြစ် ပထမအကြိမ်တာဝန်ယူချိန်တုန်းကလည်း အီရန်နိုင်ငံ၏ နျူကလီးယားကိစ္စနှင့်ဆက်နွယ်ပြီး အငြင်းပွားမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဒေါ်နယ်ထရမ့်သည် အမေရိကန် သမ္မတအဖြစ် ပထမအကြိမ်တာဝန်ယူချိန်အတွင်း အီရန်နှင့် ကမ္ဘာအင်အားကြီးနိုင်ငံများကြား ချုပ်ဆိုထားသည့် နျူကလီးယားစာချုပ်မှ နုတ်ထွက်ခဲ့ပြီး အီရန်နိုင်ငံအပေါ် ပိတ်ဆို့မှုများချမှတ်ခဲ့သည်။ အနောက်အုပ်စုနိုင်ငံများ ကြားတွင်လည်း အီရန်နိုင်ငံက နျူကလီးယားပိုင်ဆိုင်မည်ဆိုလျှင် အစ္စရေးနှင့်ပင်လယ်ကွေ့အတွင်းရှိ ရေနံ ထုတ်လုပ်သည့်နိုင်ငံများကို ခြိမ်းခြောက်လာမည်ကို စိုးရိမ်မှုမြင့်တက်နေသလို ဒေသအတွင်း လက်နက်ပြိုင်ဆိုင်မှု မြင့်တက်လာမည်ကို စိုးရိမ်နေကြောင်း သိရသည်။
အီရန်သည် ဂါဇာစစ်ပွဲနှင့်ဆက်နွယ်ပြီး အစ္စရေးနှင့် ပြီးခဲ့သည့်အတွင်း အပြန်အလှန်တိုက်ခိုက်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ ပြီး လက်ရှိအချိန်တွင်လည်း နှစ်နိုင်ငံကြားတင်းမာမှုများရှိနေကြောင်း သိရသည်။

Zawgyi Version:
အီရန္န်ဴကလီးယားအေရးအတြက္ အေမရိကန္ႏွင့္ အစၥေရးေဆြးေႏြးမည္
ဂ်န္ဇက္ (NP News) - မတ္ ၂၂

ဂါဇာစစ္ပြဲႏွင့္ပတ္သက္ၿပီး အီရန္ႏွင့္ အစၥေရးႏိုင္ငံၾကားအျငင္းပြားမႈမ်ားျမင့္တက္ေနခ်ိန္တြင္ အေမရိကန္အစိုးရ သည္ လာမည့္သီတင္းပတ္အတြင္း အစၥေရးအစိုးရအဖြဲ႕အဆင့္ျမင့္အရာရွိႀကီးမ်ားႏွင့္ေတြ႕ဆုံေဆြးေႏြးမည္ျဖစ္ ေၾကာင္း သိရသည္။
ေဒၚနယ္ထရမ့္သည္ အေမရိကန္သမၼတအျဖစ္တာဝန္ယူၿပီးေနာက္ မတ္လအေစာပိုင္းတြင္ အီရန္ေခါင္းေဆာင္မ်ား ထံသို႔ စာပို႔ခဲ့ၿပီး အဆိုပါစာထဲတြင္ အီရန္ႏိုင္ငံအေနျဖင့္ စစ္ေရးအရ အေရးယူေဆာင္႐ြက္ျခင္းကိုရင္ဆိုင္ရန္ (သို႔မဟုတ္) အေမရိကန္ႏိုင္ငံႏွင့္ န်ဴကလီးယားသေဘာတူညီမႈစာခ်ဳပ္လက္မွတ္ေရးထိုးရန္ ေ႐ြးခ်ယ္ခြင့္ႏွစ္ခု ေပးထားေၾကာင္း သိရသည္။
အဆိုပါ စာႏွင့္ပတ္သက္ၿပီးအေမရိကန္ ႏွင့္အီရန္ႏိုင္ငံၾကားအျငင္းပြားမႈမ်ားျဖစ္ပြားလ်က္ရွိေနေၾကာင္း သိရသည္။ အစၥေရး၏ မဟာဗ်ဴဟာေရးရာဝန္ႀကီး ႐ြန္ဒါမာ ႏွင့္ အစၥေရးအမ်ိဳးသားလုံၿခဳံေရးအႀကံေပးတို႔ ဦးေဆာင္ေသာအဖြဲ႕ သည္ လာမည့္သီတင္းပတ္တြင္အေမရိကန္ႏိုင္ငံသို႔ သြားေရာက္ကာအေမရိကန္သမၼတ ေဒၚနယ္ထရမ့္ အပါအဝင္ အေမရိကန္အစိုးရတာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံေဆြးေႏြးမည္ျဖစ္ေၾကာင္း သိရသည္။
အေမရိကန္ႏွင့္ အစၥေရးအစိုးရတာဝန္ရွိသူမ်ားသည္ လာမည့္သီတင္းပတ္အတြင္း ေတြ႕ဆုံရာမွာ အီရန္ႏွင့္ အေမရိကန္န်ဴကလီးယားကိစၥ အပါအဝင္ အီရန္ႏွင့္ဆက္ႏြယ္သည့္ ေဒသအတြင္းအေရးကိစၥမ်ားကို အဓိကထား ေဆြးေႏြးမည္ျဖစ္သည္။ အီရန္ႏိုင္ငံ၏ အျမင့္ဆုံးဘာသာေရးေခါင္းေဆာင္ အယာတိုလာခါေမနီက အီရန္ႏိုင္ငံ အေနျဖင့္ ေစ့စပ္ေဆြးေႏြးရာတြင္ အႏိုင္က်င့္ခံမည္မဟုတ္ဟု တုံ႔ျပန္ထားသည္။
အီရန္ႏိုင္ငံျခားေရးဝန္ႀကီးကလည္း အီရန္သည္ အေမရိကန္သမၼတ ၏ စာႏွင့္ပတ္သက္ၿပီး ၿခိမ္းေျခာက္မႈမ်ား၊ အခြင့္ေရးမ်ားကို စဥ္းစားေနေၾကာင္း ေျပာသည္။
ေဒၚနယ္ထရမ့္သည္ ပင္လယ္နီအတြင္း အီရန္ႏိုင္ငံ၏အေထာက္ပံ့ရရွိထားသည့္ ဟူသီလက္နက္ကိုင္အဖြဲ႕ကို တိုက္ခိုက္ရန္ အေမရိကန္တပ္ဖြဲ႕ဝင္မ်ားကို အမိန႔္ေပးခဲ့ေၾကာင္း သိရသည္။ ဟူသီလက္နက္ကိုင္အဖြဲ႕၏ လုပ္ရပ္မ်ားကို ထိန္းခ်ဳပ္ျခင္းမရွိဘူးဆိုလွ်င္ အီရန္ႏိုင္ငံအေနျဖင့္ တာဝန္ျပန္ယူရမည္ျဖစ္ေၾကာင္း အေမရိကန္ သမၼတ က သတိေပးထားသည္။ ေဒၚနယ္ထရမ့္သည္ အေမရိကန္သမၼတအျဖစ္ တာဝန္ယူခဲ့ၿပီးေနာက္ပိုင္း အီရန္ႏိုင္ငံကို အထီးက်န္ျဖစ္လာေစရန္ ရည္႐ြယ္ခ်က္ျဖင့္ ဖိအားေပးမႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။
ေဒၚနယ္ထရမ့္သည္ အေမရိကန္သမၼတအျဖစ္ ပထမအႀကိမ္တာဝန္ယူခ်ိန္တုန္းကလည္း အီရန္ႏိုင္ငံ၏ န်ဴကလီးယားကိစၥႏွင့္ဆက္ႏြယ္ၿပီး အျငင္းပြားမႈမ်ားျဖစ္ပြားခဲ့ေၾကာင္း သိရသည္။ ေဒၚနယ္ထရမ့္သည္ အေမရိကန္ သမၼတအျဖစ္ ပထမအႀကိမ္တာဝန္ယူခ်ိန္အတြင္း အီရန္ႏွင့္ ကမာၻအင္အားႀကီးႏိုင္ငံမ်ားၾကား ခ်ဳပ္ဆိုထားသည့္ န်ဴကလီးယားစာခ်ဳပ္မွ ႏုတ္ထြက္ခဲ့ၿပီး အီရန္ႏိုင္ငံအေပၚ ပိတ္ဆို႔မႈမ်ားခ်မွတ္ခဲ့သည္။ အေနာက္အုပ္စုႏိုင္ငံမ်ား ၾကားတြင္လည္း အီရန္ႏိုင္ငံက န်ဴကလီးယားပိုင္ဆိုင္မည္ဆိုလွ်င္ အစၥေရးႏွင့္ပင္လယ္ေကြ႕အတြင္းရွိ ေရနံ ထုတ္လုပ္သည့္ႏိုင္ငံမ်ားကို ၿခိမ္းေျခာက္လာမည္ကို စိုးရိမ္မႈျမင့္တက္ေနသလို ေဒသအတြင္း လက္နက္ၿပိဳင္ဆိုင္မႈ ျမင့္တက္လာမည္ကို စိုးရိမ္ေနေၾကာင္း သိရသည္။
အီရန္သည္ ဂါဇာစစ္ပြဲႏွင့္ဆက္ႏြယ္ၿပီး အစၥေရးႏွင့္ ၿပီးခဲ့သည့္အတြင္း အျပန္အလွန္တိုက္ခိုက္မႈ ႏွစ္ႀကိမ္ျဖစ္ပြားခဲ့ ၿပီး လက္ရွိအခ်ိန္တြင္လည္း ႏွစ္ႏိုင္ငံၾကားတင္းမာမႈမ်ားရွိေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.