ဂါဇာကမ်းမြောင်ဒေသအပေါ် အစ္စရေး၏ လုပ်ဆောင်ချက်အားလုံးကို ဒေါ်နယ်ထရမ့်က အပြည့်အဝထောက်ခံ ဟုဆို

 234

Pika (NP News) - မတ် ၂၃

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ လေကြောင်းနှင့်မြေပြင်စစ်ဆင်ရေးများကို ပြန်လည်စတင်မှုကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အပြည့်အဝထောက်ခံကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦးဖြစ်သည့် Karoline Leavitt က ပြောကြားခဲ့သည်။
Karoline Leavitt က “ဒေါ်နယ်ထရမ့်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ အစ္စရေးက ပြန်လည်လုပ်ဆောင်ခဲ့တဲ့လုပ်ရပ်တွေကို အပြည့်အဝထောက်ခံပါတယ်” ဟု ပြောခဲ့သည်။
ဒေါ်နယ်ထရမ့်က ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို လမ်းကြောင်းပေါ်ပြန်ရောက် အောင်ကြိုးပမ်းနေသလားဆိုသည့် မေးခွန်းများကို Karoline Leavitt က ပြန်လည်တုံ့ပြန်ဖြေကြားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ Karoline Leavitt က “ဟားမက်လက်နက်ကိုင်အဖွဲ့က ၎င်းတို့ဖမ်းဆီးထားတဲ့ ဓါးစာခံတွေ အားလုံးကို ပြန်မလွှတ်ပေးရန် ဆိုးရွားတဲ့အကျိုးဆက်တွေကို ကြုံတွေ့ရမယ်ဆိုတာ ဒေါ်နယ်ထရမ့်က ရှင်းရှင်း လင်းလင်း ပြောကြားခဲ့ပြီးပါပြီ။ ကံမကောင်းစွာနဲ့ပဲ ဟားမက်လက်နက်ကိုင်အဖွဲ့ဟာ အသက်အန္တရာယ်ရှိတဲ့ ဂိမ်းကို ကစားဖို့ ရွေးချယ်ခဲ့ပါတယ်” ဟု ပြောခဲ့သည်။

ထို့ပြင် (၂၀၂၃)ခုနှစ် အောက်တိုဘာလ(၇)ရက်တွင် အစ္စရေးကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုမှာ ဟားမက် လက်နက်ကိုင်အဖွဲ့၏ ကြီးမားသောအမှားတစ်ခုဖြစ်ကြောင်း Karoline Leavitt က ပြောခဲ့သည်။ ဒေါ်နယ်ထရမ့်က ဟားမက်လက်နက်ကိုင်အဖွဲ့ ဖမ်းဆီးထားသော ဓါးစာခံများအားလုံးကို ပြန်လွှတ်ပေးစေလိုကြောင်း Leavitt က ထပ်မံပြောခဲ့သည်။

အစ္စရေးတပ်ဖွဲ့များသည် ဂါဇာကမ်းမြောင်ဒေသအပေါ် လေကြောင်းတိုက်ခိုက်မှုများကို မတ်လ(၁၈)ရက်တွင် ပြန်လည်စတင်ခဲ့ပြီးနောက် Karoline Leavitt ၏ ပြောဆိုချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။ ထို့ပြင် ဂါဇာ ကမ်းမြောင်ဒေသ အလယ်ပိုင်းနှင့် တောင်ပိုင်းတို့တွင် မြေပြင်စစ်ဆင်ရေးအသစ်များ ပြန်လည်စတင်နေပြီဖြစ် ကြောင်းလည်း အစ္စရေးစစ်တပ်က ထုတ်ပြန်ပြောကြားခဲ့သည်။

Zawgyi Version:
ဂါဇာကမ္းေျမာင္ေဒသအေပၚ အစၥေရး၏ လုပ္ေဆာင္ခ်က္အားလုံးကို ေဒၚနယ္ထရမ့္က အျပည့္အဝေထာက္ခံ ဟုဆို
Pika (NP News) - မတ္ ၂၃

ဂါဇာကမ္းေျမာင္ေဒသတြင္ အစၥေရး၏ ေလေၾကာင္းႏွင့္ေျမျပင္စစ္ဆင္ေရးမ်ားကို ျပန္လည္စတင္မႈကို အေမရိကန္သမၼတေဒၚနယ္ထရမ့္က အျပည့္အဝေထာက္ခံေၾကာင္း အေမရိကန္အစိုးရတာဝန္ရွိသူတစ္ဦးျဖစ္သည့္ Karoline Leavitt က ေျပာၾကားခဲ့သည္။
Karoline Leavitt က “ေဒၚနယ္ထရမ့္ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ အစၥေရးက ျပန္လည္လုပ္ေဆာင္ခဲ့တဲ့လုပ္ရပ္ေတြကို အျပည့္အဝေထာက္ခံပါတယ္” ဟု ေျပာခဲ့သည္။
ေဒၚနယ္ထရမ့္က ဂါဇာကမ္းေျမာင္ေဒသ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ကို လမ္းေၾကာင္းေပၚျပန္ေရာက္ ေအာင္ႀကိဳးပမ္းေနသလားဆိုသည့္ ေမးခြန္းမ်ားကို Karoline Leavitt က ျပန္လည္တုံ႔ျပန္ေျဖၾကားခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။ Karoline Leavitt က “ဟားမက္လက္နက္ကိုင္အဖြဲ႕က ၎တို႔ဖမ္းဆီးထားတဲ့ ဓါးစာခံေတြ အားလုံးကို ျပန္မလႊတ္ေပးရန္ ဆိုး႐ြားတဲ့အက်ိဳးဆက္ေတြကို ႀကဳံေတြ႕ရမယ္ဆိုတာ ေဒၚနယ္ထရမ့္က ရွင္းရွင္း လင္းလင္း ေျပာၾကားခဲ့ၿပီးပါၿပီ။ ကံမေကာင္းစြာနဲ႔ပဲ ဟားမက္လက္နက္ကိုင္အဖြဲ႕ဟာ အသက္အႏၲရာယ္ရွိတဲ့ ဂိမ္းကို ကစားဖို႔ ေ႐ြးခ်ယ္ခဲ့ပါတယ္” ဟု ေျပာခဲ့သည္။

ထို႔ျပင္ (၂၀၂၃)ခုႏွစ္ ေအာက္တိုဘာလ(၇)ရက္တြင္ အစၥေရးကို ဒုံးက်ည္မ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့မႈမွာ ဟားမက္ လက္နက္ကိုင္အဖြဲ႕၏ ႀကီးမားေသာအမွားတစ္ခုျဖစ္ေၾကာင္း Karoline Leavitt က ေျပာခဲ့သည္။ ေဒၚနယ္ထရမ့္က ဟားမက္လက္နက္ကိုင္အဖြဲ႕ ဖမ္းဆီးထားေသာ ဓါးစာခံမ်ားအားလုံးကို ျပန္လႊတ္ေပးေစလိုေၾကာင္း Leavitt က ထပ္မံေျပာခဲ့သည္။

အစၥေရးတပ္ဖြဲ႕မ်ားသည္ ဂါဇာကမ္းေျမာင္ေဒသအေပၚ ေလေၾကာင္းတိုက္ခိုက္မႈမ်ားကို မတ္လ(၁၈)ရက္တြင္ ျပန္လည္စတင္ခဲ့ၿပီးေနာက္ Karoline Leavitt ၏ ေျပာဆိုခ်က္မ်ား ထြက္ေပၚလာျခင္းျဖစ္သည္။ ထို႔ျပင္ ဂါဇာ ကမ္းေျမာင္ေဒသ အလယ္ပိုင္းႏွင့္ ေတာင္ပိုင္းတို႔တြင္ ေျမျပင္စစ္ဆင္ေရးအသစ္မ်ား ျပန္လည္စတင္ေနၿပီျဖစ္ ေၾကာင္းလည္း အစၥေရးစစ္တပ္က ထုတ္ျပန္ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.