Polytechnic University များကို တိုင်းဒေသကြီးနှင့် ပြည်နယ်(၆)ခုတွင် ထပ်မံတိုးချဲ့ဖွင့်လှစ်မည်ဟု နစကဥက္ကဋ္ဌပြော

1393

သန့်ဇင် (NP News) - မတ် ၂၃
Polytechnic University များကို တိုင်းဒေသကြီးနှင့် ပြည်နယ်(၆)ခုတွင် ထပ်မံတိုးချဲ့ဖွင့်လှစ်မည် ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ယမန်နေ့(မတ်လ ၂၁ ရက်) နံနက်ပိုင်းက နေပြည်တော်ရှိ MICC-1 တွင် ကျင်းပသော “(၂၀၂၅)အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ” သုံးသပ်ဆွေးနွေးပွဲ၌ အထက်ပါကဲ့သို့ ထည့်သွင်းဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။
MSME လုပ်ငန်းများ အထောက်အကူပြုနိုင်ရန်အတွက် စိုက်ပျိုးရေးမွေးမြူရေး နှင့် စက်မှုပညာရပ်များကို အခြေခံပညာအတန်းများတွင် စတင်သင်ကြားပေးနေပြီး နိုင်ငံတစ်ဝန်း(၈၅)ကျောင်းဖွင့်လှစ်နိုင်ခဲ့ကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။
“KG က Grade-9 ပြီးရင် ကျန်တက်လာတဲ့အဖွဲ့ထဲမှာ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းတွေနဲ့ MSME လုပ်ငန်းတွေ အထောက် အကူပြုနိုင်ဖို့အတွက် စိုက်ပျိုးရေးမွေးမြူရေးနဲ့ စက်မှုပညာရပ်တွေကို KG+10 11 12 မှာ စပြီး သင်ပေးပါတယ်။ (၈၅)ကျောင်းဖွင့်ခဲ့ပြီးဖြစ်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း ခရိုင်အားလုံးမှာဖွင့်ဖို့အတွက် ကြိုးစားနေပါတယ်။ လုံလောက်ပြီလား။ မလုံလောက်သေးပါဘူး။ ခုနကပြောတဲ့ စက်မှုစိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေမှာလည်း လူတွေအများကြီး လိုပါသေးတယ်။ အဲဒါကြောင့် Polytechnicတွေ ဒီနှစ်ပညာရေးနှစ်မှာ စပြီးတော့ ဖွင့်ခဲ့ပါတယ်။ နေပြည်တော်မှာဖွင့်ပါတယ်” ဟု နစကဥက္ကဋ္ဌက ပြောသည်။
ထို့ပြင် စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုအထက်တန်းကျောင်းများကို နိုင်ငံအနှံ့ ဖွင့်လှစ်ပေးထားပြီး Polytechnic University များကိုလည်း တိုင်းဒေသကြီး နှင့် ပြည်နယ်(၆)ခုတွင် ဆက်လက်ဖွင့်လှစ်ပေးနိုင်ရန် စီစဉ်နေကြောင်း နစကဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
“စောစောကပြောတဲ့အထဲမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ကျတဲ့လူတွေရှိတယ်။ ပညာရေးဆုံးခန်းမတိုင်ပဲနဲ့ လမ်းခုလက်မှာ ထွက်သွားတဲ့လူတွေလည်းရှိတယ်။ သူတို့အတွက် အတက်ပညာတွေ အသိပညာတွေ ကျွန်တော်တို့ကမပေးနိုင်လို့ရှိရင် Skill ပါ ဘယ်လိုမှ မရနိုင်ပါဘူး။ အဲဒီသူတို့ကို Skill တွေပါ ရအောင်လုပ်ပေးမှာဖြစ်တဲ့အတွက်ကြောင့် ဒီနှစ်တစ်နေ့ကပဲ ကျွန်တော် သိပ္ပံနည်းပညာဝန်ကြီးနဲ့ ဆွေးနွေးပြီးတော့မှ Polytechnic ကျောင်းတွေကို ပြည်နယ်နဲ့ တိုင်း(၆)ခုမှာဖွင့်ဖို့ ကျွန်တော် ပဏာမအနေနဲ့ စီစဉ်နေတာရှိပါတယ်” ဟု နစကဥက္ကဋ္ဌက ပြောသည်။
အဆိုပါ ကျောင်းများဖွင့်လှစ်နိုင်ရန်အတွက်လည်း ဆရာ၊ ဆရာမများနှင့် သင်ထောက်ကူပစ္စည်းများလိုအပ်ကြောင်းလည်း နစကဥက္ကဋ္ဌက ဆိုသည်။
“ဖွင့်တာက ဖွင့်လို့ရပါတယ်။ သူတို့ကိုသင်ပြပေးမယ့် ဆရာတွေလိုတာပေါ့။ နည်းပြတွေ ပစ္စည်းပစ္စရာတွေ ဒါတွေလိုတာပေါ့။ ဒါကြောင့် ဒါတွေက အချိန်မှီမပေးနိုင်လို့ရှိရင် အောင်လက်မှတ်ပေးတဲ့အဆင့်ပဲဖြစ်သွားရင်တော့ မကောင်းဘူး။ ဒါကြောင့် ကျွန်တော်ကတေ့ (၆)ကျောင်းအရင်စဖွင့်ကြည့်လိုက် လာမယ့်နှစ်တွေမှာ ဒီထက်ပိုတဲ့ကျောင်းတွေကို ဖွင့်ဖို့အတွက်လုပ်သွားမယ်လို့ ကျွန်တော်ပြောထားတာ ရှိပါတယ်” ဟု နစကဥက္ကဋ္ဌက ပြောကြားခဲ့သည်။

Zawgyi Version:
Polytechnic University မ်ားကို တိုင္းေဒသႀကီးႏွင့္ ျပည္နယ္(၆)ခုတြင္ ထပ္မံတိုးခ်ဲ႕ဖြင့္လွစ္မည္ဟု နစကဥကၠ႒ေျပာ
သန႔္ဇင္ (NP News) - မတ္ ၂၃
Polytechnic University မ်ားကို တိုင္းေဒသႀကီးႏွင့္ ျပည္နယ္(၆)ခုတြင္ ထပ္မံတိုးခ်ဲ႕ဖြင့္လွစ္မည္ ျဖစ္ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာသည္။
ယမန္ေန႔(မတ္လ ၂၁ ရက္) နံနက္ပိုင္းက ေနျပည္ေတာ္ရွိ MICC-1 တြင္ က်င္းပေသာ “(၂၀၂၅)အလြန္ ဗဟုဝင္႐ိုးကမာၻတြင္ ျမန္မာႏိုင္ငံႀကဳံေတြ႕လာရမည့္ စိန္ေခၚမႈမ်ားႏွင့္ အခြင့္အလမ္းမ်ား” သုံးသပ္ေဆြးေႏြးပြဲ၌ အထက္ပါကဲ့သို႔ ထည့္သြင္းေဆြးေႏြးေျပာၾကားခဲ့ျခင္းျဖစ္သည္။
MSME လုပ္ငန္းမ်ား အေထာက္အကူျပဳႏိုင္ရန္အတြက္ စိုက္ပ်ိဳးေရးေမြးျမဴေရး ႏွင့္ စက္မႈပညာရပ္မ်ားကို အေျခခံပညာအတန္းမ်ားတြင္ စတင္သင္ၾကားေပးေနၿပီး ႏိုင္ငံတစ္ဝန္း(၈၅)ေက်ာင္းဖြင့္လွစ္ႏိုင္ခဲ့ေၾကာင္း နစကဥကၠ႒က ဆိုသည္။
“KG က Grade-9 ၿပီးရင္ က်န္တက္လာတဲ့အဖြဲ႕ထဲမွာ ျမန္မာႏိုင္ငံရဲ႕ စိုက္ပ်ိဳးေရးေမြးျမဴေရးလုပ္ငန္းေတြနဲ႔ MSME လုပ္ငန္းေတြ အေထာက္ အကူျပဳႏိုင္ဖို႔အတြက္ စိုက္ပ်ိဳးေရးေမြးျမဴေရးနဲ႔ စက္မႈပညာရပ္ေတြကို KG+10 11 12 မွာ စၿပီး သင္ေပးပါတယ္။ (၈၅)ေက်ာင္းဖြင့္ခဲ့ၿပီးျဖစ္ပါတယ္။ ေရွ႕ဆက္ၿပီးေတာ့လည္း ခ႐ိုင္အားလုံးမွာဖြင့္ဖို႔အတြက္ ႀကိဳးစားေနပါတယ္။ လုံေလာက္ၿပီလား။ မလုံေလာက္ေသးပါဘူး။ ခုနကေျပာတဲ့ စက္မႈစိုက္ပ်ိဳးေရးနဲ႔ ေမြးျမဴေရးလုပ္ငန္းေတြမွာလည္း လူေတြအမ်ားႀကီး လိုပါေသးတယ္။ အဲဒါေၾကာင့္ Polytechnicေတြ ဒီႏွစ္ပညာေရးႏွစ္မွာ စၿပီးေတာ့ ဖြင့္ခဲ့ပါတယ္။ ေနျပည္ေတာ္မွာဖြင့္ပါတယ္” ဟု နစကဥကၠ႒က ေျပာသည္။
ထို႔ျပင္ စိုက္ပ်ိဳးေမြးျမဴေရးႏွင့္ စက္မႈအထက္တန္းေက်ာင္းမ်ားကို ႏိုင္ငံအႏွံ႔ ဖြင့္လွစ္ေပးထားၿပီး Polytechnic University မ်ားကိုလည္း တိုင္းေဒသႀကီး ႏွင့္ ျပည္နယ္(၆)ခုတြင္ ဆက္လက္ဖြင့္လွစ္ေပးႏိုင္ရန္ စီစဥ္ေနေၾကာင္း နစကဥကၠ႒က ထည့္သြင္းေျပာၾကားခဲ့ေၾကာင္း သိရသည္။
“ေစာေစာကေျပာတဲ့အထဲမွာ တကၠသိုလ္ဝင္တန္းစာေမးပြဲမွာ က်တဲ့လူေတြရွိတယ္။ ပညာေရးဆုံးခန္းမတိုင္ပဲနဲ႔ လမ္းခုလက္မွာ ထြက္သြားတဲ့လူေတြလည္းရွိတယ္။ သူတို႔အတြက္ အတက္ပညာေတြ အသိပညာေတြ ကြၽန္ေတာ္တို႔ကမေပးႏိုင္လို႔ရွိရင္ Skill ပါ ဘယ္လိုမွ မရႏိုင္ပါဘူး။ အဲဒီသူတို႔ကို Skill ေတြပါ ရေအာင္လုပ္ေပးမွာျဖစ္တဲ့အတြက္ေၾကာင့္ ဒီႏွစ္တစ္ေန႔ကပဲ ကြၽန္ေတာ္ သိပၸံနည္းပညာဝန္ႀကီးနဲ႔ ေဆြးေႏြးၿပီးေတာ့မွ Polytechnic ေက်ာင္းေတြကို ျပည္နယ္နဲ႔ တိုင္း(၆)ခုမွာဖြင့္ဖို႔ ကြၽန္ေတာ္ ပဏာမအေနနဲ႔ စီစဥ္ေနတာရွိပါတယ္” ဟု နစကဥကၠ႒က ေျပာသည္။
အဆိုပါ ေက်ာင္းမ်ားဖြင့္လွစ္ႏိုင္ရန္အတြက္လည္း ဆရာ၊ ဆရာမမ်ားႏွင့္ သင္ေထာက္ကူပစၥည္းမ်ားလိုအပ္ေၾကာင္းလည္း နစကဥကၠ႒က ဆိုသည္။
“ဖြင့္တာက ဖြင့္လို႔ရပါတယ္။ သူတို႔ကိုသင္ျပေပးမယ့္ ဆရာေတြလိုတာေပါ့။ နည္းျပေတြ ပစၥည္းပစၥရာေတြ ဒါေတြလိုတာေပါ့။ ဒါေၾကာင့္ ဒါေတြက အခ်ိန္မွီမေပးႏိုင္လို႔ရွိရင္ ေအာင္လက္မွတ္ေပးတဲ့အဆင့္ပဲျဖစ္သြားရင္ေတာ့ မေကာင္းဘူး။ ဒါေၾကာင့္ ကြၽန္ေတာ္ကေတ့ (၆)ေက်ာင္းအရင္စဖြင့္ၾကည့္လိုက္ လာမယ့္ႏွစ္ေတြမွာ ဒီထက္ပိုတဲ့ေက်ာင္းေတြကို ဖြင့္ဖို႔အတြက္လုပ္သြားမယ္လို႔ ကြၽန္ေတာ္ေျပာထားတာ ရွိပါတယ္” ဟု နစကဥကၠ႒က ေျပာၾကားခဲ့သည္။