လိုင်စင်မဲ့ ဘဏ္ဍာသိမ်းယာဉ်များကို သံရည်ကျိုအဆင့်သို့ ရောက်ရှိခြင်းမှ ကာကွယ်နိုင်ရန်နှင့် ပျက်စီးဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရန် ကြပ်မတ်ဆောင်ရွက်သင့်

832

ချယ်ရီ(NP News)- မတ် ၂၃
လိုင်စင်မဲ့ ဘဏ္ဍာသိမ်းယာဉ်များကို သံရည်ကျိုအဆင့်သို့ ရောက်ရှိခြင်းမှ ကာကွယ်နိုင်ရန်နှင့် ပျက်စီးဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရန် ကြပ်မတ်ဆောင်ရွက်သင့်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဦးဝင်းရှိန်က ပြောသည်။
ယမန်နေ့ (မတ်လ ၂၂ ရက်)၊ မွန်းလွဲပိုင်းက နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပသော တရားမဝင်ဖမ်းဆီးရမိသည့် မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအမှုတွဲများ အမြန်ဆုံး ပြီးပြတ်စေရန်ကိစ္စနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
လိုင်စင်မဲ့ ဘဏ္ဍာသိမ်းယာဉ်များကို သံရည်ကျိုအဆင့်သို့ ရောက်ရှိခြင်းမှ ကာကွယ်နိုင်ရန်နှင့် ပျက်စီးဆုံးရှုံးမှုအနည်းဆုံးဖြင့် ဆောလျင်စွာစီမံဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများအလိုက် ရေးဆွဲထားသည့်လုပ်ငန်းစဉ် (SOPs) များနှင့်အညီ နိုင်ငံပိုင် (ပြည်သူ့ဘဏ္ဍာ) အဖြစ် ဆောလျင်စွာသိမ်းဆည်း အ မိန့်ချမှတ်၍ ဗဟိုစက်ပစ္စည်း စာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာနသို့ အချိန်နှင့်တစ်ပြေးညီ လွှဲပြောင်းအပ်နှံစေရေးအတွက် စဉ်ဆက်မပြတ် ကြပ်မတ်ဆောင်ရွက်ရန်လိုအပ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးဝင်းရှိန်က ပြောသည်။
ထို့ပြင် “တရားမဝင်ဖမ်းဆီးရမိသည့် မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ ပျက်စီးဆုံးရှုံးမှုမရှိစေရေး အမှုတွဲများ အမြန်ဆုံးပြီးပြတ်စေရန်” ကိစ္စနှင့်စပ်လျဉ်း၍လည်း ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း ဦးဝင်းရှိန်က ဆိုသည်။
တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ တရားရုံးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းများ၊ သစ်တောဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာနနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်များက သိမ်းဆည်းရရှိသည့် ဘဏ္ဍာသိမ်းယာဉ်၊ ယန္တရား၊ မော်တော်ဆိုင်ကယ်များကို ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံစေလျက်ရှိကြောင်းလည်း ထည့်သွင်းပြောကြားသည်။
ထို့နောက် “လိုင်စင်မဲ့(ပိုင်ရှင်မဲ့) ယာဉ်များကို နိုင်ငံပိုင် (ပြည်သူ့ဘဏ္ဍာ) အဖြစ် သိမ်းဆည်းမိန့်ချမှတ်ရာ၌ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၏ ထောက်ခံချက်ရရှိပါက သိမ်းဆည်းမိန့်ချမှတ်ဆောင်ရွက်သွားရန်နှင့် ဗဟိုစက်ပစ္စည်း စာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာနသို့ အချိန်နှင့်တစ်ပြေးညီ လွှဲပြောင်းအပ်နှံဆောင်ရွက်သွားရန်” ညွှန်ကြားထားကြောင်း သိရသည်။

Zawgyi Version:
လိုင္စင္မဲ့ ဘ႑ာသိမ္းယာဥ္မ်ားကို သံရည္က်ိဳအဆင့္သို႔ ေရာက္ရွိျခင္းမွ ကာကြယ္ႏိုင္ရန္ႏွင့္ ပ်က္စီးဆုံးရႈံးမႈအနည္းဆုံးျဖစ္ေစရန္ ၾကပ္မတ္ေဆာင္႐ြက္သင့္
ခ်ယ္ရီ(NP News)- မတ္ ၂၃
လိုင္စင္မဲ့ ဘ႑ာသိမ္းယာဥ္မ်ားကို သံရည္က်ိဳအဆင့္သို႔ ေရာက္ရွိျခင္းမွ ကာကြယ္ႏိုင္ရန္ႏွင့္ ပ်က္စီးဆုံးရႈံးမႈအနည္းဆုံးျဖစ္ေစရန္ ၾကပ္မတ္ေဆာင္႐ြက္သင့္ေၾကာင္း စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး၊ တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရး ဦးေဆာင္ေကာ္မတီ ဒုတိယဥကၠ႒၊ ဒုတိယဝန္ႀကီးခ်ဳပ္ ဦးဝင္းရွိန္က ေျပာသည္။
ယမန္ေန႔ (မတ္လ ၂၂ ရက္)၊ မြန္းလြဲပိုင္းက ေနျပည္ေတာ္ရွိ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ညီလာခံခန္းမ၌ က်င္းပေသာ တရားမဝင္ဖမ္းဆီးရမိသည့္ ေမာ္ေတာ္ယာဥ္မ်ားႏွင့္ ေမာ္ေတာ္ဆိုင္ကယ္မ်ား ပ်က္စီးဆုံးရႈံးမႈမရွိေစေရးအမႈတြဲမ်ား အျမန္ဆုံး ၿပီးျပတ္ေစရန္ကိစၥႏွင့္ပတ္သက္၍ ညႇိႏႈိင္းအစည္းအေဝးတြင္ ထည့္သြင္းေျပာၾကားခဲ့ျခင္း ျဖစ္သည္။
လိုင္စင္မဲ့ ဘ႑ာသိမ္းယာဥ္မ်ားကို သံရည္က်ိဳအဆင့္သို႔ ေရာက္ရွိျခင္းမွ ကာကြယ္ႏိုင္ရန္ႏွင့္ ပ်က္စီးဆုံးရႈံးမႈအနည္းဆုံးျဖင့္ ေဆာလ်င္စြာစီမံေဆာင္႐ြက္ႏိုင္ရန္အတြက္ သက္ဆိုင္ရာဌာနမ်ားအလိုက္ ေရးဆြဲထားသည့္လုပ္ငန္းစဥ္ (SOPs) မ်ားႏွင့္အညီ ႏိုင္ငံပိုင္ (ျပည္သူ႔ဘ႑ာ) အျဖစ္ ေဆာလ်င္စြာသိမ္းဆည္း အ မိန႔္ခ်မွတ္၍ ဗဟိုစက္ပစၥည္း စာရင္းအင္းႏွင့္ စစ္ေဆးေရးဦးစီးဌာနသို႔ အခ်ိန္ႏွင့္တစ္ေျပးညီ လႊဲေျပာင္းအပ္ႏွံေစေရးအတြက္ စဥ္ဆက္မျပတ္ ၾကပ္မတ္ေဆာင္႐ြက္ရန္လိုအပ္ေၾကာင္း တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရး ဦးေဆာင္ေကာ္မတီ ဒုတိယဥကၠ႒ ဦးဝင္းရွိန္က ေျပာသည္။
ထို႔ျပင္ “တရားမဝင္ဖမ္းဆီးရမိသည့္ ေမာ္ေတာ္ယာဥ္မ်ားႏွင့္ ေမာ္ေတာ္ဆိုင္ကယ္မ်ား ပ်က္စီးဆုံးရႈံးမႈမရွိေစေရး အမႈတြဲမ်ား အျမန္ဆုံးၿပီးျပတ္ေစရန္” ကိစၥႏွင့္စပ္လ်ဥ္း၍လည္း ဝိုင္းဝန္းေဆြးေႏြးေပးၾကေစလိုေၾကာင္း ဦးဝင္းရွိန္က ဆိုသည္။
တိုင္းေဒသႀကီး/ ျပည္နယ္အသီးသီးရွိ တရား႐ုံးမ်ား၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕စခန္းမ်ား၊ သစ္ေတာဦးစီးဌာန၊ အေကာက္ခြန္ဦးစီးဌာနႏွင့္ ျမန္မာ့ဆိပ္ကမ္းအာဏာပိုင္မ်ားက သိမ္းဆည္းရရွိသည့္ ဘ႑ာသိမ္းယာဥ္၊ ယႏၲရား၊ ေမာ္ေတာ္ဆိုင္ကယ္မ်ားကို ဗဟိုစက္ပစၥည္းစာရင္းအင္းႏွင့္ စစ္ေဆးေရးဦးစီးဌာနသို႔ လႊဲေျပာင္းအပ္ႏွံေစလ်က္ရွိေၾကာင္းလည္း ထည့္သြင္းေျပာၾကားသည္။
ထို႔ေနာက္ “လိုင္စင္မဲ့(ပိုင္ရွင္မဲ့) ယာဥ္မ်ားကို ႏိုင္ငံပိုင္ (ျပည္သူ႔ဘ႑ာ) အျဖစ္ သိမ္းဆည္းမိန႔္ခ်မွတ္ရာ၌ လိုင္စင္မဲ့ယာဥ္ျဖစ္ေၾကာင္း ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈ ဦးစီးဌာန၏ ေထာက္ခံခ်က္ရရွိပါက သိမ္းဆည္းမိန႔္ခ်မွတ္ေဆာင္႐ြက္သြားရန္ႏွင့္ ဗဟိုစက္ပစၥည္း စာရင္းအင္းႏွင့္ စစ္ေဆးေရးဦးစီးဌာနသို႔ အခ်ိန္ႏွင့္တစ္ေျပးညီ လႊဲေျပာင္းအပ္ႏွံေဆာင္႐ြက္သြားရန္” ၫႊန္ၾကားထားေၾကာင္း သိရသည္။