ယူကရိန်းအတွက် သတိပေးချက်တစ်ခုကို ရုရှားအစိုးရထုတ်ပြန်

 4905

Pika (NP News) - မတ် ၂၃

ယူကရိန်းက မကြာသေးခင်က သဘောတူညီထားတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ပြီး ရုရှားစွမ်းအင်အခြေခံအဆောက်အဦးတွေအပေါ် တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် ရုရှားဘက် ကလည်း ပြန်လည်လက်တုံ့ပြန်ခွင့်ရှိတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာ က ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရုရှားသမ္မတပူတင်ဟာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ ဖုန်းခေါ်ဆိုမှုတွေ လုပ်ဆောင် ခဲ့ပြီး စွမ်းအင်နဲ့အခြေခံအဆောက်အဦးဆိုင်ရာအပစ်အခတ်ရပ်စဲရေးကို သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။
ယူကရိန်းဘက်က ရုရှားစွမ်းအင်အခြေခံအဆောက်အဦးတွေအပေါ်တိုက်ခိုက်မှုတွေ မလုပ်ဆောင်ဘူးဆိုရင် ရုရှားဘက်ကလည်း အလားတူလုပ်ရပ်မျိုး လုပ်ဆောင်မယ်လို့ ရုရှားအစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း သဘောတူညီချက်ရရှိပြီးနောက် တစ်ရက်အကြာမှာ ယူကရိန်းဟာ ရုရှားနိုင်ငံ Krasnodar ဒေသမှာရှိတဲ့ ရေနံစက်ရုံကို တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့သလို မတ်လ(၂၁)ရက်မှာ Sudzha ဓါတ်ငွေ့ တိုင်းတာရေးစခန်းကို ဖောက်ခွဲမှုတွေလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
မာရီယာဇာခါရိုဗာက “ယူကရိန်းရဲ့လုပ်ရပ်တွေက ၎င်းတို့ရဲ့စေ့စပ်ညှိနှိုင်းနိုင်စွမ်း အပြည့်အဝ မရှိတာအပြင် ငြိမ်းချမ်းရေးယူဖို့ ဆန္ဒမရှိတာကိုလည်း ပြသနေတာမျိုးဖြစ်ပါတယ်။ ယူကရိန်းဘက်က သဘောတူညီချက်ကို ချိုးဖောက်ပြီး တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့မယ်ဆိုရင် ရုရှားဘက်ကလည်း လက်တုံ့ပြန်တိုက်ခိုက်မှုတွေကို လုပ်ဆောင်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ယူကရိန္းအတြက္ သတိေပးခ်က္တစ္ခုကို ႐ုရွားအစိုးရထုတ္ျပန္
Pika (NP News) - မတ္ ၂၃

ယူကရိန္းက မၾကာေသးခင္က သေဘာတူညီထားတဲ့ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ကို ခ်ိဳးေဖာက္ၿပီး ႐ုရွားစြမ္းအင္အေျခခံအေဆာက္အဦးေတြအေပၚ တိုက္ခိုက္မႈေတြ ဆက္လက္လုပ္ေဆာင္ေနမယ္ဆိုရင္ ႐ုရွားဘက္ ကလည္း ျပန္လည္လက္တုံ႔ျပန္ခြင့္ရွိတယ္လို႔ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ မာရီယာဇာခါ႐ိုဗာ က ေျပာၾကားခဲ့ပါတယ္။
ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း ႐ုရွားသမၼတပူတင္ဟာ အေမရိကန္သမၼတေဒၚနယ္ထရမ့္နဲ႔ ဖုန္းေခၚဆိုမႈေတြ လုပ္ေဆာင္ ခဲ့ၿပီး စြမ္းအင္နဲ႔အေျခခံအေဆာက္အဦးဆိုင္ရာအပစ္အခတ္ရပ္စဲေရးကို သေဘာတူညီခဲ့ၾကတယ္လို႔ သိရပါတယ္။
ယူကရိန္းဘက္က ႐ုရွားစြမ္းအင္အေျခခံအေဆာက္အဦးေတြအေပၚတိုက္ခိုက္မႈေတြ မလုပ္ေဆာင္ဘူးဆိုရင္ ႐ုရွားဘက္ကလည္း အလားတူလုပ္ရပ္မ်ိဳး လုပ္ေဆာင္မယ္လို႔ ႐ုရွားအစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္လည္း သေဘာတူညီခ်က္ရရွိၿပီးေနာက္ တစ္ရက္အၾကာမွာ ယူကရိန္းဟာ ႐ုရွားႏိုင္ငံ Krasnodar ေဒသမွာရွိတဲ့ ေရနံစက္႐ုံကို တိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့သလို မတ္လ(၂၁)ရက္မွာ Sudzha ဓါတ္ေငြ႕ တိုင္းတာေရးစခန္းကို ေဖာက္ခြဲမႈေတြလုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။
မာရီယာဇာခါ႐ိုဗာက “ယူကရိန္းရဲ႕လုပ္ရပ္ေတြက ၎တို႔ရဲ႕ေစ့စပ္ညႇိႏႈိင္းႏိုင္စြမ္း အျပည့္အဝ မရွိတာအျပင္ ၿငိမ္းခ်မ္းေရးယူဖို႔ ဆႏၵမရွိတာကိုလည္း ျပသေနတာမ်ိဳးျဖစ္ပါတယ္။ ယူကရိန္းဘက္က သေဘာတူညီခ်က္ကို ခ်ိဳးေဖာက္ၿပီး တိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့မယ္ဆိုရင္ ႐ုရွားဘက္ကလည္း လက္တုံ႔ျပန္တိုက္ခိုက္မႈေတြကို လုပ္ေဆာင္သြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.