ယူကရိန်းမှာ ရွေးကောက်ပွဲတွေ ကျင်းပလိမ့်မယ်လို့ အမေရိကန်အထူးသံတမန်ပြော

 484

Pika (NP News) - မတ် ၂၃

ယူကရိန်းက သမ္မတရွေးကောက်ပွဲ ကျင်းပလိမ့်မယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့အရှေ့အလယ်ပိုင်း ဒေသဆိုင်ရာ အထူးသံတမန် စတိဗ်ဝစ်အော့ဖ်က ပြောကြားခဲ့ပါတယ်။ ယူကရိန်းသမ္မတဇီလန်စကီးရဲ့သမ္မတ သက်တမ်းဟာ (၂၀၂၄)ခုနှစ် မေလမှာ ကုန်ဆုံးသွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါပေမယ့်လည်း ရုရှားနဲ့ စစ်ပွဲဆက်လက်ဖြစ်ပွားနေမှုနဲ့အတူ ရွေးကောက်ပွဲအသစ်တွေကျင်းပဖို့ ဇီလန်စကီးက ငြင်းဆိုထားတာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ရုရှားသမ္မတပူတင်က ၎င်းဟာ ဇီလန်စကီးကို တရားဝင် သမ္မတအဖြစ် ယူဆတာမျိုး မရှိတော့ကြောင်း နဲ့ ဇီလန်စကီးရဲ့လက်ရှိအခြေအနေဟာ တိကျသေချာတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးရာမှာ အတားအဆီးဖြစ်စေနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ ဒေါ်နယ်ထရမ့်က ဇီလန်စကီးကို ရွေးကောက်ပွဲမရှိတဲ့ အာဏာရှင်အဖြစ် ခေါင်းစဉ်တပ် ခဲ့ပြီး ယူကရိန်းမှာ ဇီလန်စကီးက ရေပန်းစားမှုမရှိတော့ဘူးလို့လည်း ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် ယူကရိန်းမှာ ရွေးကောက်ပွဲကျင်းပလိမ့်မယ်လို့ ထင်သလားဆိုတဲ့ သတင်းထောက်တက်ကာကာလ်ဆန်ရဲ့မေးခွန်းတွေကို စတိဗ်ဝစ်အော့ဖ်က တုံ့ပြန်ဖြေကြားခဲ့တယ်လို့လည်း သိရပါတယ်။ စတိဗ်ဝစ်အော့ဖ်က “အဲဒါကို သူတို့ သဘောတူညီပြီးပါပြီ။ ယူကရိန်းမှာ ရွေးကောက်ပွဲတွေရှိလာပါလိမ့်မယ်။ ရုရှားမှာ လူဦးရေနဲ့ နျူကလီးယား လက်နက်တွေ ပိုမိုများပြားတာကြောင့် ဇီလန်စကီးဟာ အလွန်ခက်ခဲတဲ့အနေအထားမှာ ရှိနေပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ယူကရိန္းမွာ ေ႐ြးေကာက္ပြဲေတြ က်င္းပလိမ့္မယ္လို႔ အေမရိကန္အထူးသံတမန္ေျပာ
Pika (NP News) - မတ္ ၂၃

ယူကရိန္းက သမၼတေ႐ြးေကာက္ပြဲ က်င္းပလိမ့္မယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္ရဲ႕အေရွ႕အလယ္ပိုင္း ေဒသဆိုင္ရာ အထူးသံတမန္ စတိဗ္ဝစ္ေအာ့ဖ္က ေျပာၾကားခဲ့ပါတယ္။ ယူကရိန္းသမၼတဇီလန္စကီးရဲ႕သမၼတ သက္တမ္းဟာ (၂၀၂၄)ခုႏွစ္ ေမလမွာ ကုန္ဆုံးသြားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
ဒါေပမယ့္လည္း ႐ုရွားနဲ႔ စစ္ပြဲဆက္လက္ျဖစ္ပြားေနမႈနဲ႔အတူ ေ႐ြးေကာက္ပြဲအသစ္ေတြက်င္းပဖို႔ ဇီလန္စကီးက ျငင္းဆိုထားတာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ႐ုရွားသမၼတပူတင္က ၎ဟာ ဇီလန္စကီးကို တရားဝင္ သမၼတအျဖစ္ ယူဆတာမ်ိဳး မရွိေတာ့ေၾကာင္း နဲ႔ ဇီလန္စကီးရဲ႕လက္ရွိအေျခအေနဟာ တိက်ေသခ်ာတဲ့ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးရာမွာ အတားအဆီးျဖစ္ေစႏိုင္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။
ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီလမွာ ေဒၚနယ္ထရမ့္က ဇီလန္စကီးကို ေ႐ြးေကာက္ပြဲမရွိတဲ့ အာဏာရွင္အျဖစ္ ေခါင္းစဥ္တပ္ ခဲ့ၿပီး ယူကရိန္းမွာ ဇီလန္စကီးက ေရပန္းစားမႈမရွိေတာ့ဘူးလို႔လည္း ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ ယူကရိန္းမွာ ေ႐ြးေကာက္ပြဲက်င္းပလိမ့္မယ္လို႔ ထင္သလားဆိုတဲ့ သတင္းေထာက္တက္ကာကာလ္ဆန္ရဲ႕ေမးခြန္းေတြကို စတိဗ္ဝစ္ေအာ့ဖ္က တုံ႔ျပန္ေျဖၾကားခဲ့တယ္လို႔လည္း သိရပါတယ္။ စတိဗ္ဝစ္ေအာ့ဖ္က “အဲဒါကို သူတို႔ သေဘာတူညီၿပီးပါၿပီ။ ယူကရိန္းမွာ ေ႐ြးေကာက္ပြဲေတြရွိလာပါလိမ့္မယ္။ ႐ုရွားမွာ လူဦးေရနဲ႔ န်ဴကလီးယား လက္နက္ေတြ ပိုမိုမ်ားျပားတာေၾကာင့္ ဇီလန္စကီးဟာ အလြန္ခက္ခဲတဲ့အေနအထားမွာ ရွိေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.