အစ္စရေးရဲ့လေကြောင်း တိုက်ခိုက်မှုကြောင့် ဟားမက်အဖွဲ့ခေါင်းဆောင်တစ်ဦး ထပ်မံသေဆုံး

 585

ဂျန်ဇက် (NP News) - မတ် ၂၃

ဂါဇာဒေသတောင်ပိုင်းကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ရာ ဟားမက်လက်နက်ကိုင်အဖွဲ့ရဲ့နိုင်ငံရေးခေါင်းဆောင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဟားမက်အဖွဲ့နဲ့ အပစ်ခတ်ရပ်စဲရေး ပျက်သွားခဲ့ပြီးနောက် အစ္စရေးက ဟားမက်အဖွဲ့ကို ပြန်လည်တိုက်ခိုက်ခဲ့​ကြောင်း သိရပါတယ်။

ဟားမက်အဖွဲ့နဲ့နီးစပ်တဲ့မီဒီယာတွေက မတ် ၂၂ ရက်က ခန်ယူနစ်မြို့ကို အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဟားမက်အဖွဲ့တာဝန်ရှိသူ ဘာဒီဝီနဲ့ ဇနီးဖြစ်သူသေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အစ္စရေးက မတ်လ၂၂ရက်မှာ ရာဖယ်နဲ့ ခန်ယူနစ်မြို့ကို လေကြောင်းတိုက်ခိုက်ခဲ့အတွက် အနည်းဆုံး ၁၈ ဦး သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

အစ္စရေးဝန်ကြီးချုပ်က စစ်ပွဲရဲ့အဓိကရည်မှန်းချက်ဟာ ဟာမက်လက်နက်ကိုင်အဖွဲ့ကို ဖျက်ဆီးဖို့ ဖြစ်တယ်လို့ ပြောပါတယ်။ ဂါဇာဒေသကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်း ထပ်မံလုပ်ဆောင်ခြင်းဟာ ဟားမက်လက်နက်ကိုင်အဖွဲ့လက်ထဲ ကျန်ရှိနေတဲ့ ဖမ်းဆီးခံရသူအားလုံး ပြန်လွတ်မြောက်ရေးဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ်က ပြောပါတယ်။
ဂါဇာဒေသကို အစ္စရေးက တစ်ကျော့ပြန်တိုက်ခိုက်ချိန်အတွင်း ဟားမက်အဖွဲ့ခေါင်းဆောင် အချို့ သေဆုံးခဲ့ရတယ်လို့ ပြောပါတယ်။ အစ္စရေးနဲ့ ဟားမက်အဖွဲ့ကြားဖြစ်ပွားနေတဲ့ ဂါဇာစစ်ပွဲဟာ အချိန် ၁၇ လကြာမြင့်နေပြီး အနည်းဆုံးလူပေါင်း ငါးသောင်းနီးပါး သေဆုံးထားကြောင်း သိရပါတယ်။

Zawgyi Version
အစၥေရးရဲ႕ေလေၾကာင္း တိုက္ခိုက္မႈေၾကာင့္ ဟားမက္အဖြဲ႕ေခါင္းေဆာင္တစ္ဦး ထပ္မံေသဆုံး
ဂ်န္ဇက္ (NP News) - မတ္ ၂၃

ဂါဇာေဒသေတာင္ပိုင္းကို အစၥေရးက ေလေၾကာင္းတိုက္ခိုက္မႈလုပ္ေဆာင္ခဲ့ရာ ဟားမက္လက္နက္ကိုင္အဖြဲ႕ရဲ႕ႏိုင္ငံေရးေခါင္းေဆာင္ ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။
ဟားမက္အဖြဲ႕နဲ႔ အပစ္ခတ္ရပ္စဲေရး ပ်က္သြားခဲ့ၿပီးေနာက္ အစၥေရးက ဟားမက္အဖြဲ႕ကို ျပန္လည္တိုက္ခိုက္ခဲ့​ေၾကာင္း သိရပါတယ္။

ဟားမက္အဖြဲ႕နဲ႔နီးစပ္တဲ့မီဒီယာေတြက မတ္ ၂၂ ရက္က ခန္ယူနစ္ၿမိဳ႕ကို အစၥေရးရဲ႕ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ ဟားမက္အဖြဲ႕တာဝန္ရွိသူ ဘာဒီဝီနဲ႔ ဇနီးျဖစ္သူေသဆုံးခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။ အစၥေရးက မတ္လ၂၂ရက္မွာ ရာဖယ္နဲ႔ ခန္ယူနစ္ၿမိဳ႕ကို ေလေၾကာင္းတိုက္ခိုက္ခဲ့အတြက္ အနည္းဆုံး ၁၈ ဦး ေသဆုံးခဲ့တယ္လို႔ ပါလက္စတိုင္းက်န္းမာေရးဝန္ႀကီးဌာနက ေျပာပါတယ္။

အစၥေရးဝန္ႀကီးခ်ဳပ္က စစ္ပြဲရဲ႕အဓိကရည္မွန္းခ်က္ဟာ ဟာမက္လက္နက္ကိုင္အဖြဲ႕ကို ဖ်က္ဆီးဖို႔ ျဖစ္တယ္လို႔ ေျပာပါတယ္။ ဂါဇာေဒသကို ထိုးစစ္ဆင္တိုက္ခိုက္ျခင္း ထပ္မံလုပ္ေဆာင္ျခင္းဟာ ဟားမက္လက္နက္ကိုင္အဖြဲ႕လက္ထဲ က်န္ရွိေနတဲ့ ဖမ္းဆီးခံရသူအားလုံး ျပန္လြတ္ေျမာက္ေရးျဖစ္တယ္လို႔ အစၥေရးဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။
ဂါဇာေဒသကို အစၥေရးက တစ္ေက်ာ့ျပန္တိုက္ခိုက္ခ်ိန္အတြင္း ဟားမက္အဖြဲ႕ေခါင္းေဆာင္ အခ်ိဳ႕ ေသဆုံးခဲ့ရတယ္လို႔ ေျပာပါတယ္။ အစၥေရးနဲ႔ ဟားမက္အဖြဲ႕ၾကားျဖစ္ပြားေနတဲ့ ဂါဇာစစ္ပြဲဟာ အခ်ိန္ ၁၇ လၾကာျမင့္ေနၿပီး အနည္းဆုံးလူေပါင္း ငါးေသာင္းနီးပါး ေသဆုံးထားေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.