အင်ဒ်ုနီးရှားနိုင်ငံ၊ ဂျိုဟာမှ ရေလွှမ်းမိုးမှုအခြေအနေ ရေပြန်ကျလာပြီဖြစ်

207

ရောင်နီ (NP News) - မတ် ၂၄
အင်ဒိုနီးရှားနိုင်ငံ၊ ဂျိုဟာရဲ့ရေကြီး ရေလွှမ်းမိုးမှုအခြေအနေဟာ လက်ရှိ ရေတွေပြန်ကျနေပြီဖြစ်ပြီး ရေဘေးသင့် မိသားစုအရေအတွက်လည်း လျော့နည်းလာပြီဖြစ်တယ်လို့ သိရပါတယ်။
မတ်လ ၂၃ ရက် မွန်းလွဲ ၂ နာရီအထိအတွင်း အိုးအိမ်မဲ့ မိသားစုဦးရေ ၁,၉၈၈ မှ ၁,၆၅၂ ထိ ကျဆင်းသွားခဲ့ပြီး ထိခိုက် ခံစားရသူ စုစုပေါင်းမှာ ၆,၅၈၅ ဦးမှ ၅,၁၈၅ ဦးထိ လျော့ကျသွားတယ်လို့ ဂျိုဟာ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
ခရိုင်ငါးခုဖြစ်တဲ့ ဂျိုဟာဘာရူ၊ ပွန်တန်၊ ကိုတာ၊ တင်ဂျီ၊ ကဲလ်လောင်၊ ဘာတုပါဟက် ဒေသတွေကတော့ ရေလွှမ်းမိုးမှု အန္တရာယ်ရှိနေဆဲဖြစ်တယ်လို့ ကော်မတီက ပြောကြားပါတယ်။ ရေကျသွားတာကြောင့် "ယာယီ ကယ်ဆယ်ရေးစခန်းအရေအတွက်ဟာ ၄၄ ခုကနေ ၃၂ ခုအထိ ကျဆင်းသွားခဲ့ပြီး ကယ်ဆယ်ရေးစခန်း ၁၂ ခုထိ ပြန်ပိတ်နိုင်ခဲ့ကာ နေအိမ်တွေကို ပြောင်းရွှေ့နေထိုင်လာသူတွေလည်း ရှိနေပါတယ်။ အခုအချိန်အထိတော့ သေဆုံးမှု သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး” လို့ ကော်မတီက ဆိုပါတယ်။
အပြင်းထန်ဆုံး အထိခိုက်ခံခဲ့ရတဲ့နေရာတွေထဲက ဟိုဟာဘာရူဟာ ရွှေ့ပြောင်းဒုက္ခသည်ဦးရေ အများဆုံးဖြစ်ပြီး ကယ်ဆယ်ရေးစခန်း ၁၃ ခုမှာ လူ ဦးရေ ၃,၀၄၂ ဦးထိ ခိုလှုံနေကြရတယ်လို့ သိရပါတယ်။

Zawgyi Version:
အင္ဒ္ုနီးရွားႏိုင္ငံ၊ ဂ်ိဳဟာမွ ေရလႊမ္းမိုးမႈအေျခအေန ေရျပန္က်လာၿပီျဖစ္
ေရာင္နီ (NP News) - မတ္ ၂၄
အင္ဒိုနီးရွားႏိုင္ငံ၊ ဂ်ိဳဟာရဲ႕ေရႀကီး ေရလႊမ္းမိုးမႈအေျခအေနဟာ လက္ရွိ ေရေတြျပန္က်ေနၿပီျဖစ္ၿပီး ေရေဘးသင့္ မိသားစုအေရအတြက္လည္း ေလ်ာ့နည္းလာၿပီျဖစ္တယ္လို႔ သိရပါတယ္။
မတ္လ ၂၃ ရက္ မြန္းလြဲ ၂ နာရီအထိအတြင္း အိုးအိမ္မဲ့ မိသားစုဦးေရ ၁,၉၈၈ မွ ၁,၆၅၂ ထိ က်ဆင္းသြားခဲ့ၿပီး ထိခိုက္ ခံစားရသူ စုစုေပါင္းမွာ ၆,၅၈၅ ဦးမွ ၅,၁၈၅ ဦးထိ ေလ်ာ့က်သြားတယ္လို႔ ဂ်ိဳဟာ သဘာဝေဘးအႏၲရာယ္ စီမံခန႔္ခြဲမႈေကာ္မတီရဲ႕ထုတ္ျပန္ခ်က္အရ သိရပါတယ္။
ခ႐ိုင္ငါးခုျဖစ္တဲ့ ဂ်ိဳဟာဘာ႐ူ၊ ပြန္တန္၊ ကိုတာ၊ တင္ဂ်ီ၊ ကဲလ္ေလာင္၊ ဘာတုပါဟက္ ေဒသေတြကေတာ့ ေရလႊမ္းမိုးမႈ အႏၲရာယ္ရွိေနဆဲျဖစ္တယ္လို႔ ေကာ္မတီက ေျပာၾကားပါတယ္။ ေရက်သြားတာေၾကာင့္ "ယာယီ ကယ္ဆယ္ေရးစခန္းအေရအတြက္ဟာ ၄၄ ခုကေန ၃၂ ခုအထိ က်ဆင္းသြားခဲ့ၿပီး ကယ္ဆယ္ေရးစခန္း ၁၂ ခုထိ ျပန္ပိတ္ႏိုင္ခဲ့ကာ ေနအိမ္ေတြကို ေျပာင္းေ႐ႊ႕ေနထိုင္လာသူေတြလည္း ရွိေနပါတယ္။ အခုအခ်ိန္အထိေတာ့ ေသဆုံးမႈ သတင္းထုတ္ျပန္ျခင္း မရွိေသးပါဘူး” လို႔ ေကာ္မတီက ဆိုပါတယ္။
အျပင္းထန္ဆုံး အထိခိုက္ခံခဲ့ရတဲ့ေနရာေတြထဲက ဟိုဟာဘာ႐ူဟာ ေ႐ႊ႕ေျပာင္းဒုကၡသည္ဦးေရ အမ်ားဆုံးျဖစ္ၿပီး ကယ္ဆယ္ေရးစခန္း ၁၃ ခုမွာ လူ ဦးေရ ၃,၀၄၂ ဦးထိ ခိုလႈံေနၾကရတယ္လို႔ သိရပါတယ္။