ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာ လေထုညစ်ညမ်းမှုကြောင့် ကလေးငယ်တွေ နှာခေါင်းသွေးယိုခြင်းများ ဖြစ်နေ

322

ရောင်နီ (NP News) - မတ် ၂၄
ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာ လေထုညစ်ညမ်းမှုနဲ့ မီးခိုးမြူတွေကြောင့် နာတာရှည်ဖျားနာနေသူတွေ၊ ကိုယ်ဝန်ဆောင် မိခင်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေလို ကျန်းမာရေး ထိခိုက်လွယ်တဲ့အုပ်စုတွေမှာ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေတယ်လို့ သိရပါတယ်။
Facebook စာမျက်နှာနဲ့ ကိုယ်ရေးကိုယ်တာအကောင့်တွေ အပါအဝင် ဆိုရှယ်မီဒီယာပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် မျှဝေထားတဲ့ပို့စ်တွေမှာ ပြည်နယ်အတွင်းရှိ ကလေးအများစုဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေနဲ့ နှာခေါင်းသွေးယိုတာတွေ ခံစားနေရတယ်လို့ သိရပါတယ်။ ရောဂါအများစုဟာ ဆေးရုံတက်ဖို့ လိုအပ်လောက် အောင် မပြင်းထန်ပေမယ့် ဒီပြဿနာဟာ နှစ်စဉ်ပြန်ဖြစ်နေတာကြောင့် ရေရှည်ကျန်းမာရေးဆိုင်ရာ သက်ရောက်မှု တွေနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိနေပါတယ်။
အဆိုပါ လေထုညစ်ညမ်းမှုနဲ့ပတ်သက်ပြီး ဖေ့စ်ဘုတ်ခ် သုံးစွဲသူတစ်ဦးရဲ့ပိုစ့်တစ်ခုမှာတော့ သွေးစွန်းနေတဲ့ တစ်ရှူးစနဲ့အတူ "ချင်းမိုင် လေထုအခြေအနေ ဆိုးရွားနေသလားတော့ မသိဘူး၊ ဒီနေ့ (မတ်လ ၁၉ ရက်) မှာ သမီး ကို အလုပ်သွား၊ ထမင်းစားဖို့ ခေါ်တာ၊ ကားပေါ်တက်ပြီးတာနဲ့ ဒီလိုဖြစ်သွားတာ၊ ချင်းမိုင်မှာရှိတဲ့ မိသားစု တော်တော်များများက ကလေးသူငယ်တွေနဲ့ အလားတူပြဿနာမျိုး ကြုံနေရတယ်။ #AirPollution #Wildfires #ChangMaiir” လို့ ရေးသားထားတာ တွေ့ရပါတယ်။
ထိုင်းနိုင်ငံဟာ ဘန်ကောက်နဲ့ ချင်းမိုင်ဒေသတွေလို အထင်ကရနေရာတွေမှာ လေထုညစ်ညမ်းမှု အခြေအနေတွေဖြစ်ပေါ်နေပါတယ်။

Zawgyi Version:
ထိုင္းႏိုင္ငံ၊ ခ်င္းမိုင္မွာ ေလထုညစ္ညမ္းမႈေၾကာင့္ ကေလးငယ္ေတြ ႏွာေခါင္းေသြးယိုျခင္းမ်ား ျဖစ္ေန
ေရာင္နီ (NP News) - မတ္ ၂၄
ထိုင္းႏိုင္ငံ၊ ခ်င္းမိုင္မွာ ေလထုညစ္ညမ္းမႈနဲ႔ မီးခိုးျမဴေတြေၾကာင့္ နာတာရွည္ဖ်ားနာေနသူေတြ၊ ကိုယ္ဝန္ေဆာင္ မိခင္ေတြ၊ သက္ႀကီး႐ြယ္အိုေတြနဲ႔ ကေလးငယ္ေတြလို က်န္းမာေရး ထိခိုက္လြယ္တဲ့အုပ္စုေတြမွာ က်န္းမာေရးကို ဆိုး႐ြားစြာ ထိခိုက္ေစတယ္လို႔ သိရပါတယ္။
Facebook စာမ်က္ႏွာနဲ႔ ကိုယ္ေရးကိုယ္တာအေကာင့္ေတြ အပါအဝင္ ဆိုရွယ္မီဒီယာေပၚမွာ က်ယ္က်ယ္ျပန႔္ျပန႔္ မွ်ေဝထားတဲ့ပို႔စ္ေတြမွာ ျပည္နယ္အတြင္းရွိ ကေလးအမ်ားစုဟာ အသက္ရႉလမ္းေၾကာင္းဆိုင္ရာျပႆနာေတြနဲ႔ ႏွာေခါင္းေသြးယိုတာေတြ ခံစားေနရတယ္လို႔ သိရပါတယ္။ ေရာဂါအမ်ားစုဟာ ေဆး႐ုံတက္ဖို႔ လိုအပ္ေလာက္ ေအာင္ မျပင္းထန္ေပမယ့္ ဒီျပႆနာဟာ ႏွစ္စဥ္ျပန္ျဖစ္ေနတာေၾကာင့္ ေရရွည္က်န္းမာေရးဆိုင္ရာ သက္ေရာက္မႈ ေတြနဲ႔ပတ္သက္ၿပီး စိုးရိမ္မႈေတြ ရွိေနပါတယ္။
အဆိုပါ ေလထုညစ္ညမ္းမႈနဲ႔ပတ္သက္ၿပီး ေဖ့စ္ဘုတ္ခ္ သုံးစြဲသူတစ္ဦးရဲ႕ပိုစ့္တစ္ခုမွာေတာ့ ေသြးစြန္းေနတဲ့ တစ္ရႉးစနဲ႔အတူ "ခ်င္းမိုင္ ေလထုအေျခအေန ဆိုး႐ြားေနသလားေတာ့ မသိဘူး၊ ဒီေန႔ (မတ္လ ၁၉ ရက္) မွာ သမီး ကို အလုပ္သြား၊ ထမင္းစားဖို႔ ေခၚတာ၊ ကားေပၚတက္ၿပီးတာနဲ႔ ဒီလိုျဖစ္သြားတာ၊ ခ်င္းမိုင္မွာရွိတဲ့ မိသားစု ေတာ္ေတာ္မ်ားမ်ားက ကေလးသူငယ္ေတြနဲ႔ အလားတူျပႆနာမ်ိဳး ႀကဳံေနရတယ္။ #AirPollution #Wildfires #ChangMaiir” လို႔ ေရးသားထားတာ ေတြ႕ရပါတယ္။
ထိုင္းႏိုင္ငံဟာ ဘန္ေကာက္နဲ႔ ခ်င္းမိုင္ေဒသေတြလို အထင္ကရေနရာေတြမွာ ေလထုညစ္ညမ္းမႈ အေျခအေနေတြျဖစ္ေပၚေနပါတယ္။