အီရန်ရဲ့နျူကလီးယားအစီအစဉ် အပြည့်အဝဖျက်သိမ်းရေးကို အမေရိကန်ကြိုးပမ်းနေ

 172

Pika (NP News) - မတ် ၂၄

အမေရိကန်ဟာ အီရန်ရဲ့နျူကလီးယားအစီအစဉ် အပြည့်အဝဖျက်သိမ်းရေးကို ကြိုးပမ်းနေတယ်လို့ အမေရိကန် အစိုးရ အမျိုးသားလုံခြုံရေးအကြံပေးမိုက်ဝေါ့ဇ်က ပြောကြားခဲ့ပါတယ်။
မိုက်ဝေါ့ဇ်က “အီရန်ဟာ တစ်ကမ္ဘာလုံးက မြင်နိုင်တဲ့နည်းနဲ့ သူတို့ရဲ့နျူကလီးယားအစီအစဉ်ကို စွန့်လွှတ်ရမှာပါ။ ရွေးချယ်စရာတွေအားလုံးက စားပွဲဝိုင်းပေါ်မှာပဲ ရှိနေပါတယ်။ အီရန်ဟာ နျူကလီးယားလက်နက်ပိုင်ဆိုင်လိုတဲ့ ဆန္ဒကနေ လုံးဝရုန်းထွက်ဖို့ အချိန်တန်ပါပြီ” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် နျူကလီးယားသဘောတူညီချက်အသစ်နဲ့ပတ်သက်ပြီး အီရန်ထိပ်တန်းခေါင်းဆောင် အလီခါမေနီထံ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ချဉ်းကပ်မှုဟာ စစ်ရေးအရ အရေးယူမှုတွေကို ရှောင်ရှားဖို့ ကြိုးပမ်းမှုတစ်ခု ဖြစ်တယ်လို့ မိုက်ဝေါ့ဇ်က ပြောကြားခဲ့ပါတယ်။

မိုက်ဝေါ့ဇ်က “ကျွန်တော်တို့ဟာ အရာအားလုံးကို စစ်ရေးအရဖြေရှင်းဖို့ မလိုအပ်ပါဘူး။ အီရန်ဟာ တွေ့ဆုံ ဆွေးနွေးမှုတွေ၊ သံတမန်ရေးတွေကနေတစ်ဆင့် နေရာမှန်ကို ရောက်လာမလားဆိုတာ စောင့်ကြည့်ရမှာပါ။ အဲဒီလို မဟုတ်ဘူးဆိုရင်တော့ အခြားရွေးချယ်စရာတွေက ကောင်းမွန်တဲ့ရွေးချယ်စရာတွေတော့ မဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ဒေါ်နယ်ထရမ့်က “အီရန်အတွက် နည်းလမ်းနှစ်ခုရှိပါတယ်။ သဘောတူညီချက်ပြုလုပ်မလား ဒါမှမဟုတ် စစ်ရေးအရဖြေရှင်းမလား” ဆိုတဲ့ စာတစ်စောင်ကို ယခုလအစောပိုင်းမှာ အလီခါမေနီထံ ပေးပို့ခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အီရန္ရဲ႕န်ဴကလီးယားအစီအစဥ္ အျပည့္အဝဖ်က္သိမ္းေရးကို အေမရိကန္ႀကိဳးပမ္းေန
Pika (NP News) - မတ္ ၂၄

အေမရိကန္ဟာ အီရန္ရဲ႕န်ဴကလီးယားအစီအစဥ္ အျပည့္အဝဖ်က္သိမ္းေရးကို ႀကိဳးပမ္းေနတယ္လို႔ အေမရိကန္ အစိုးရ အမ်ိဳးသားလုံၿခဳံေရးအႀကံေပးမိုက္ေဝါ့ဇ္က ေျပာၾကားခဲ့ပါတယ္။
မိုက္ေဝါ့ဇ္က “အီရန္ဟာ တစ္ကမာၻလုံးက ျမင္ႏိုင္တဲ့နည္းနဲ႔ သူတို႔ရဲ႕န်ဴကလီးယားအစီအစဥ္ကို စြန႔္လႊတ္ရမွာပါ။ ေ႐ြးခ်ယ္စရာေတြအားလုံးက စားပြဲဝိုင္းေပၚမွာပဲ ရွိေနပါတယ္။ အီရန္ဟာ န်ဴကလီးယားလက္နက္ပိုင္ဆိုင္လိုတဲ့ ဆႏၵကေန လုံးဝ႐ုန္းထြက္ဖို႔ အခ်ိန္တန္ပါၿပီ” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ န်ဴကလီးယားသေဘာတူညီခ်က္အသစ္နဲ႔ပတ္သက္ၿပီး အီရန္ထိပ္တန္းေခါင္းေဆာင္ အလီခါေမနီထံ အေမရိကန္သမၼတေဒၚနယ္ထရမ့္ရဲ႕ခ်ဥ္းကပ္မႈဟာ စစ္ေရးအရ အေရးယူမႈေတြကို ေရွာင္ရွားဖို႔ ႀကိဳးပမ္းမႈတစ္ခု ျဖစ္တယ္လို႔ မိုက္ေဝါ့ဇ္က ေျပာၾကားခဲ့ပါတယ္။

မိုက္ေဝါ့ဇ္က “ကြၽန္ေတာ္တို႔ဟာ အရာအားလုံးကို စစ္ေရးအရေျဖရွင္းဖို႔ မလိုအပ္ပါဘူး။ အီရန္ဟာ ေတြ႕ဆုံ ေဆြးေႏြးမႈေတြ၊ သံတမန္ေရးေတြကေနတစ္ဆင့္ ေနရာမွန္ကို ေရာက္လာမလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။ အဲဒီလို မဟုတ္ဘူးဆိုရင္ေတာ့ အျခားေ႐ြးခ်ယ္စရာေတြက ေကာင္းမြန္တဲ့ေ႐ြးခ်ယ္စရာေတြေတာ့ မဟုတ္ပါဘူး” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ေဒၚနယ္ထရမ့္က “အီရန္အတြက္ နည္းလမ္းႏွစ္ခုရွိပါတယ္။ သေဘာတူညီခ်က္ျပဳလုပ္မလား ဒါမွမဟုတ္ စစ္ေရးအရေျဖရွင္းမလား” ဆိုတဲ့ စာတစ္ေစာင္ကို ယခုလအေစာပိုင္းမွာ အလီခါေမနီထံ ေပးပို႔ခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.