တောင်ကိုရီးယားမှာ တောမီးလောင်ကျွမ်းမှုကြောင့် အနည်းဆုံးလူ(၄)ဦးသေဆုံး

197

Pika (NP News) - မတ် ၂၄
တောင်ကိုရီးယားနိုင်ငံမှာ တောမီးလောင်ကျွမ်းမှုတွေကြောင့် အနည်းဆုံးလူ(၄)ဦးသေဆုံးခဲ့ပြီး အခြားလူ(၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ကိုရီးယားသစ်တောဌာနက ပြောကြားခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံ အရှေ့ တောင်ပိုင်းမှာ အများဆုံးဖြစ်ပွားနေတဲ့ တောမီးလောင်ကျွမ်းမှုကို ထိန်းချုပ်ဖို့အတွက် ဝန်ထမ်း(၉၀၀၀)ကျော်နဲ့ ရဟတ်ယာဉ်(၁၀၅)စီးတို့ကို ဖြန့်ကျက်ချထားတယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် တောမီးလောင်ကျွမ်းမှကြောင့် လူနေအိမ်တွေနဲ့ ဘုရားကျောင်းတစ်ခု ပျက်စီးသွားခဲ့တယ်လို့ အာဏာပိုင်တွေ က ပြောကြားခဲ့ပါတယ်။ တောမီးလောင်ကျွမ်းမှုကြောင့် တောတောင် ဧက(၁၆၀၀၀)ကျော် ပျက်စီးသွားခဲ့ပြီး လူပေါင်း (၁၅၀၀)ကျော်ဟာ ယာယီခိုလှုံရာနေရာတွေမှာ နေထိုင်နေရတယ်လို့ ယာယီသမ္မတ Choi Sang-mok က ပြောကြားခဲ့ပါတယ်။
Choi Sang-mok က “တောမီးလောင်ကျွမ်းမှုကို ငြိမ်းသတ်ဖို့လုပ်ဆောင်နေတဲ့ တာဝန်ရှိသူတွေရဲ့လုံခြုံရေးကို ဂရုစိုက်ပေးကြဖို့ သစ်တောဌာနကို ကျွန်တော်တောင်းဆိုထားပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် တောမီးလောင်ကျွမ်းမှုအတွင်း သေဆုံးသွားခဲ့တဲ့ လူ(၄)ဦးအနက် (၃)ဦးဟာ မီးသတ်သမားတွေဖြစ်ပြီး အခြား တစ်ဦးကတော့ ပြည်သူ့ဝန်ထမ်းတစ်ဦးဖြစ်တယ်လို့ သတင်းမီဒီယာတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။

Zawgyi Version:
ေတာင္ကိုရီးယားမွာ ေတာမီးေလာင္ကြၽမ္းမႈေၾကာင့္ အနည္းဆုံးလူ(၄)ဦးေသဆုံး
Pika (NP News) - မတ္ ၂၄
ေတာင္ကိုရီးယားႏိုင္ငံမွာ ေတာမီးေလာင္ကြၽမ္းမႈေတြေၾကာင့္ အနည္းဆုံးလူ(၄)ဦးေသဆုံးခဲ့ၿပီး အျခားလူ(၆)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ ေတာင္ကိုရီးယားသစ္ေတာဌာနက ေျပာၾကားခဲ့ပါတယ္။ ေတာင္ကိုရီးယားႏိုင္ငံ အေရွ႕ ေတာင္ပိုင္းမွာ အမ်ားဆုံးျဖစ္ပြားေနတဲ့ ေတာမီးေလာင္ကြၽမ္းမႈကို ထိန္းခ်ဳပ္ဖို႔အတြက္ ဝန္ထမ္း(၉၀၀၀)ေက်ာ္နဲ႔ ရဟတ္ယာဥ္(၁၀၅)စီးတို႔ကို ျဖန႔္က်က္ခ်ထားတယ္လို႔ တာဝန္ရွိသူေတြက ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ေတာမီးေလာင္ကြၽမ္းမွေၾကာင့္ လူေနအိမ္ေတြနဲ႔ ဘုရားေက်ာင္းတစ္ခု ပ်က္စီးသြားခဲ့တယ္လို႔ အာဏာပိုင္ေတြ က ေျပာၾကားခဲ့ပါတယ္။ ေတာမီးေလာင္ကြၽမ္းမႈေၾကာင့္ ေတာေတာင္ ဧက(၁၆၀၀၀)ေက်ာ္ ပ်က္စီးသြားခဲ့ၿပီး လူေပါင္း (၁၅၀၀)ေက်ာ္ဟာ ယာယီခိုလႈံရာေနရာေတြမွာ ေနထိုင္ေနရတယ္လို႔ ယာယီသမၼတ Choi Sang-mok က ေျပာၾကားခဲ့ပါတယ္။
Choi Sang-mok က “ေတာမီးေလာင္ကြၽမ္းမႈကို ၿငိမ္းသတ္ဖို႔လုပ္ေဆာင္ေနတဲ့ တာဝန္ရွိသူေတြရဲ႕လုံၿခဳံေရးကို ဂ႐ုစိုက္ေပးၾကဖို႔ သစ္ေတာဌာနကို ကြၽန္ေတာ္ေတာင္းဆိုထားပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ေတာမီးေလာင္ကြၽမ္းမႈအတြင္း ေသဆုံးသြားခဲ့တဲ့ လူ(၄)ဦးအနက္ (၃)ဦးဟာ မီးသတ္သမားေတြျဖစ္ၿပီး အျခား တစ္ဦးကေတာ့ ျပည္သူ႔ဝန္ထမ္းတစ္ဦးျဖစ္တယ္လို႔ သတင္းမီဒီယာေတြရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။