ရုရှားကို ဖိအားအသစ်ပေးမှုတွေလုပ်ဆောင်ဖို့ မိတ်ဖက်နိုင်ငံတွေကို ယူကရိန်းသမ္မတ တိုက်တွန်း

 323

Pika (NP News) - မတ် ၂၄

ရုရှား-ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့အတွက် ရုရှားကို ဖိအားအသစ်ပေးမှုတွေလုပ်ဆောင်ဖို့ မိတ်ဖက်နိုင်ငံတွေကို ယူကရိန်းသမ္မတဇီလန်စကီးက တိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ကိယက်ဗ်မြို့ကို ရုရှားတပ်ဖွဲ့တွေက ဒရုန်းတွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် အနည်းဆုံးလူ(၃)ဦးသေဆုံးခဲ့ပြီးနောက် ဇီလန်စကီးရဲ့တိုက်တွန်း ချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဇီလန်စကီးက “ဒီစစ်ပွဲနဲ့တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့အတွက် ရုရှားအပေါ် ဖိအားအသစ်တွေနဲ့ ဆုံးဖြတ်ချက် အသစ်တွေ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ရုရှားနဲ့ယူကရိန်းကြား စွမ်းအင်အခြေခံအဆောက်အဦးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ရရှိဖို့ ကြိုးပမ်းမှုတွေရှိနေချိန်မှာပဲ ယခုလိုပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွား တာဟာ အချိန်(၃)နှစ်ကျော်ကြာမြင့်နေပြီဖြစ်ပေမယ့်လည်း နှစ်ဖက်စလုံးက အပစ်အခတ်ရပ်စဲရေး သဘောတူညီ ချက်ကို ရယူနိုင်တာမျိုးမရှိသေးဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလုပ်ဆောင်ခဲ့တဲ့ဖုန်းခေါ်ဆိုမှုအတွင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတပူတင်တို့ ဟာ စွမ်းအင်နဲ့အခြေခံအဆောက်အဦးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို သဘောတူညီခဲ့ကြတယ်လို့လည်း သိရပါတယ်။

Zawgyi Version:
႐ုရွားကို ဖိအားအသစ္ေပးမႈေတြလုပ္ေဆာင္ဖို႔ မိတ္ဖက္ႏိုင္ငံေတြကို ယူကရိန္းသမၼတ တိုက္တြန္း
Pika (NP News) - မတ္ ၂၄

႐ုရွား-ယူကရိန္းစစ္ပြဲကို အဆုံးသတ္ဖို႔အတြက္ ႐ုရွားကို ဖိအားအသစ္ေပးမႈေတြလုပ္ေဆာင္ဖို႔ မိတ္ဖက္ႏိုင္ငံေတြကို ယူကရိန္းသမၼတဇီလန္စကီးက တိုက္တြန္းေျပာဆိုခဲ့တယ္လို႔ သိရပါတယ္။ ကိယက္ဗ္ၿမိဳ႕ကို ႐ုရွားတပ္ဖြဲ႕ေတြက ဒ႐ုန္းေတြနဲ႔ ပစ္မွတ္ထားတိုက္ခိုက္မႈေၾကာင့္ အနည္းဆုံးလူ(၃)ဦးေသဆုံးခဲ့ၿပီးေနာက္ ဇီလန္စကီးရဲ႕တိုက္တြန္း ခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။

ဇီလန္စကီးက “ဒီစစ္ပြဲနဲ႔တိုက္ခိုက္မႈေတြကို ရပ္တန႔္ဖို႔အတြက္ ႐ုရွားအေပၚ ဖိအားအသစ္ေတြနဲ႔ ဆုံးျဖတ္ခ်က္ အသစ္ေတြ လုပ္ေဆာင္ဖို႔ လိုအပ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
႐ုရွားနဲ႔ယူကရိန္းၾကား စြမ္းအင္အေျခခံအေဆာက္အဦးဆိုင္ရာ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ကို ရရွိဖို႔ ႀကိဳးပမ္းမႈေတြရွိေနခ်ိန္မွာပဲ ယခုလိုေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ ႐ုရွား-ယူကရိန္းစစ္ပြဲျဖစ္ပြား တာဟာ အခ်ိန္(၃)ႏွစ္ေက်ာ္ၾကာျမင့္ေနၿပီျဖစ္ေပမယ့္လည္း ႏွစ္ဖက္စလုံးက အပစ္အခတ္ရပ္စဲေရး သေဘာတူညီ ခ်က္ကို ရယူႏိုင္တာမ်ိဳးမရွိေသးဘူးလို႔ သိရပါတယ္။
ၿပီးခဲ့တဲ့ရက္ပိုင္းကလုပ္ေဆာင္ခဲ့တဲ့ဖုန္းေခၚဆိုမႈအတြင္း အေမရိကန္သမၼတေဒၚနယ္ထရမ့္နဲ႔ ႐ုရွားသမၼတပူတင္တို႔ ဟာ စြမ္းအင္နဲ႔အေျခခံအေဆာက္အဦးဆိုင္ရာ အပစ္အခတ္ရပ္စဲေရးကို သေဘာတူညီခဲ့ၾကတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.