အမြန်လမ်းကို မျက်စောင်းထိုးလာသည့် PDF များအရေးကို ဖြေရှင်းရန်လိုအပ်နေ

 12993

ပီယ၊ သန့်ဇင် (NP News) - မတ် ၂၄

ခရီးသွားပြည်သူအများ စိတ်အေးချမ်းသာစွာအသုံးပြုနေသည့် အမြန်လမ်းကို မျက်စောင်းထိုးလာသော PDF များ အရေးကို ဖြေရှင်းရန် လိုအပ်နေပြီး ‌ပြောက်ကျားစနစ်ကိုသုံးပြီး ကာကွယ်သင့်ကြောင်း တပ်မတော်အငြိမ်းစား အရာရှိကြီးတစ်ဦးက အကြံပြု ပြောကြားသည်။
အနီးစပ်ဆုံးဖြစ်စဉ်အနေဖြင့် ပြီးခဲ့သည့် မတ်လ(၁၉)ရက်က အမြန်လမ်းမကြီးရှိ မိုင်တိုင်အမှတ်(၃၁၈)မိုင်၊ (၃၁၉) မိုင် နှင့် (၃၂၁)မိုင်တို့အနီးတွင် နွားထိုးကြီး PDF အဖွဲ့က ပစ်ပြေးပုံစံပစ်ခတ်မှုပြုလုပ်ခဲ့ပြီး ယင်းမတိုင်မီကလည်း အမြန်လမ်းမကြီးကို ထိပါးမှုများပြုလုပ်ခဲ့သည်သာမက (၂၀၂၄)ခုနှစ် ဒီဇင်ဘာလအတွင်းက ခရီးသည်တင်ကားများ ကို စစ်ဆေးသည်ဟုဆိုကာ အမြန်လမ်းပေါ်တက်လာခဲ့သေးသည်။ ယင်းလအတွင်းမှာပင် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၂၆၂)တွင် PDF အဖွဲ့က ရှောင်တခင်တက်လာပြီး ဖမ်းဆီးမှုအချို့ ပြုလုပ်ခဲ့သည်။ ထို့ကြောင့် ပြည်သူများအတွက် အမြန်လမ်းမကြီးကို အသုံးပြုရာတွင် စိုးရိမ်ထိတ်လန့်စိတ် မဖြစ်ရန်လိုအပ်နေ ကြောင်း ပြောကြားချက်များ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာနေသည်။ “အမြန် လမ်းမကြီး လုံခြုံရေးအတွက် နည်းလမ်းတစ်ခုကို ရှာစေချင်ပါတယ်။ အခုကတော့ လမ်းမကြီးမှာ ပစ်ပြေးအဆင့်ပေါ့။ ဒါပေမဲ့ ပစ်ပြေးကနေ အဆင့်တက်လာမှာစိုးရိမ်ပါတယ်” ဟု နိုင်ငံရေးနယ်ပယ်မှ သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။ လမ်းမများထက်က ဖြစ်စဉ်များသည် ထပ်ခါတလဲလဲဖြစ်လာနေသောကြောင့် ပြောက်ကျားစစ်ဖြင့် တန်ပြန်သင့်ပြီဖြစ်ကြောင်း တပ်မတော်အငြိမ်းစားအရာရှိကြီးတစ်ဦးက ပြော သည်။
“ဒီလိုမျိုးဖြစ်စဉ်တွေက ပြောနေကြတာပဲ။ အမြန်လမ်းဖြစ်စဉ်တွေနဲ့ မီးရထားလမ်းမှာဖြစ်တာ တွေရော တာဝါတိုင်တွေဖောက်ခွဲတာတွေရောက ဘယ်လိုဖြစ်နေလဲဆိုတော့ ဖြစ်နေတာလည်းကြာပြီ အကြိမ်အရေအတွက် လည်းများလာပြီ။ အကြိမ်အရေအတွက် သာများလာတယ်။ တပ်မတော်ဘက်က ဒီနေရာပဲစစ်တာများတယ်။ ဥပမာ-တောင်ငူနား ဆိုရင်လည်း တောင်ငူနားဖြစ်တယ်။ မော်လမြိုင်ဘက် ဆိုရင်လည်း ဘီးလင်းမှာဖြစ်တယ်။ ဒီနေရာမှာပဲ ထပ်ကာထပ်ကာဖြစ်နေတယ်။ ဒီဟာတွေက ပြောက်ကျား စနစ်လေ။ ပြောက်ကျားစနစ်ကို ပြောက်ကျားနဲ့ တန်ပြန်ဖို့ အခြေခံစစ်ပညာမှာပါပြီးသားပါ” ဟု ၎င်းက ဆိုသည်။
ယခင်ကလည်း လမ်းမများကို အကြမ်းဖက်သမားများက အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်ခဲ့သော်လည်း ထိုစဉ်က တိုက်ဖျက်နိုင် ခဲ့ကြောင်းနှင့် လက်ရှိတွင် ပျောက်ကျား စစ်ဖြင့် တိုက်ခိုက်မှုအားနည်းနေကြောင်း ၎င်းက ထောက်ပြသည်။ “ပြောက်ကျားစနစ်ကို မလုပ်တော့ဘူး။ အဲဒါကို PDF တွေက အခွင့်အရေးရသွားတာ” ဟု ၎င်းက ဆိုသည်။
ယင်းအမြန်လမ်းဖြစ်စဉ်နှင့် မရှေးမနှောင်းမှာပင် ယခုလ (၁၄)ရက်က ရန်ကုန် - မန္တလေးလမ်းဟောင်းတွင် PDF အဖွဲ့က လမ်းပိုင်း စစ်ဆေးသည်ဟုဆိုကာ မောင်းနေသော ကားများကို ရပ်တန့်ပြီး စစ်ဆေးမှုပြုလုပ်ခဲ့သေးသည်။
“စစ်ဆင်ရေးဝင်တဲ့ အခါကျရင် ဘယ်နှမိုင်ကနေ ဘယ်နှမိုင်အထိ စစ်ဆင်ရေးဝင်မယ်ဆိုရင် ဝင်တဲ့သူတွေက စနစ်တကျ နဲ့ သေသေချာချာ အောင်မြင်အောင် ဖော်ထုတ်ရှင်းလင်းတာမျိုးလုပ်ပေးမယ်ဆိုရင် သူတို့ကပ်နိုင်မယ့် အနေ အထားတော့ မရှိဘူး။ နယ်မြေရှင်းလင်းတဲ့အဖွဲ့က သေချာရှင်းလင်း၊ ထိုးစစ်ဆင်တဲ့အဖွဲ့က သေချာ ထိုးစစ်ဆင်၊ ဖိပြီးတော့ ဦးနှိမ်ပေါ့” ဟု NP News ၏ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အကြံပြုသည်။
ယင်းသို့ အမြန်လမ်းမကြီးနှင့် လမ်းဟောင်းသို့ PDF များတက်လာခြင်းသည် ခရီးသွားပြည်သူများအတွက် စိုးရိမ် ဖွယ်ဖြစ်လာကြောင်း အမြန်လမ်းကို အမြဲတစေ အသုံးပြုသွားလာနေသူတစ်ဦးက ပြောသည်။ “စိုးရိမ်တာပေါ့။ ဒါနဲ့ပတ်သက်ပြီးတော့ ဖြေရှင်းစေချင်ပါတယ်။ နွားထိုးကြီးဘက်ခြမ်းဆိုတက်တာတွေရှိတော့ ပြောရမယ်ဆို တော်တော်သတိထားနေရတယ်။ တစ်စ တစ်စနဲ့ အမြန်လမ်းကိုထိပါးတာမျိုးကို ပြင်းပြင်းထန်ထန် တားမြစ် စေချင် တယ်။ တိုက်ပွဲဖြစ်ရင်လည်း ပြည်သူတွေမှာ ကျီးလန့် စာစားဖြစ်ကြရတာ” ဟု ၎င်းက ဆိုသည်။

Zawgyi Version:
အျမန္လမ္းကို မ်က္ေစာင္းထိုးလာသည့္ PDF မ်ားအေရးကို ေျဖရွင္းရန္လိုအပ္ေန
ပီယ၊ သန႔္ဇင္ (NP News) - မတ္ ၂၄

ခရီးသြားျပည္သူအမ်ား စိတ္ေအးခ်မ္းသာစြာအသုံးျပဳေနသည့္ အျမန္လမ္းကို မ်က္ေစာင္းထိုးလာေသာ PDF မ်ား အေရးကို ေျဖရွင္းရန္ လိုအပ္ေနၿပီး ‌ေျပာက္က်ားစနစ္ကိုသုံးၿပီး ကာကြယ္သင့္ေၾကာင္း တပ္မေတာ္အၿငိမ္းစား အရာရွိႀကီးတစ္ဦးက အႀကံျပဳ ေျပာၾကားသည္။
အနီးစပ္ဆုံးျဖစ္စဥ္အေနျဖင့္ ၿပီးခဲ့သည့္ မတ္လ(၁၉)ရက္က အျမန္လမ္းမႀကီးရွိ မိုင္တိုင္အမွတ္(၃၁၈)မိုင္၊ (၃၁၉) မိုင္ ႏွင့္ (၃၂၁)မိုင္တို႔အနီးတြင္ ႏြားထိုးႀကီး PDF အဖြဲ႕က ပစ္ေျပးပုံစံပစ္ခတ္မႈျပဳလုပ္ခဲ့ၿပီး ယင္းမတိုင္မီကလည္း အျမန္လမ္းမႀကီးကို ထိပါးမႈမ်ားျပဳလုပ္ခဲ့သည္သာမက (၂၀၂၄)ခုႏွစ္ ဒီဇင္ဘာလအတြင္းက ခရီးသည္တင္ကားမ်ား ကို စစ္ေဆးသည္ဟုဆိုကာ အျမန္လမ္းေပၚတက္လာခဲ့ေသးသည္။ ယင္းလအတြင္းမွာပင္ ရန္ကုန္-မႏၲေလး အျမန္လမ္း မိုင္တိုင္အမွတ္ (၂၆၂)တြင္ PDF အဖြဲ႕က ေရွာင္တခင္တက္လာၿပီး ဖမ္းဆီးမႈအခ်ိဳ႕ ျပဳလုပ္ခဲ့သည္။ ထို႔ေၾကာင့္ ျပည္သူမ်ားအတြက္ အျမန္လမ္းမႀကီးကို အသုံးျပဳရာတြင္ စိုးရိမ္ထိတ္လန႔္စိတ္ မျဖစ္ရန္လိုအပ္ေန ေၾကာင္း ေျပာၾကားခ်က္မ်ား က်ယ္က်ယ္ျပန႔္ျပန႔္ ထြက္ေပၚလာေနသည္။ “အျမန္ လမ္းမႀကီး လုံၿခဳံေရးအတြက္ နည္းလမ္းတစ္ခုကို ရွာေစခ်င္ပါတယ္။ အခုကေတာ့ လမ္းမႀကီးမွာ ပစ္ေျပးအဆင့္ေပါ့။ ဒါေပမဲ့ ပစ္ေျပးကေန အဆင့္တက္လာမွာစိုးရိမ္ပါတယ္” ဟု ႏိုင္ငံေရးနယ္ပယ္မွ သတင္းရင္းျမစ္တစ္ဦးက ဆိုသည္။ လမ္းမမ်ားထက္က ျဖစ္စဥ္မ်ားသည္ ထပ္ခါတလဲလဲျဖစ္လာေနေသာေၾကာင့္ ေျပာက္က်ားစစ္ျဖင့္ တန္ျပန္သင့္ၿပီျဖစ္ေၾကာင္း တပ္မေတာ္အၿငိမ္းစားအရာရွိႀကီးတစ္ဦးက ေျပာ သည္။
“ဒီလိုမ်ိဳးျဖစ္စဥ္ေတြက ေျပာေနၾကတာပဲ။ အျမန္လမ္းျဖစ္စဥ္ေတြနဲ႔ မီးရထားလမ္းမွာျဖစ္တာ ေတြေရာ တာဝါတိုင္ေတြေဖာက္ခြဲတာေတြေရာက ဘယ္လိုျဖစ္ေနလဲဆိုေတာ့ ျဖစ္ေနတာလည္းၾကာၿပီ အႀကိမ္အေရအတြက္ လည္းမ်ားလာၿပီ။ အႀကိမ္အေရအတြက္ သာမ်ားလာတယ္။ တပ္မေတာ္ဘက္က ဒီေနရာပဲစစ္တာမ်ားတယ္။ ဥပမာ-ေတာင္ငူနား ဆိုရင္လည္း ေတာင္ငူနားျဖစ္တယ္။ ေမာ္လၿမိဳင္ဘက္ ဆိုရင္လည္း ဘီးလင္းမွာျဖစ္တယ္။ ဒီေနရာမွာပဲ ထပ္ကာထပ္ကာျဖစ္ေနတယ္။ ဒီဟာေတြက ေျပာက္က်ား စနစ္ေလ။ ေျပာက္က်ားစနစ္ကို ေျပာက္က်ားနဲ႔ တန္ျပန္ဖို႔ အေျခခံစစ္ပညာမွာပါၿပီးသားပါ” ဟု ၎က ဆိုသည္။
ယခင္ကလည္း လမ္းမမ်ားကို အၾကမ္းဖက္သမားမ်ားက အဖ်က္အေမွာင့္လုပ္ငန္းမ်ား ေဆာင္႐ြက္ခဲ့ေသာ္လည္း ထိုစဥ္က တိုက္ဖ်က္ႏိုင္ ခဲ့ေၾကာင္းႏွင့္ လက္ရွိတြင္ ေပ်ာက္က်ား စစ္ျဖင့္ တိုက္ခိုက္မႈအားနည္းေနေၾကာင္း ၎က ေထာက္ျပသည္။ “ေျပာက္က်ားစနစ္ကို မလုပ္ေတာ့ဘူး။ အဲဒါကို PDF ေတြက အခြင့္အေရးရသြားတာ” ဟု ၎က ဆိုသည္။
ယင္းအျမန္လမ္းျဖစ္စဥ္ႏွင့္ မေရွးမေႏွာင္းမွာပင္ ယခုလ (၁၄)ရက္က ရန္ကုန္ - မႏၲေလးလမ္းေဟာင္းတြင္ PDF အဖြဲ႕က လမ္းပိုင္း စစ္ေဆးသည္ဟုဆိုကာ ေမာင္းေနေသာ ကားမ်ားကို ရပ္တန႔္ၿပီး စစ္ေဆးမႈျပဳလုပ္ခဲ့ေသးသည္။
“စစ္ဆင္ေရးဝင္တဲ့ အခါက်ရင္ ဘယ္ႏွမိုင္ကေန ဘယ္ႏွမိုင္အထိ စစ္ဆင္ေရးဝင္မယ္ဆိုရင္ ဝင္တဲ့သူေတြက စနစ္တက် နဲ႔ ေသေသခ်ာခ်ာ ေအာင္ျမင္ေအာင္ ေဖာ္ထုတ္ရွင္းလင္းတာမ်ိဳးလုပ္ေပးမယ္ဆိုရင္ သူတို႔ကပ္ႏိုင္မယ့္ အေန အထားေတာ့ မရွိဘူး။ နယ္ေျမရွင္းလင္းတဲ့အဖြဲ႕က ေသခ်ာရွင္းလင္း၊ ထိုးစစ္ဆင္တဲ့အဖြဲ႕က ေသခ်ာ ထိုးစစ္ဆင္၊ ဖိၿပီးေတာ့ ဦးႏွိမ္ေပါ့” ဟု NP News ၏ စစ္ေရးသတင္းရင္းျမစ္တစ္ဦးက အႀကံျပဳသည္။
ယင္းသို႔ အျမန္လမ္းမႀကီးႏွင့္ လမ္းေဟာင္းသို႔ PDF မ်ားတက္လာျခင္းသည္ ခရီးသြားျပည္သူမ်ားအတြက္ စိုးရိမ္ ဖြယ္ျဖစ္လာေၾကာင္း အျမန္လမ္းကို အၿမဲတေစ အသုံးျပဳသြားလာေနသူတစ္ဦးက ေျပာသည္။ “စိုးရိမ္တာေပါ့။ ဒါနဲ႔ပတ္သက္ၿပီးေတာ့ ေျဖရွင္းေစခ်င္ပါတယ္။ ႏြားထိုးႀကီးဘက္ျခမ္းဆိုတက္တာေတြရွိေတာ့ ေျပာရမယ္ဆို ေတာ္ေတာ္သတိထားေနရတယ္။ တစ္စ တစ္စနဲ႔ အျမန္လမ္းကိုထိပါးတာမ်ိဳးကို ျပင္းျပင္းထန္ထန္ တားျမစ္ ေစခ်င္ တယ္။ တိုက္ပြဲျဖစ္ရင္လည္း ျပည္သူေတြမွာ က်ီးလန႔္ စာစားျဖစ္ၾကရတာ” ဟု ၎က ဆိုသည္။

Related news

© 2021. All rights reserved.