အမေရိကန်ရှိ လူနာတင်ယာဉ်ဟောင်းတစ်စီးက မိုင်ပေါင်း (၃၂၀ဝ)ကျော်အထိ သွားခဲ့ပြီး ကမ္ဘာ့ဂင်းနစ်စံချိန်တင်

5121

Pika (NP News) - မတ် ၂၄
အမေရိကန်နိုင်ငံတွင် ရှေးအကျဆုံး လိုင်စင်ရ လူနာတင်ယာဉ်တစ်စီးသည် ကယ်လီဖိုးနီးယားပြည်နယ်မှ မိုင်ပေါင်း (၃၂၀ဝ) ကျော်ဝေးသော ဖလော်ရီဒါပြည်နယ်သို့ မောင်းနှင်းလာခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ် စံချိန်သစ်တစ်ခု တင်နိုင် ခဲ့ကြောင်း သိရသည်။
အမျိုးသားနှစ်ဦးသည် အဆိုပါ လိုင်စင်ရ ရှေးအကျဆုံး လူနာတင်ယာဉ်ကို ကယ်လီဖိုးနီးယား ပြည်နယ်မှ ဖလော်ရီဒါ ပြည်နယ်သို့ မောင်းနှင်လာခဲ့ပြီးနောက် ယခုကဲ့သို့ဂင်းနစ်စံချိန်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (၁၉၇၂) Cadillac လူနာတင်ယာဉ်သည် အကျိုးအမြတ် မယူသော အရေးပေါ်ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုအဖွဲ့တစ်ဖွဲ့ဖြစ် သည့် Symbiosis Ambulance and Axene Continuing Edu- cation မှ အဖွဲ့တစ်ဖွဲ့နှင့်အတူ နိုင်ငံဖြတ်ကျော် ခရီးစဉ်ကို လိုက်ပါခဲ့ပြီးနောက် ဂင်းနစ်စံချိန်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မတ်လ(၁)ရက်တွင်စတင်ခဲ့ပြီး မတ်လ(၁၇) ရက်တွင် ပြီးဆုံးသွားခဲ့သည့် အဆိုပါခရီးစဉ်သည် အရေးပေါ်ဆေး ဘက်ဆိုင်ရာအသိပညာပေးခြင်း၏ အရေးပါမှုကို အသိပညာပေးနိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း အဆိုပါ အဖွဲ့ကပြောကြားခဲ့သည်။ (၁၉၇၂) Cadillac လူနာတင်ယာဉ်သည် အကွာအဝေးမိုင်ပေါင်း (၃၂၃၃) မိုင်အထိမောင်း နှင်ခဲ့ပြီးနောက် လူနာတင်ယာဉ်ဖြင့် အရှည်ကြာဆုံး ခရီးသွားလာခြင်းအတွက် ကမ္ဘာ့ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့ ခြင်းဖြစ်ကြောင်း ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့က ပြောကြားခဲ့သည်။

Zawgyi Version:
အေမရိကန္ရွိ လူနာတင္ယာဥ္ေဟာင္းတစ္စီးက မိုင္ေပါင္း (၃၂၀ဝ)ေက်ာ္အထိ သြားခဲ့ၿပီး ကမာၻ႔ဂင္းနစ္စံခ်ိန္တင္
Pika (NP News) - မတ္ ၂၄
အေမရိကန္ႏိုင္ငံတြင္ ေရွးအက်ဆုံး လိုင္စင္ရ လူနာတင္ယာဥ္တစ္စီးသည္ ကယ္လီဖိုးနီးယားျပည္နယ္မွ မိုင္ေပါင္း (၃၂၀ဝ) ေက်ာ္ေဝးေသာ ဖေလာ္ရီဒါျပည္နယ္သို႔ ေမာင္းႏွင္းလာခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္ စံခ်ိန္သစ္တစ္ခု တင္ႏိုင္ ခဲ့ေၾကာင္း သိရသည္။
အမ်ိဳးသားႏွစ္ဦးသည္ အဆိုပါ လိုင္စင္ရ ေရွးအက်ဆုံး လူနာတင္ယာဥ္ကို ကယ္လီဖိုးနီးယား ျပည္နယ္မွ ဖေလာ္ရီဒါ ျပည္နယ္သို႔ ေမာင္းႏွင္လာခဲ့ၿပီးေနာက္ ယခုကဲ့သို႔ဂင္းနစ္စံခ်ိန္တင္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ (၁၉၇၂) Cadillac လူနာတင္ယာဥ္သည္ အက်ိဳးအျမတ္ မယူေသာ အေရးေပၚေဆးဘက္ဆိုင္ရာဝန္ေဆာင္မႈအဖြဲ႕တစ္ဖြဲ႕ျဖစ္ သည့္ Symbiosis Ambulance and Axene Continuing Edu- cation မွ အဖြဲ႕တစ္ဖြဲ႕ႏွင့္အတူ ႏိုင္ငံျဖတ္ေက်ာ္ ခရီးစဥ္ကို လိုက္ပါခဲ့ၿပီးေနာက္ ဂင္းနစ္စံခ်ိန္တင္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
မတ္လ(၁)ရက္တြင္စတင္ခဲ့ၿပီး မတ္လ(၁၇) ရက္တြင္ ၿပီးဆုံးသြားခဲ့သည့္ အဆိုပါခရီးစဥ္သည္ အေရးေပၚေဆး ဘက္ဆိုင္ရာအသိပညာေပးျခင္း၏ အေရးပါမႈကို အသိပညာေပးႏိုင္ရန္ ရည္႐ြယ္ထားျခင္းျဖစ္ေၾကာင္း အဆိုပါ အဖြဲ႕ကေျပာၾကားခဲ့သည္။ (၁၉၇၂) Cadillac လူနာတင္ယာဥ္သည္ အကြာအေဝးမိုင္ေပါင္း (၃၂၃၃) မိုင္အထိေမာင္း ႏွင္ခဲ့ၿပီးေနာက္ လူနာတင္ယာဥ္ျဖင့္ အရွည္ၾကာဆုံး ခရီးသြားလာျခင္းအတြက္ ကမာၻ႔ဂင္းနစ္စံခ်ိန္သစ္တင္ႏိုင္ခဲ့ ျခင္းျဖစ္ေၾကာင္း ကမာၻ႔ဂင္းနစ္စံခ်ိန္မွတ္တမ္းအဖြဲ႕က ေျပာၾကားခဲ့သည္။