ငြိမ်းချမ်းရေးစကားဝိုင်း "Peace Talk 2025" ပထမနေ့ကို နေပြည်တော်တွင် အောင်မြင်စွာကျင်းပ

 677

NP News - မတ် ၂၄

နေပြည်တော်၊ MICC-2 တွင် အလွှာအသီးသီးမှ လူပေါင်း (၁၂၀)ပါဝင်သော ငြိမ်းချမ်းရေးစကားဝိုင်း (Peace Talk 2025) ပထမနေ့ကို ယနေ့(မတ်လ ၂၄ ရက်) တွင် အောင်မြင်စွာကျင်းပခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲကို NSPNC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရာပြည့် အပါအဝင် ညှိနှိုင်းရေးကော်မတီဝင်များ၊ တပ်မတော်အငြိမ်းစား အရာရှိကြီးများ၊ JMC ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်သူများ၊ ပါဝင်သင့်ပါဝင်ထိုက်သူများ၊ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ အသင်းအဖွဲ့များ နှင့် လေ့လာသူများ တက်ရောက်ခဲ့သည်။

လက်ရှိကျင်းပလျက်နေသော ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတ်လ ၂၄ ရက်မှ မတ်လ (၂၆) ရက်အထိ (၃) ရက်တိုင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ၿငိမ္းခ်မ္းေရးစကားဝိုင္း "Peace Talk 2025" ပထမေန႔ကို ေနျပည္ေတာ္တြင္ ေအာင္ျမင္စြာက်င္းပ
NP News - မတ္ ၂၄

ေနျပည္ေတာ္၊ MICC-2 တြင္ အလႊာအသီးသီးမွ လူေပါင္း (၁၂၀)ပါဝင္ေသာ ၿငိမ္းခ်မ္းေရးစကားဝိုင္း (Peace Talk 2025) ပထမေန႔ကို ယေန႔(မတ္လ ၂၄ ရက္) တြင္ ေအာင္ျမင္စြာက်င္းပခဲ့သည္။

အဆိုပါ ေဆြးေႏြးပြဲကို NSPNC ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီးရာျပည့္ အပါအဝင္ ညႇိႏႈိင္းေရးေကာ္မတီဝင္မ်ား၊ တပ္မေတာ္အၿငိမ္းစား အရာရွိႀကီးမ်ား၊ JMC ကိုယ္စားလွယ္မ်ား၊ တိုင္းရင္းသား လက္နက္ကိုင္ကိုယ္စားလွယ္မ်ား၊ ႏိုင္ငံေရးပါတီ ကိုယ္စားလွယ္မ်ား၊ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္တြင္ ပါဝင္ေဆာင္႐ြက္သူမ်ား၊ ပါဝင္သင့္ပါဝင္ထိုက္သူမ်ား၊ ဝန္ႀကီးဌာန၊ အဖြဲ႕အစည္းမ်ားမွ ၫႊန္ၾကားေရးမႉးခ်ဳပ္မ်ား၊ အသင္းအဖြဲ႕မ်ား ႏွင့္ ေလ့လာသူမ်ား တက္ေရာက္ခဲ့သည္။

လက္ရွိက်င္းပလ်က္ေနေသာ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲကို မတ္လ ၂၄ ရက္မွ မတ္လ (၂၆) ရက္အထိ (၃) ရက္တိုင္ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Picture

Aung Aung

25/03/2025 07:14

ခွက်ပြောင်သကွာ 😆

Related news

© 2021. All rights reserved.