ဖွဲ့စည်းပုံပြင်ရေးနှင့်ပတ်သက်၍ NSPNC နှင့် နိုင်ငံရေးပါတီများ ဆွေးနွေးခြင်းသည် လွှတ်တော်ပြင်ပက ချဉ်းကပ်ခြင်းသာဖြစ်

513

သုတကျော် (NP News) - မတ် ၂၄
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC)နှင့် နိုင်ငံရေးပါတီများ ဆွေးနွေးခြင်းသည် လွှတ်တော်ပြင်ပက ချဉ်းကပ်ခြင်းသာဖြစ်ကြောင်း NSPNC အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနိုင်က ငြိမ်းချမ်းရေး စကားဝိုင်း (Peace Talk 2025) တွင် အဖွင့်အနေဖြင့် ဆွေးနွေးစဉ် ထည့်သွင်း ပြောကြားသည်။
နေပြည်တော်၊ MICC-2 တွင် အလွှာအသီးသီးမှ လူပေါင်း (၁၂၀)ပါဝင်သော ငြိမ်းချမ်းရေးစကားဝိုင်း (Peace Talk 2025) ပထမနေ့ကို ယနေ့(မတ်လ ၂၄ ရက်)တွင် စတင်ပြုလုပ်နေခြင်းဖြစ်သည်။
“ကျွန်တော်တို့ NSPNC နဲ့ Political Party တွေ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ရေးဆွဲတယ်။ အပြင်က အသံမျိုးစုံနဲ့ တိုက်ခိုက်တယ်။ ပြောကြတယ်။ ဝေဖန်တယ် ကျွန်တော်တို့ စိတ်မဆိုးဘူး။ ဒါပေမဲ့ ကျွန်တော် စိတ်မကောင်းဖြစ်မိတယ်။ကျွန်တော်တို့ သွားနေတာက ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်ပြင်ပ လမ်းကြောင်းကနေ ကြိုးစားဆောင်ရွက်နေတာဖြစ်တယ်။ ဒါ အတည်ဖြစ်တယ်လို့ ဆိုလိုခြင်း မဟုတ်ဘူး” ဟု ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က ဆိုသည်။
ဆွေးနွေးမှုမှ ရလာသည်များကို သဘောတူညီပြီးနောက် ရွေးကောက်ပွဲအပြီး အစိုးရ နှင့် လွှတ်တော် ပေါ်လာချိန် လွှတ်တော်တွင် ဆက်လက်ဆွေးနွေးရန်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
“အဲဒီအချိန်မှာ ကျွန်တော်တို့ တပ်မတော်သားတွေကတော့ ကျွန်တော်တို့နဲ့ Agreement ရတဲ့အပေါ်မှာ ထောက်ခံတယ်။ ကျန်တာတော့ ဆက်ညှိနှိုင်း။ လွှတ်တော် ပြင်ပက ချဉ်းကပ်ခြင်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့ NSPNC နဲ့ Political party လေးငါးဆယ် ရဲ့ လက်ထဲမှာ ကိုင်တွယ်ပြီး အနာဂတ်ကို ပုံဖော်မယ်ဆိုတဲ့ အယူအဆ မျိုး ဆိုတာ လုံးဝ မမှန်ကန်ပါကြောင်း ပြောချင်ပါတယ်” ဟု ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနိုင် က ဆိုသည်။

Zawgyi Version:
ဖြဲ႕စည္းပုံျပင္ေရးႏွင့္ပတ္သက္၍ NSPNC ႏွင့္ ႏိုင္ငံေရးပါတီမ်ား ေဆြးေႏြးျခင္းသည္ လႊတ္ေတာ္ျပင္ပက ခ်ဥ္းကပ္ျခင္းသာျဖစ္
သုတေက်ာ္ (NP News) - မတ္ ၂၄
ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးႏွင့္ပတ္သက္၍ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္မႈညႇိႏႈိင္းေရးေကာ္မတီ (NSPNC)ႏွင့္ ႏိုင္ငံေရးပါတီမ်ား ေဆြးေႏြးျခင္းသည္ လႊတ္ေတာ္ျပင္ပက ခ်ဥ္းကပ္ျခင္းသာျဖစ္ေၾကာင္း NSPNC အတြင္းေရးမႉး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး မင္းႏိုင္က ၿငိမ္းခ်မ္းေရး စကားဝိုင္း (Peace Talk 2025) တြင္ အဖြင့္အေနျဖင့္ ေဆြးေႏြးစဥ္ ထည့္သြင္း ေျပာၾကားသည္။
ေနျပည္ေတာ္၊ MICC-2 တြင္ အလႊာအသီးသီးမွ လူေပါင္း (၁၂၀)ပါဝင္ေသာ ၿငိမ္းခ်မ္းေရးစကားဝိုင္း (Peace Talk 2025) ပထမေန႔ကို ယေန႔(မတ္လ ၂၄ ရက္)တြင္ စတင္ျပဳလုပ္ေနျခင္းျဖစ္သည္။
“ကြၽန္ေတာ္တို႔ NSPNC နဲ႔ Political Party ေတြ ဖြဲ႕စည္းပုံ အေျခခံဥပေဒျပင္ဆင္ေရး ေရးဆြဲတယ္။ အျပင္က အသံမ်ိဳးစုံနဲ႔ တိုက္ခိုက္တယ္။ ေျပာၾကတယ္။ ေဝဖန္တယ္ ကြၽန္ေတာ္တို႔ စိတ္မဆိုးဘူး။ ဒါေပမဲ့ ကြၽန္ေတာ္ စိတ္မေကာင္းျဖစ္မိတယ္။ကြၽန္ေတာ္တို႔ သြားေနတာက ဖြဲ႕စည္းပုံအေျခခံဥပေဒကို လႊတ္ေတာ္ျပင္ပ လမ္းေၾကာင္းကေန ႀကိဳးစားေဆာင္႐ြက္ေနတာျဖစ္တယ္။ ဒါ အတည္ျဖစ္တယ္လို႔ ဆိုလိုျခင္း မဟုတ္ဘူး” ဟု ဒုတိယဗိုလ္ခ်ဳပ္ႀကီး မင္းႏိုင္က ဆိုသည္။
ေဆြးေႏြးမႈမွ ရလာသည္မ်ားကို သေဘာတူညီၿပီးေနာက္ ေ႐ြးေကာက္ပြဲအၿပီး အစိုးရ ႏွင့္ လႊတ္ေတာ္ ေပၚလာခ်ိန္ လႊတ္ေတာ္တြင္ ဆက္လက္ေဆြးေႏြးရန္ျဖစ္ေၾကာင္းလည္း ၎က ဆိုသည္။
“အဲဒီအခ်ိန္မွာ ကြၽန္ေတာ္တို႔ တပ္မေတာ္သားေတြကေတာ့ ကြၽန္ေတာ္တို႔နဲ႔ Agreement ရတဲ့အေပၚမွာ ေထာက္ခံတယ္။ က်န္တာေတာ့ ဆက္ညႇိႏႈိင္း။ လႊတ္ေတာ္ ျပင္ပက ခ်ဥ္းကပ္ျခင္းပဲျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ NSPNC နဲ႔ Political party ေလးငါးဆယ္ ရဲ႕ လက္ထဲမွာ ကိုင္တြယ္ၿပီး အနာဂတ္ကို ပုံေဖာ္မယ္ဆိုတဲ့ အယူအဆ မ်ိဳး ဆိုတာ လုံးဝ မမွန္ကန္ပါေၾကာင္း ေျပာခ်င္ပါတယ္” ဟု ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး မင္းႏိုင္ က ဆိုသည္။