ICC တရားရုံးမှာ ဖခင်ဖြစ်သူဖြေရှင်းရမယ့် အမှုကိစ္စမရှိကြောင်း သမီးဖြစ်သူ ဆာရာဒူတာတေး ပြော

4469

ဂျန်ဇက် (NP News) - မတ် ၂၅
ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးဟာ နိုင်ငံတကာရာဇဝတ်တရားရုံးမှာ အမှုတွေကို ဖြေဆိုရမယ်အမှု ကိစ္စမရှိဘူးလို့ ၎င်းရဲ့သမီးဖြစ်သူ ဖိလစ်ပိုင်ဒုတိယသမ္မတ ဆာရာဒူတာတေး ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဒူတာတေးဟာ လက်ရှိအချိန်မှာ သမ္မတအဖြစ်တာဝန်ယူချိန်အတွင်း မူးယစ်ဆေးဝါးစစ်ပွဲလုပ်ဆောင်ခဲ့ရာ လူပေါင်း ထောင်ချီသေဆုံးခဲ့တယ်လို့ စွပ်စွဲပြောဆိုခံရပြီး နိုင်ငံတကာရာဇဝတ်တရားရုံး ICC မှာ စွဲချက်တင်ခံရကာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အမှုကို ပထမဆုံးကြားနာခဲ့တယ်လို့ သိရပါတယ်။
ဖိလစ်ပိုင် ဒုတိယသမ္မတကဖခင်ဖြစ်သူဟာ ကျန်းမာရေးကောာင်းမွန်မှုရှိကြောင်း၊ ဖခင်ဖြစ်သူရဲ့ပုံစံဟာ ICC တရားရုံးမှာ ပထမဆုံး ကြားနာစစ်ဆေးချိန်အတွင်း မောပန်းပြီး အံ့သြမင်တက်နေတယ်လို့ သိရပါတယ်။ ဖိလစ်ပိုင် ဒုတိယသမ္မတက “ကျွန်မရဲ့ဖခင်ဖြစ်သူဟာ ဥပဒေကြောင်းအရ ငြင်းခုံမှုတွေနဲ့ပတ်သက်ပြီးတော့ သူက အရမ်း ယုံကြည်တယ်။ သူလုပ်ခဲ့တာတွေက မှားပြီး အစစအရာရာမရှိဘူးလို့ ယုံကြည်ထားသူဖြစ်တယ်" လို့ ပြောပါတယ်။ အသက် ၇၉ နှစ်အရွယ်ရှိ ဒူတာတေးဟာ လက်ရှိအချိန်မှာ နိုင်ငံတကာရာဇဝတ်တရုံးမှာ ဖမ်းဆီးချုပ်နှောင် ခံထားရ ကာ အမှုစွဲချက်နဲ့ပတ်သက်ပြီး တရားရုံးရဲ့ဆုံးဖြတ်ချက်ကိုစောင့်ဆိုင်းနေရတာဖြစ်ပါတယ်။
ဆာရာဒူတာတေးက "ကျွန်မရဲ့ဖခင်ဖြစ်သူဟာ ကျန်းမာရေးကောင်းမွန်မှုရှိတဲ့ပုံစံမျိုးပါ။ ဆရာဝန်တွေနဲ့ သူနာပြု တွေက သူ့ကို ကောင်းကောင်းပြုစုပေးတာ ကျေးဇူးပါ" လို့ ပြောပါတယ်။
သမ္မတဟောင်းဒူတာတေး ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး ဒူတာတေးကို လိုလားသူတွေဟာ ဖိလစ်ပိုင်နိုင်ငံမှာ ဆန္ဒပြခဲ့သလို ICC တရားရုံးမှာလည်း ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။
ဒူတာတေးကို အားပေးထောက်ခံသူတွေဟာ သမ္မတဟောင်း ဒူတာတေးကို ဖိလစ်ပိုင်နိုင်ငံကို ပြန်ခေါ်လာဖို့ နဲ့ သမ္မတဟောင်း ဒူတာတေးဟာ ပြန်ပေးဆွဲခံရခြင်းမျိုးဖြစ်ကြောင်း ပြောဆိုထားပါတယ်။

Zawgyi Version:
ICC တရား႐ုံးမွာ ဖခင္ျဖစ္သူေျဖရွင္းရမယ့္ အမႈကိစၥမရွိေၾကာင္း သမီးျဖစ္သူ ဆာရာဒူတာေတး ေျပာ
ဂ်န္ဇက္ (NP News) - မတ္ ၂၅
ဖိလစ္ပိုင္သမၼတေဟာင္း ဒူတာေတးဟာ ႏိုင္ငံတကာရာဇဝတ္တရား႐ုံးမွာ အမႈေတြကို ေျဖဆိုရမယ္အမႈ ကိစၥမရွိဘူးလို႔ ၎ရဲ႕သမီးျဖစ္သူ ဖိလစ္ပိုင္ဒုတိယသမၼတ ဆာရာဒူတာေတး ကထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
ဒူတာေတးဟာ လက္ရွိအခ်ိန္မွာ သမၼတအျဖစ္တာဝန္ယူခ်ိန္အတြင္း မူးယစ္ေဆးဝါးစစ္ပြဲလုပ္ေဆာင္ခဲ့ရာ လူေပါင္း ေထာင္ခ်ီေသဆုံးခဲ့တယ္လို႔ စြပ္စြဲေျပာဆိုခံရၿပီး ႏိုင္ငံတကာရာဇဝတ္တရား႐ုံး ICC မွာ စြဲခ်က္တင္ခံရကာ ၿပီးခဲ့တဲ့ ရက္ပိုင္းမွာ အမႈကို ပထမဆုံးၾကားနာခဲ့တယ္လို႔ သိရပါတယ္။
ဖိလစ္ပိုင္ ဒုတိယသမၼတကဖခင္ျဖစ္သူဟာ က်န္းမာေရးေကာာင္းမြန္မႈရွိေၾကာင္း၊ ဖခင္ျဖစ္သူရဲ႕ပုံစံဟာ ICC တရား႐ုံးမွာ ပထမဆုံး ၾကားနာစစ္ေဆးခ်ိန္အတြင္း ေမာပန္းၿပီး အံ့ၾသမင္တက္ေနတယ္လို႔ သိရပါတယ္။ ဖိလစ္ပိုင္ ဒုတိယသမၼတက “ကြၽန္မရဲ႕ဖခင္ျဖစ္သူဟာ ဥပေဒေၾကာင္းအရ ျငင္းခုံမႈေတြနဲ႔ပတ္သက္ၿပီးေတာ့ သူက အရမ္း ယုံၾကည္တယ္။ သူလုပ္ခဲ့တာေတြက မွားၿပီး အစစအရာရာမရွိဘူးလို႔ ယုံၾကည္ထားသူျဖစ္တယ္" လို႔ ေျပာပါတယ္။ အသက္ ၇၉ ႏွစ္အ႐ြယ္ရွိ ဒူတာေတးဟာ လက္ရွိအခ်ိန္မွာ ႏိုင္ငံတကာရာဇဝတ္တ႐ုံးမွာ ဖမ္းဆီးခ်ဳပ္ေႏွာင္ ခံထားရ ကာ အမႈစြဲခ်က္နဲ႔ပတ္သက္ၿပီး တရား႐ုံးရဲ႕ဆုံးျဖတ္ခ်က္ကိုေစာင့္ဆိုင္းေနရတာျဖစ္ပါတယ္။
ဆာရာဒူတာေတးက "ကြၽန္မရဲ႕ဖခင္ျဖစ္သူဟာ က်န္းမာေရးေကာင္းမြန္မႈရွိတဲ့ပုံစံမ်ိဳးပါ။ ဆရာဝန္ေတြနဲ႔ သူနာျပဳ ေတြက သူ႔ကို ေကာင္းေကာင္းျပဳစုေပးတာ ေက်းဇူးပါ" လို႔ ေျပာပါတယ္။
သမၼတေဟာင္းဒူတာေတး ဖမ္းဆီးခံရတာနဲ႔ပတ္သက္ၿပီး ဒူတာေတးကို လိုလားသူေတြဟာ ဖိလစ္ပိုင္ႏိုင္ငံမွာ ဆႏၵျပခဲ့သလို ICC တရား႐ုံးမွာလည္း ဆႏၵျပခဲ့တယ္လို႔ သိရပါတယ္။
ဒူတာေတးကို အားေပးေထာက္ခံသူေတြဟာ သမၼတေဟာင္း ဒူတာေတးကို ဖိလစ္ပိုင္ႏိုင္ငံကို ျပန္ေခၚလာဖို႔ နဲ႔ သမၼတေဟာင္း ဒူတာေတးဟာ ျပန္ေပးဆြဲခံရျခင္းမ်ိဳးျဖစ္ေၾကာင္း ေျပာဆိုထားပါတယ္။