ယူကရိန်းစစ်ပွဲအဆုံးသတ်ဖို့ ရုရှားနဲ့ အမေရိကန်နိုင်ငံကြား ပထမဆုံးအကြိမ် ဆွေးနွေးပွဲ စတင်

 643

ဂျန်ဇက် (NP News) - မတ် ၂၅

ရုရှားနဲ့ အမေရိကန်အစိုးရအဖွဲ့အကြီးတန်းအရာရှိတွေဟာ ယူကရိန်းနဲ့ ရုရှားနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲ အဆုံးသတ်ဖို့အတွက် ဆော်ဒီအာရေဗျ နိုင်ငံမှာ ဆွေးနွေးမှုတွေစတင်ခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။ ရုရှားနဲ့ အမေရိကန်အစိုးရအဖွဲ့အကြီးတန်းအရာရှိတွေဟာ ပင်လယ်နက်ရေကြောင်း လုံခြုံရေး နဲ့ ယူကရိန်းစစ်ပွဲ အပစ်ခတ်ရပ်စဲရေးအလားလာတွေကို အဓိကထားဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ရုရှားကိုယ်စားလှယ်အဖွဲ့ကို ရုရှားနိုင်ငံခြားရေးရာကော်မတီအကြီးအကဲဦးဆောင်ခဲ့ပြီး အမေရိကန်ကိုယ်စားလှယ် အဖွဲ့ကို အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ အကြီးတန်း ညွှန်ကြားရေးမှူးဦးဆောင်ခဲ့တယ်လို့ သိရပါတယ်။ ရုရှားအစိုးရတာဝန်ရှိသူတွေနဲ့ အမေရိကန်အစိုးရတာဝန်ရှိသူတွေဟာ မတ်လ ၂၄ ရက်က Ritz-Carlton ဟိုတည်မှာ တံခါးပိတ်ဆွေးနွေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အမေရိကန်သမ္မတရဲ့အရှေ့အလယ်ပိုင်းဒေသ အထူးကိုယ်စားလှယ် စတီဗီဝက်အော့က ဆွေးနွေးမှုဟာ တိုးတက်မှု တွေရှိခဲ့တယ်လို့ ပြောပါတယ်။ အဲဒီဆွေးနွေးမှုတွေကြောင့် နှစ်နိုင်ငံကြား ပင်လယ်နက်ဒေသမှာ သင်္ဘောတွေ သွားလာရေးအဆင်ပြေစေဖို့ သက်ရောက်မှုတွေဖြစ်လာစေဖွယ်ရှိနေကြောင်း စတီဗီ ဝက်အော့က ပြောပါတယ်။
ရုရှားအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ကောဗ့်က ဆွေးနွေးမှုတွေကိုစောင့်ကြည့်နေပြီး ၂၀၂၂ ခုနှစ်တုန်း က ရရှိခဲ့တဲ့ ပင်လယ်နက်အတွင်း ဆန်စပါးတင်ပို့ရေးစာချုပ်နဲ့ပတ်သက်ပြီး ပြန်လည်အသက်ဝင်အောင် ဆွေးနွေးခဲ့တာမျိုးဖြစ်တယ်လို့ ပြောပါတယ်။
အဲဒီစာချုပ်ထဲမှာ ပင်လယ်နက်ဒေသကို ဖြတ်သန်းပြီး ယူကရိန်းကို စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့ခွင့်ပေးရေး ကိစ္စပါဝင်ခဲ့တယ်လို့ သိရပါတယ်။ ရုရှားဟာ ၂၀၂၃ ခုနှစ်မှာ အဲဒီစာချုပ်ကနေ နုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။ အမေရိကန်နိုင်ငံမှာ ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာခဲ့ပြီးနောက်ပိုင်း ရုရှားနဲ့ ယူကရိန်းနိုင်ငံကြား အပစ်ခတ်ရပ်စဲရေး စတင်နိုင်ဖို့ ကြိုးပမ်းခဲ့ကြောင်း သိရပါတယ်။ အမေရိကန်ဟာ ရုရှား နဲ့ယူကရိန်းနိုင်ငံကြားစစ်ပွဲဖြစ်ပွားမှုကိုအဆုံး သတ်ဖို့ ယူကရိန်းနဲ့ဆွေးနွေးတာမျိုးမလုပ်ဘဲ ရုရှားနဲ့ အဓိကထားဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ယူကရိန်း ကတော့ စစ်ပွဲအဆုံးသတ်ရေးအတွက် ရုရှားနဲ့ အမေရိကန်နိုင်ငံကြားဆွေးနွေးမှုတွေကို ဝေဖန်ပြစ်တင်ထား ကြောင်း သိရပါတယ်။

Zawgyi Version:
ယူကရိန္းစစ္ပြဲအဆုံးသတ္ဖို႔ ႐ုရွားနဲ႔ အေမရိကန္ႏိုင္ငံၾကား ပထမဆုံးအႀကိမ္ ေဆြးေႏြးပြဲ စတင္
ဂ်န္ဇက္ (NP News) - မတ္ ၂၅

႐ုရွားနဲ႔ အေမရိကန္အစိုးရအဖြဲ႕အႀကီးတန္းအရာရွိေတြဟာ ယူကရိန္းနဲ႔ ႐ုရွားႏိုင္ငံၾကားျဖစ္ပြားေနတဲ့စစ္ပြဲ အဆုံးသတ္ဖို႔အတြက္ ေဆာ္ဒီအာေရဗ် ႏိုင္ငံမွာ ေဆြးေႏြးမႈေတြစတင္ခဲ့ၿပီျဖစ္တယ္လို႔သိရပါတယ္။ ႐ုရွားနဲ႔ အေမရိကန္အစိုးရအဖြဲ႕အႀကီးတန္းအရာရွိေတြဟာ ပင္လယ္နက္ေရေၾကာင္း လုံၿခဳံေရး နဲ႔ ယူကရိန္းစစ္ပြဲ အပစ္ခတ္ရပ္စဲေရးအလားလာေတြကို အဓိကထားေဆြးေႏြးခဲ့တယ္လို႔ သိရပါတယ္။

႐ုရွားကိုယ္စားလွယ္အဖြဲ႕ကို ႐ုရွားႏိုင္ငံျခားေရးရာေကာ္မတီအႀကီးအကဲဦးေဆာင္ခဲ့ၿပီး အေမရိကန္ကိုယ္စားလွယ္ အဖြဲ႕ကို အေမရိကန္ အမ်ိဳးသားလုံၿခဳံေရးေကာင္စီ အႀကီးတန္း ၫႊန္ၾကားေရးမႉးဦးေဆာင္ခဲ့တယ္လို႔ သိရပါတယ္။ ႐ုရွားအစိုးရတာဝန္ရွိသူေတြနဲ႔ အေမရိကန္အစိုးရတာဝန္ရွိသူေတြဟာ မတ္လ ၂၄ ရက္က Ritz-Carlton ဟိုတည္မွာ တံခါးပိတ္ေဆြးေႏြးခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။
အေမရိကန္သမၼတရဲ႕အေရွ႕အလယ္ပိုင္းေဒသ အထူးကိုယ္စားလွယ္ စတီဗီဝက္ေအာ့က ေဆြးေႏြးမႈဟာ တိုးတက္မႈ ေတြရွိခဲ့တယ္လို႔ ေျပာပါတယ္။ အဲဒီေဆြးေႏြးမႈေတြေၾကာင့္ ႏွစ္ႏိုင္ငံၾကား ပင္လယ္နက္ေဒသမွာ သေဘၤာေတြ သြားလာေရးအဆင္ေျပေစဖို႔ သက္ေရာက္မႈေတြျဖစ္လာေစဖြယ္ရွိေနေၾကာင္း စတီဗီ ဝက္ေအာ့က ေျပာပါတယ္။
႐ုရွားအစိုးရအဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ ဒီမီထရီပက္ေကာဗ့္က ေဆြးေႏြးမႈေတြကိုေစာင့္ၾကည့္ေနၿပီး ၂၀၂၂ ခုႏွစ္တုန္း က ရရွိခဲ့တဲ့ ပင္လယ္နက္အတြင္း ဆန္စပါးတင္ပို႔ေရးစာခ်ဳပ္နဲ႔ပတ္သက္ၿပီး ျပန္လည္အသက္ဝင္ေအာင္ ေဆြးေႏြးခဲ့တာမ်ိဳးျဖစ္တယ္လို႔ ေျပာပါတယ္။
အဲဒီစာခ်ဳပ္ထဲမွာ ပင္လယ္နက္ေဒသကို ျဖတ္သန္းၿပီး ယူကရိန္းကို စိုက္ပ်ိဳးေရးထြက္ကုန္မ်ား တင္ပို႔ခြင့္ေပးေရး ကိစၥပါဝင္ခဲ့တယ္လို႔ သိရပါတယ္။ ႐ုရွားဟာ ၂၀၂၃ ခုႏွစ္မွာ အဲဒီစာခ်ဳပ္ကေန ႏုတ္ထြက္ခဲ့တယ္လို႔ သိရပါတယ္။ အေမရိကန္ႏိုင္ငံမွာ ေဒၚနယ္ထရမ့္ သမၼတျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ႐ုရွားနဲ႔ ယူကရိန္းႏိုင္ငံၾကား အပစ္ခတ္ရပ္စဲေရး စတင္ႏိုင္ဖို႔ ႀကိဳးပမ္းခဲ့ေၾကာင္း သိရပါတယ္။ အေမရိကန္ဟာ ႐ုရွား နဲ႔ယူကရိန္းႏိုင္ငံၾကားစစ္ပြဲျဖစ္ပြားမႈကိုအဆုံး သတ္ဖို႔ ယူကရိန္းနဲ႔ေဆြးေႏြးတာမ်ိဳးမလုပ္ဘဲ ႐ုရွားနဲ႔ အဓိကထားေဆြးေႏြးခဲ့တယ္လို႔ သိရပါတယ္။ ယူကရိန္း ကေတာ့ စစ္ပြဲအဆုံးသတ္ေရးအတြက္ ႐ုရွားနဲ႔ အေမရိကန္ႏိုင္ငံၾကားေဆြးေႏြးမႈေတြကို ေဝဖန္ျပစ္တင္ထား ေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.