(၁၉၈၅)ခုနှစ်ထွက် ဂန္ထဝင် Super Mario Bros ဂိမ်းကို အချိန်(၄)မိနစ်နှင့် (၅၄ ဒသမ ၅၆၅) စက္ကန့် အတွင်း ကစားပြခဲ့သည့် အမေရိကန်ဂိမ်းသမား

437

Pika (NP News) - မတ် ၂၅
အမေရိကန်ဂိမ်းကစားသူတစ်ဦးဖြစ်သည့် နစ်ဖ်စကီသည် (၁၉၈၅)ခုနှစ်ထွက် ဂန္ထဝင် Super Mario Bros ဂိမ်းကို အချိန်(၄)မိနစ်နှင့် (၅၄ ဒသမ ၅၆၅) စက္ကန့်အတွင်း ကစားပြခဲ့ပြီးနောက် ကမ္ဘာ့ ဂင်း နစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်းသိရသည်။ အဆိုပါ စံချိန်ကို ချိုးဖျက်နိုင်ခဲ့ခြင်းသည် Nintendo Entert- ainment System ဂိမ်းကို နှစ်ပေါင်းများစွာ ကစားခြင်း၏ ရလဒ်ဖြစ်ကြောင်း နစ်ဖ်စကီကပြောကြား ခဲ့သည်။ နစ်ဖ်စကီက “လေ့ကျင့်မှုဟာ ပြီးပြည့်စုံစေတယ်ဆိုတဲ့စကားက ဘယ်လောက်အထိ အရေးပါ တယ်ဆိုတာကို ကျွန်တော်ရှင်းမပြတတ်ပါဘူး။ ကျွန်တော့်အချိန်တွေရဲ့ အနည်းဆုံး (၉၀) ရာခိုင်နှုန်းကို လေ့ကျင့်မှုတွေအတွက်အသုံးပြုခဲ့ပြီး (၁၀) ရာခိုင်နှုန်းကိုတော့ ဂိမ်းထဲမှာ အမြန်ဆုံးပြေးနိုင်ဖို့အတွက် လေ့ကျင့်ခဲ့ပါတယ်” ဟုပြောဆိုခဲ့သည်။
နစ်ဖ်စကီ၏ Super Mario Bros ဂိမ်းအတွင်း အမြန်ဆုံးပြေးရန် ကြိုးပမ်းမှုသည် အချိန်(၄) မိနစ်နှင့် (၅၄ ဒသမ ၅၆၅)စက္ကန့်ဖြင့် ပြီးဆုံးခဲ့ပြီးနောက် Super Mario Bros ဂိမ်းကို အမြန်ဆုံးပြီး မြောက်ခဲ့သည့် ဂင်းနစ်စံချိန်ကို ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ၎င်း၏ကြိုးစားမှုများအတွက် ကွန်ပျူတာကီးဘုတ်များကိုအသုံးပြုခဲ့သော နစ်ဖ်စကီက Super Mario Bros ဂိမ်းကို အမြန်ဆုံး ပြီးမြောက်ခဲ့သည့်အချိန်နှင့်ပတ်သက်ပြီး စိတ်ကျေနပ်မှုမရှိသေးကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
နစ်ဖ်စကီက “ဒီအမြန်ဆုံးစံချိန်နဲ့ပတ်သက်ပြီး ကျွန်တော်စိတ်ကျေနပ်မှုမရှိသေးပါဘူး။ ဒီထက် ပိုပြီး လုပ်ဆောင်နိုင်ဖို့အတွက် ကျွန်တော်ဆက်ပြီး ကြိုးစားသွားဦးမှာပါ” ဟုပြောဆိုခဲ့သည်။

zawgyi version
Pika (NP News) - မတ် ၂၅