ဒေါ်နယ်ထရမ့်ရဲ့ အထူးသံတမန် ရာထူးကနေ ထုတ်ပယ်ခံရဖို့ ယူကရိန်းလိုလားနေ

 774

Pika (NP News) - မတ် ၂၅

ယူကရိန်းပဋိပက္ခဖြေရှင်းရေးမှာ အဓိကအခန်းကဏ္ဍကနေပါဝင်ခဲ့တဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ အထူးသံတမန် စတိဗ်ဝစ်အော့ဖ်ဟာ ရုရှားဝါဒီဖြန့်ချိသူတစ်ဦးဖြစ်ပြီး ရာထူးကနေ ထုတ်ပယ်ခံရသင့်တယ်လို့ ယူကရိန်းအကြီးတန်းလွှတ်တော်အမတ်တစ်ဦးက ပြောကြားခဲ့ပါတယ်။

သတင်းထောက်တက်ကာကာလ်ဆန်နဲ့ အင်တာဗျူးတစ်ခုအတွင်း စတိဗ်ဝစ်အော့ဖ်ရဲ့ မှတ်ချက်ပြုပြော ဆိုမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ယူကရိန်းရဲ့နိုင်ငံခြားရေးရာကော်မတီအကြီးအကဲ Aleksandr Merezhko က ယခုလိုမှတ်ချက်ပြုပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။ ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားပြီးနောက် ရုရှားနဲ့ပူးပေါင်းသွားခဲ့တဲ့ ယူကရိန်းနယ်မြေဟောင်းတွေအကြောင်းကို ဘယ်သူကမှ မပြောချင်ကြဘူးလို့ စတိဗ် ဝစ်အော့ဖ်က ပြောဆိုခဲ့ပြီးနောက် Aleksandr Merezhko ရဲ့ ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

စတိဗ်ဝစ်အော့ဖ်က"အဲဒီနယ်မြေတွေက ရုရှားဘာသာစကားကို ပြောဆိုကြတာပါ။ သူတို့တွေထဲက အများစုဟာ ရုရှားအုပ်ချုပ်မှုအောက်မှာ နေချင်တယ်ဆိုတာကို ညွှန်ပြခဲ့တဲ့ လူထုဆန္ဒခံယူပွဲတွေလည်း ရှိခဲ့ပါတယ်။ ရုရှားတွေက ဒီနယ်မြေတွေကို ချုပ်ကိုင်ထားတယ်ဆိုတာ အမှန်ပါပဲ။ မေးခွန်းကတော့ အဲဒီနယ်မြေတွေကို ရုရှားနယ်မြေတွေလို့ ကမ္ဘာကြီးက အသိအမှတ်ပြုနိုင်မလားဆိုတာပါပဲ”လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် စတိဗ်ဝစ်အော့ဖ်ရဲ့ ပြောဆိုချက်တွေကို အလွန်ဆိုးရွားတဲ့ပြောဆိုချက်တွေအဖြစ် Aleksandr Merezhko က ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ ပြီးတော့ စတိဗ်ဝစ်အော့ဖ်ဟာ ဒေါ်နယ်ထရမ့်ရဲ့ သံတမန်လိုပြုမူရမယ့်အစား ပူတင်ရဲ့သံတမန်လိုပြုမူနေတယ်လို့လည်း Aleksandr Merezhko က စွပ်စွဲပြောဆိုခဲ့ပါတယ်။

zawgyi version
ေဒၚနယ္ထရမ့္ရဲ႕ အထူးသံတမန္ ရာထူးကေန ထုတ္ပယ္ခံရဖို႔ ယူကရိန္းလိုလားေန
Pika (NP News) - မတ္ ၂၅

ယူကရိန္းပဋိပကၡေျဖရွင္းေရးမွာ အဓိကအခန္းက႑ကေနပါဝင္ခဲ့တဲ့ အေမရိကန္သမၼတေဒၚနယ္ထရမ့္ရဲ႕ အေရွ႕အလယ္ပိုင္းေဒသဆိုင္ရာ အထူးသံတမန္ စတိဗ္ဝစ္ေအာ့ဖ္ဟာ ႐ုရွားဝါဒီျဖန႔္ခ်ိသူတစ္ဦးျဖစ္ၿပီး ရာထူးကေန ထုတ္ပယ္ခံရသင့္တယ္လို႔ ယူကရိန္းအႀကီးတန္းလႊတ္ေတာ္အမတ္တစ္ဦးက ေျပာၾကားခဲ့ပါတယ္။

သတင္းေထာက္တက္ကာကာလ္ဆန္နဲ႔ အင္တာဗ်ဴးတစ္ခုအတြင္း စတိဗ္ဝစ္ေအာ့ဖ္ရဲ႕ မွတ္ခ်က္ျပဳေျပာ ဆိုမႈေတြကို တုံ႔ျပန္တဲ့အေနနဲ႔ ယူကရိန္းရဲ႕ႏိုင္ငံျခားေရးရာေကာ္မတီအႀကီးအကဲ Aleksandr Merezhko က ယခုလိုမွတ္ခ်က္ျပဳေျပာဆိုခဲ့တာလည္း ျဖစ္ပါတယ္။ ႐ုရွား-ယူကရိန္းစစ္ပြဲျဖစ္ပြားၿပီးေနာက္ ႐ုရွားနဲ႔ပူးေပါင္းသြားခဲ့တဲ့ ယူကရိန္းနယ္ေျမေဟာင္းေတြအေၾကာင္းကို ဘယ္သူကမွ မေျပာခ်င္ၾကဘူးလို႔ စတိဗ္ ဝစ္ေအာ့ဖ္က ေျပာဆိုခဲ့ၿပီးေနာက္ Aleksandr Merezhko ရဲ႕ ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။

စတိဗ္ဝစ္ေအာ့ဖ္က"အဲဒီနယ္ေျမေတြက ႐ုရွားဘာသာစကားကို ေျပာဆိုၾကတာပါ။ သူတို႔ေတြထဲက အမ်ားစုဟာ ႐ုရွားအုပ္ခ်ဳပ္မႈေအာက္မွာ ေနခ်င္တယ္ဆိုတာကို ၫႊန္ျပခဲ့တဲ့ လူထုဆႏၵခံယူပြဲေတြလည္း ရွိခဲ့ပါတယ္။ ႐ုရွားေတြက ဒီနယ္ေျမေတြကို ခ်ဳပ္ကိုင္ထားတယ္ဆိုတာ အမွန္ပါပဲ။ ေမးခြန္းကေတာ့ အဲဒီနယ္ေျမေတြကို ႐ုရွားနယ္ေျမေတြလို႔ ကမာၻႀကီးက အသိအမွတ္ျပဳႏိုင္မလားဆိုတာပါပဲ”လို႔ ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ စတိဗ္ဝစ္ေအာ့ဖ္ရဲ႕ ေျပာဆိုခ်က္ေတြကို အလြန္ဆိုး႐ြားတဲ့ေျပာဆိုခ်က္ေတြအျဖစ္ Aleksandr Merezhko က ျပင္းျပင္းထန္ထန္ ျပစ္တင္ရႈတ္ခ်ခဲ့ပါတယ္။ ၿပီးေတာ့ စတိဗ္ဝစ္ေအာ့ဖ္ဟာ ေဒၚနယ္ထရမ့္ရဲ႕ သံတမန္လိုျပဳမူရမယ့္အစား ပူတင္ရဲ႕သံတမန္လိုျပဳမူေနတယ္လို႔လည္း Aleksandr Merezhko က စြပ္စြဲေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.