ကျန်ရှိနေတဲ့ ဓါးစာခံတွေကို မလွှတ်ပေးဘူးဆိုရင် ဂါဇာမှာ နောက်ထပ်သိမ်းယူမှုတွေ လုပ်ဆောင်သွားမယ်လို့ အစ္စရေးခြိမ်းခြောက်

 295

Pika (NP News) - မတ် ၂၆

ဟားမက်လက်နက်ကိုင်အဖွဲ့က ကျန်ရှိနေတဲ့ဓါးစာခံတွေကိုလွှတ်ပေးဖို့ ငြင်းဆိုခဲ့မယ်ဆိုရင် အစ္စရေးက ဂါဇာကမ်းမြောင်ဒေသရဲ့နောက်ထပ်နယ်မြေတွေကို သိမ်းပိုက်ပြီး ဟားမက်လက်နက်ကိုင်အဖွဲ့ သုတ်သင်ရှင်းသွား တဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က ပြောကြားခဲ့ပါတယ်။
အစ္စရေးက ဂါဇာအပေါ် မြေပြင်နဲ့လေကြောင်းစစ်ဆင်ရေးတွေ ပြန်လည်စတင်ခဲ့မှုနဲ့အတူ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ပြန်လည်ရရှိဖို့ ကြိုးပမ်းအားထုတ်မှုတွေ ရှိနေတဲ့အချိန်မှာပဲ အစ္စရေးကတ်ဇ်ရဲ့ ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဂါဇာကမ်းမြောင်ဒေသစစ်ပွဲကိုဖြစ်ပွားစေခဲ့တဲ့ (၂၀၂၃)ခုနှစ် အောက်တိုဘာလ(၇)ရက် တိုက်ခိုက်မှုအပြီး နောက်ပိုင်းကတည်းက ဂါဇာမှာ ဟားမက်လက်နက်ကိုင်အဖွဲ့ရဲ့အုပ်ချုပ်မှုနဲ့ စစ်အင်အားကို ဘယ်တော့မှလက်ခံ တော့မှာ မဟုတ်ဘူးလို့ အစ္စရေးက ပြောကြားခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသအပေါ် ဗုံးကြဲတိုက်ခိုက်မှုတွေ ပြန်လည်စတင်ခဲ့ပြီးနောက် ဂါဇာအလယ်ပိုင်းနဲ့ တောင်ပိုင်း တို့မှာ မြေပြင်စစ်ဆင်ရေးတွေ စတင်လုပ်ဆောင်နေပြီဖြစ်တယ်လို့ အစ္စရေးစစ်တပ်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန် ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် စစ်ဆင်ရေးအသစ်တွေရဲ့ရည်ရွယ်ချက်ဟာ ဟားမက်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီး ထိန်းသိမ်းထားတဲ့ကျန်ရှိနေတဲ့ဓါးစာခံတွေကို ပြန်လွှတ်ပေးဖို့အတွက် တွန်းအားပေးဖို့ဖြစ်တယ်လို့ အစ္စရေး ဝန်ကြီးချုပ်နေတန်ရာဟုက ပြောကြားခဲ့ပါတယ်။

Zawgyi Version:
က်န္ရွိေနတဲ့ ဓါးစာခံေတြကို မလႊတ္ေပးဘူးဆိုရင္ ဂါဇာမွာ ေနာက္ထပ္သိမ္းယူမႈေတြ လုပ္ေဆာင္သြားမယ္လို႔ အစၥေရးၿခိမ္းေျခာက္
Pika (NP News) - မတ္ ၂၆

ဟားမက္လက္နက္ကိုင္အဖြဲ႕က က်န္ရွိေနတဲ့ဓါးစာခံေတြကိုလႊတ္ေပးဖို႔ ျငင္းဆိုခဲ့မယ္ဆိုရင္ အစၥေရးက ဂါဇာကမ္းေျမာင္ေဒသရဲ႕ေနာက္ထပ္နယ္ေျမေတြကို သိမ္းပိုက္ၿပီး ဟားမက္လက္နက္ကိုင္အဖြဲ႕ သုတ္သင္ရွင္းသြား တဲ့အထိ တိုက္ပြဲဝင္သြားမယ္လို႔ အစၥေရးကာကြယ္ေရးဝန္ႀကီး အစၥေရးကတ္ဇ္က ေျပာၾကားခဲ့ပါတယ္။
အစၥေရးက ဂါဇာအေပၚ ေျမျပင္နဲ႔ေလေၾကာင္းစစ္ဆင္ေရးေတြ ျပန္လည္စတင္ခဲ့မႈနဲ႔အတူ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ကို ျပန္လည္ရရွိဖို႔ ႀကိဳးပမ္းအားထုတ္မႈေတြ ရွိေနတဲ့အခ်ိန္မွာပဲ အစၥေရးကတ္ဇ္ရဲ႕ ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ဂါဇာကမ္းေျမာင္ေဒသစစ္ပြဲကိုျဖစ္ပြားေစခဲ့တဲ့ (၂၀၂၃)ခုႏွစ္ ေအာက္တိုဘာလ(၇)ရက္ တိုက္ခိုက္မႈအၿပီး ေနာက္ပိုင္းကတည္းက ဂါဇာမွာ ဟားမက္လက္နက္ကိုင္အဖြဲ႕ရဲ႕အုပ္ခ်ဳပ္မႈနဲ႔ စစ္အင္အားကို ဘယ္ေတာ့မွလက္ခံ ေတာ့မွာ မဟုတ္ဘူးလို႔ အစၥေရးက ေျပာၾကားခဲ့ပါတယ္။
ဂါဇာကမ္းေျမာင္ေဒသအေပၚ ဗုံးႀကဲတိုက္ခိုက္မႈေတြ ျပန္လည္စတင္ခဲ့ၿပီးေနာက္ ဂါဇာအလယ္ပိုင္းနဲ႔ ေတာင္ပိုင္း တို႔မွာ ေျမျပင္စစ္ဆင္ေရးေတြ စတင္လုပ္ေဆာင္ေနၿပီျဖစ္တယ္လို႔ အစၥေရးစစ္တပ္က ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ျပန္ ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ စစ္ဆင္ေရးအသစ္ေတြရဲ႕ရည္႐ြယ္ခ်က္ဟာ ဟားမက္လက္နက္ကိုင္အဖြဲ႕က ဖမ္းဆီး ထိန္းသိမ္းထားတဲ့က်န္ရွိေနတဲ့ဓါးစာခံေတြကို ျပန္လႊတ္ေပးဖို႔အတြက္ တြန္းအားေပးဖို႔ျဖစ္တယ္လို႔ အစၥေရး ဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.