အမေရိကန်ရဲ့ဂရင်းလန်းခရီးစဉ်က လက်ခံနိုင်စရာမဟုတ်ဘူးလို့ ဒိန်းမတ်ဝန်ကြီးချုပ်ပြော

213

Pika (NP News) - မတ် ၂၆
အမေရိကန်နိုင်ငံဟာ ဂရင်းလန်းကျွန်းအပေါ် လက်မခံနိုင်တဲ့ဖိအားပေးမှုတွေကို လုပ်ဆောင်နေတယ်လို့ ဒိန်းမတ် ဝန်ကြီးချုပ်မတ်တီဖရက်ဒဲရစ်ဆန်က ပြောကြားခဲ့ပါတယ်။ ဂရင်းလန်းကျွန်းကို အဆင့်မြင့်အမေရိကန် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ရဲ့ မလိုလားအပ်တဲ့လည်ပတ်မှုမတိုင်ခင်မှာ မက်တီဖရက်ဒဲရစ်ဆန်ရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဂရင်းလန်းကျွန်းက အမေရိကန်စစ်အခြေစိုက်စခန်းကို လာရောက်လည်ပတ်မှုမှာ အမေရိကန်ဒုသမ္မတ JD Vance၊ ၎င်းရဲ့ဇနီးဖြစ်သူ Usha Vance၊ အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးမိုက်ဝေါ့ဇ်နဲ့ စွမ်းအင်ဝန်ကြီး ခရစ္စဝရိုက် တို့ ပါဝင်မယ်လည်း သိရပါတယ်။
လာမယ့် မတ်လ(၂၈)ရက်မှာ ဂရင်းလန်းကျွန်းကို သွားရောက်လည်ပတ်မှာဖြစ်တယ်လို့ အမေရိကန်ဒုသမ္မတက မတ်လ(၂၅)ရက်မှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် အမေရိကန်က ဂရင်းလန်းကျွန်းကို သိမ်းပိုက်သင့်တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က မတ်လ(၂၄)ရက်မှာ ထပ်မံပြောကြားခဲ့ပြီး ဂရင်းလန်းကျွန်းဟာ အမေရိကန်ရဲ့အမျိုးသားလုံခြုံရေးအတွက် အရေးပါတယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ရဲ့ပြောဆိုချက်တွေကို မက်တီဖရက်ဒဲရစ်ဆန်က ငြင်းဆန်ပယ်ချခဲ့ပြီး ၎င်းတို့ရဲ့အနာဂါတ်ကို ဆုံးဖြတ်ဖို့အတွက် ဂရင်းလန်းကျွန်းပြည်သူတွေအပေါ်ပဲ မူတည်တယ်လို့ ပြောကြားခဲ့ပါတယ်။
၎င်းက “ဒီအခြေအနေမှာ ဂရင်းလန်းကျွန်းနဲ့ ဒိန်းမတ်အပေါ် ဖိအားပေးမှုတွေ လုပ်ဆောင်တာကို လက်မခံနိုင်ဘူးလို့ ပြောချင်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
အေမရိကန္ရဲ႕ဂရင္းလန္းခရီးစဥ္က လက္ခံႏိုင္စရာမဟုတ္ဘူးလို႔ ဒိန္းမတ္ဝန္ႀကီးခ်ဳပ္ေျပာ
Pika (NP News) - မတ္ ၂၆
အေမရိကန္ႏိုင္ငံဟာ ဂရင္းလန္းကြၽန္းအေပၚ လက္မခံႏိုင္တဲ့ဖိအားေပးမႈေတြကို လုပ္ေဆာင္ေနတယ္လို႔ ဒိန္းမတ္ ဝန္ႀကီးခ်ဳပ္မတ္တီဖရက္ဒဲရစ္ဆန္က ေျပာၾကားခဲ့ပါတယ္။ ဂရင္းလန္းကြၽန္းကို အဆင့္ျမင့္အေမရိကန္ ကိုယ္စားလွယ္အဖြဲ႕တစ္ဖြဲ႕ရဲ႕ မလိုလားအပ္တဲ့လည္ပတ္မႈမတိုင္ခင္မွာ မက္တီဖရက္ဒဲရစ္ဆန္ရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ဂရင္းလန္းကြၽန္းက အေမရိကန္စစ္အေျခစိုက္စခန္းကို လာေရာက္လည္ပတ္မႈမွာ အေမရိကန္ဒုသမၼတ JD Vance၊ ၎ရဲ႕ဇနီးျဖစ္သူ Usha Vance၊ အေမရိကန္အမ်ိဳးသားလုံၿခဳံေရးအႀကံေပးမိုက္ေဝါ့ဇ္နဲ႔ စြမ္းအင္ဝန္ႀကီး ခရစၥဝ႐ိုက္ တို႔ ပါဝင္မယ္လည္း သိရပါတယ္။
လာမယ့္ မတ္လ(၂၈)ရက္မွာ ဂရင္းလန္းကြၽန္းကို သြားေရာက္လည္ပတ္မွာျဖစ္တယ္လို႔ အေမရိကန္ဒုသမၼတက မတ္လ(၂၅)ရက္မွာ ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ အေမရိကန္က ဂရင္းလန္းကြၽန္းကို သိမ္းပိုက္သင့္တယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က မတ္လ(၂၄)ရက္မွာ ထပ္မံေျပာၾကားခဲ့ၿပီး ဂရင္းလန္းကြၽန္းဟာ အေမရိကန္ရဲ႕အမ်ိဳးသားလုံၿခဳံေရးအတြက္ အေရးပါတယ္လို႔ ေျပာဆိုခဲ့ပါတယ္။
ေဒၚနယ္ထရမ့္ရဲ႕ေျပာဆိုခ်က္ေတြကို မက္တီဖရက္ဒဲရစ္ဆန္က ျငင္းဆန္ပယ္ခ်ခဲ့ၿပီး ၎တို႔ရဲ႕အနာဂါတ္ကို ဆုံးျဖတ္ဖို႔အတြက္ ဂရင္းလန္းကြၽန္းျပည္သူေတြအေပၚပဲ မူတည္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။
၎က “ဒီအေျခအေနမွာ ဂရင္းလန္းကြၽန္းနဲ႔ ဒိန္းမတ္အေပၚ ဖိအားေပးမႈေတြ လုပ္ေဆာင္တာကို လက္မခံႏိုင္ဘူးလို႔ ေျပာခ်င္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။