လာမည့် ရွေးကောက်ပွဲ ကို ရက်သတ္တ လေးပတ်တာ အတွင်း ကျင်းပ ပြုလုပ်ရန် လျာထား

1350

သုတကျော် (NP News) - မတ် ၂၆
လာမည့် ရွေးကောက်ပွဲ ကို ရက်သတ္တ လေးပတ်တာ အတွင်း ကျင်းပ ပြုလုပ်ရန် လျာထားကြောင်း မတ်လ ၂၅ ရက်က ပြုလုပ်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အမှာစကားတွင် ထည့်သွင်း ပြောကြားသည်။
လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခင်က မိမိတို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတာဝန်ယူချိန် ၂ နှစ်တာကာလအတွင်း ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ရန်အတွက် စဉ်းစားဆောင်ရွက်ခဲ့သော်လည်း ကိုဗစ်-၁၉ အလွန်ကာလဖြစ်ခြင်းနှင့် ရွေးကောက်ပွဲကျင်းပရန် တည်ငြိမ်မှုလိုအပ်နေသည့် အချိန်ဖြစ်ခြင်းကြောင့် ကျင်းပနိုင်ခဲ့ခြင်းမရှိကြောင်း၊ မဲဆန္ဒရှင်စာရင်းများ မှန်ကန်စွာ ရရှိရေးအတွက် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းအား ဆောင်ရွက်ခဲ့ပြီး ရာနှုန်းပြည့်ကောက်ယူရရှိသည့် မြို့နယ်များရှိသကဲ့သို့ အကြောင်းအမျိုးမျိုးကြောင့် ကောက်ယူရန်ကျန်ရှိသည့် မြို့နယ်များလည်းရှိနေသေးကြောင်း၊ ကောက်ယူရရှိသည့် စာရင်းများအပေါ်မူတည်၍ ဆန္ဒမဲပေးနိုင်သည့် အသက် ၁၈ နှစ်နှင့်အထက် လူဦးရေစာရင်းကို ကောက်ယူရရှိထားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲအား ယခုနှစ် ဒီဇင်ဘာလတတိယပတ်နှင့် စတုတ္ထပတ်၊ ဇန်နဝါရီလ ပထမပတ်နှင့် ဒုတိယပတ်တို့အတွင်း ကျင်းပပြုလုပ်ရန် လျာထားကြောင်း နစက ဥက္ကဌက ပြောသည်။
ယခင်ရွေးကောက်ပွဲများတွင် မဲလက်မှတ်များကိုအသုံးပြု၍ ကောက်ယူခဲ့ပြီး ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် မဲလက်မှတ်များ အသုံးပြု၍ ရွေးကောက်ပွဲဥပဒေနှင့် မညီညွတ်သော ကြိုတင်မဲပေးမှုများ၊ မဲလက်မှတ်ရိုက်နှိပ်မှုများ၊ ဥပဒေနှင့်မညီသော အမိန့်နှင့်ညွှန်ကြားချက်များ၊ ပြင်ဆင်မှုများကို ပြုလုပ်ခဲ့ခြင်းကြောင့် မဲမသမာမှုများနှင့် မဲစာရင်းများ မှားယွင်းမှုများ ဖြစ်ပေါ်ခဲ့သည်ကို အားလုံးသိရှိပြီးဖြစ်ကြောင်း၊ အဆိုပါတွေ့ကြုံခဲ့ရသည့် အတွေ့အကြုံအရ ဆန္ဒမဲပေးမှုနှင့် ပတ်သက်၍ နိုင်ငံတကာတွင် ရွေးကောက်ပွဲကျင်းပမှုများကိုလေ့လာ၍ ငွေကြေးကုန်ကျမှုများသော်လည်း မိမိတို့နိုင်ငံနှင့် ကိုက်ညီပြီး မဲမသမာမှုပြုလုပ်ရန် မလွယ်ကူသည့် စနစ်ဖြစ်သော Electronic Voting Machine စနစ်ဖြင့် ဆန္ဒမဲပေးရန် ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း၊ မိမိတို့ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတပြီး မသမာမှုကင်းရှင်းသည့် ရွေးကောက်ပွဲဖြစ်အောင် ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း လည်း ပြောကြားသည်။
ရွေးကောက်ပွဲဥပဒေ၌ ရွေးကောက်ပွဲအား ဖြစ်နိုင်သရွေ့တစ်နေ့တည်း ကျင်းပရန်၊ အများပြည်သူရုံးပိတ်ရက်တွင် ပြုလုပ်ရန်၊ ကြိုတင်ကြေညာရန် ပြဋ္ဌာန်းပါရှိကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲပြုလုပ်ရန်အတွက် ရက်အကန့်အသတ်ပြုလုပ်ထားခြင်းမရှိဟု ပြောရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသမိုင်း၌ ပါလီမန်ဒီမိုကရေစီခေတ်တွင်လည်း ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကြောင့် ရွေးကောက်ပွဲအား တစ်ကြိမ်တည်းကျင်းပခဲ့ခြင်းမဟုတ်ကြောင်း၊ မိမိတို့အနေဖြင့် ရွေးကောက်ပွဲအထမြောက်သည့် အဆင့်ကို ဦးစားပေးပြီးမြောက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်များ ကျင်းပရာတွင် အစည်းအဝေးအထမြောက်ခြင်းနှင့်ပတ်သက်၍ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များနှင့် ပတ်သက်၍လည်း အလားတူပင်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များသည် ဝန်ကြီးချုပ်များကို ရွေးချယ်ခန့်အပ်ရခြင်းဖြစ်သဖြင့် အရေးကြီးကြောင်း ပြောကြားသည်။
၂၀၂၅ အလွန်တွင် နိုင်ငံရေးနှင့် ပတ်သက်လာပါက မိမိတို့အတွက် အလွန်ကြီးမားသည့် စိန်ခေါ်မှုများ ဖြစ်ပေါ်လာနိုင်မည်ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာဖြစ်စေရေးအတွက် မည်ကဲ့သို့ ထိန်းကျောင်းဆောင်ရွက်သွားရမည်ကို စဉ်းစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပထဝီအနေအထားအရလည်း မိမိတို့နိုင်ငံအနေဖြင့် သဘောသဘာဝမတူညီသည့် အင်အားကြီးနိုင်ငံကြီးနှစ်ခုအကြားတွင် နယ်နိမိတ်ထိစပ်တည်ရှိနေပြီး ပထဝီအနေအထားအရ စိန်ခေါ်မှုတစ်ရပ်ကို ရင်ဆိုင်နေရခြင်းပင်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံရေးအရ၊ ပထဝီအနေအထားအရ စိန်ခေါ်မှုများစွာရှိနေသည်ကို သိရှိနေရမည်ဖြစ်ကြောင်းလည်း နစက ဥက္ကဌ က ဆိုသည်။

Zawgyi Version:
လာမည့္ ေ႐ြးေကာက္ပြဲ ကို ရက္သတၱ ေလးပတ္တာ အတြင္း က်င္းပ ျပဳလုပ္ရန္ လ်ာထား
သုတေက်ာ္ (NP News) - မတ္ ၂၆
လာမည့္ ေ႐ြးေကာက္ပြဲ ကို ရက္သတၱ ေလးပတ္တာ အတြင္း က်င္းပ ျပဳလုပ္ရန္ လ်ာထားေၾကာင္း မတ္လ ၂၅ ရက္က ျပဳလုပ္ေသာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအစည္းအေဝးတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ က အမွာစကားတြင္ ထည့္သြင္း ေျပာၾကားသည္။
လြတ္လပ္ၿပီး တရားမွ်တသည့္ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲက်င္းပႏိုင္ေရးအတြက္ ႀကိဳတင္ျပင္ဆင္ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ယခင္က မိမိတို႔ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီတာဝန္ယူခ်ိန္ ၂ ႏွစ္တာကာလအတြင္း ေ႐ြးေကာက္ပြဲက်င္းပျပဳလုပ္ႏိုင္ရန္အတြက္ စဥ္းစားေဆာင္႐ြက္ခဲ့ေသာ္လည္း ကိုဗစ္-၁၉ အလြန္ကာလျဖစ္ျခင္းႏွင့္ ေ႐ြးေကာက္ပြဲက်င္းပရန္ တည္ၿငိမ္မႈလိုအပ္ေနသည့္ အခ်ိန္ျဖစ္ျခင္းေၾကာင့္ က်င္းပႏိုင္ခဲ့ျခင္းမရွိေၾကာင္း၊ မဲဆႏၵရွင္စာရင္းမ်ား မွန္ကန္စြာ ရရွိေရးအတြက္ ၂၀၂၄ ခုႏွစ္၊ လူဦးေရႏွင့္ အိမ္အေၾကာင္းအရာသန္းေခါင္စာရင္းေကာက္ယူျခင္းအား ေဆာင္႐ြက္ခဲ့ၿပီး ရာႏႈန္းျပည့္ေကာက္ယူရရွိသည့္ ၿမိဳ႕နယ္မ်ားရွိသကဲ့သို႔ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေကာက္ယူရန္က်န္ရွိသည့္ ၿမိဳ႕နယ္မ်ားလည္းရွိေနေသးေၾကာင္း၊ ေကာက္ယူရရွိသည့္ စာရင္းမ်ားအေပၚမူတည္၍ ဆႏၵမဲေပးႏိုင္သည့္ အသက္ ၁၈ ႏွစ္ႏွင့္အထက္ လူဦးေရစာရင္းကို ေကာက္ယူရရွိထားၿပီးျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ ေ႐ြးေကာက္ပြဲအား ယခုႏွစ္ ဒီဇင္ဘာလတတိယပတ္ႏွင့္ စတုတၳပတ္၊ ဇန္နဝါရီလ ပထမပတ္ႏွင့္ ဒုတိယပတ္တို႔အတြင္း က်င္းပျပဳလုပ္ရန္ လ်ာထားေၾကာင္း နစက ဥကၠဌက ေျပာသည္။
ယခင္ေ႐ြးေကာက္ပြဲမ်ားတြင္ မဲလက္မွတ္မ်ားကိုအသုံးျပဳ၍ ေကာက္ယူခဲ့ၿပီး ၿပီးခဲ့သည့္ ေ႐ြးေကာက္ပြဲတြင္ မဲလက္မွတ္မ်ား အသုံးျပဳ၍ ေ႐ြးေကာက္ပြဲဥပေဒႏွင့္ မညီၫြတ္ေသာ ႀကိဳတင္မဲေပးမႈမ်ား၊ မဲလက္မွတ္႐ိုက္ႏွိပ္မႈမ်ား၊ ဥပေဒႏွင့္မညီေသာ အမိန႔္ႏွင့္ၫႊန္ၾကားခ်က္မ်ား၊ ျပင္ဆင္မႈမ်ားကို ျပဳလုပ္ခဲ့ျခင္းေၾကာင့္ မဲမသမာမႈမ်ားႏွင့္ မဲစာရင္းမ်ား မွားယြင္းမႈမ်ား ျဖစ္ေပၚခဲ့သည္ကို အားလုံးသိရွိၿပီးျဖစ္ေၾကာင္း၊ အဆိုပါေတြ႕ႀကဳံခဲ့ရသည့္ အေတြ႕အႀကဳံအရ ဆႏၵမဲေပးမႈႏွင့္ ပတ္သက္၍ ႏိုင္ငံတကာတြင္ ေ႐ြးေကာက္ပြဲက်င္းပမႈမ်ားကိုေလ့လာ၍ ေငြေၾကးကုန္က်မႈမ်ားေသာ္လည္း မိမိတို႔ႏိုင္ငံႏွင့္ ကိုက္ညီၿပီး မဲမသမာမႈျပဳလုပ္ရန္ မလြယ္ကူသည့္ စနစ္ျဖစ္ေသာ Electronic Voting Machine စနစ္ျဖင့္ ဆႏၵမဲေပးရန္ ႀကိဳတင္ျပင္ဆင္လ်က္ရွိေၾကာင္း၊ မိမိတို႔က်င္းပသည့္ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲသည္ လြတ္လပ္၍ တရားမွ်တၿပီး မသမာမႈကင္းရွင္းသည့္ ေ႐ြးေကာက္ပြဲျဖစ္ေအာင္ ႀကိဳတင္ျပင္ဆင္ေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း လည္း ေျပာၾကားသည္။
ေ႐ြးေကာက္ပြဲဥပေဒ၌ ေ႐ြးေကာက္ပြဲအား ျဖစ္ႏိုင္သေ႐ြ႕တစ္ေန႔တည္း က်င္းပရန္၊ အမ်ားျပည္သူ႐ုံးပိတ္ရက္တြင္ ျပဳလုပ္ရန္၊ ႀကိဳတင္ေၾကညာရန္ ျပ႒ာန္းပါရွိေၾကာင္း၊ ထို႔ေၾကာင့္ ေ႐ြးေကာက္ပြဲျပဳလုပ္ရန္အတြက္ ရက္အကန႔္အသတ္ျပဳလုပ္ထားျခင္းမရွိဟု ေျပာရမည္ျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံသမိုင္း၌ ပါလီမန္ဒီမိုကေရစီေခတ္တြင္လည္း ျပည္တြင္းလက္နက္ကိုင္ပဋိပကၡမ်ားေၾကာင့္ ေ႐ြးေကာက္ပြဲအား တစ္ႀကိမ္တည္းက်င္းပခဲ့ျခင္းမဟုတ္ေၾကာင္း၊ မိမိတို႔အေနျဖင့္ ေ႐ြးေကာက္ပြဲအထေျမာက္သည့္ အဆင့္ကို ဦးစားေပးၿပီးေျမာက္ေအာင္ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ ျပည္ေထာင္စုလႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္မ်ား က်င္းပရာတြင္ အစည္းအေဝးအထေျမာက္ျခင္းႏွင့္ပတ္သက္၍ အေျခခံဥပေဒတြင္ ျပ႒ာန္းထားၿပီးျဖစ္ေၾကာင္း၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္လႊတ္ေတာ္မ်ားႏွင့္ ပတ္သက္၍လည္း အလားတူပင္ျဖစ္ေၾကာင္း၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္လႊတ္ေတာ္မ်ားသည္ ဝန္ႀကီးခ်ဳပ္မ်ားကို ေ႐ြးခ်ယ္ခန႔္အပ္ရျခင္းျဖစ္သျဖင့္ အေရးႀကီးေၾကာင္း ေျပာၾကားသည္။
၂၀၂၅ အလြန္တြင္ ႏိုင္ငံေရးႏွင့္ ပတ္သက္လာပါက မိမိတို႔အတြက္ အလြန္ႀကီးမားသည့္ စိန္ေခၚမႈမ်ား ျဖစ္ေပၚလာႏိုင္မည္ျဖစ္ေၾကာင္း၊ ပါတီစုံဒီမိုကေရစီစနစ္ ခိုင္ခိုင္မာမာျဖစ္ေစေရးအတြက္ မည္ကဲ့သို႔ ထိန္းေက်ာင္းေဆာင္႐ြက္သြားရမည္ကို စဥ္းစားေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း၊ ပထဝီအေနအထားအရလည္း မိမိတို႔ႏိုင္ငံအေနျဖင့္ သေဘာသဘာဝမတူညီသည့္ အင္အားႀကီးႏိုင္ငံႀကီးႏွစ္ခုအၾကားတြင္ နယ္နိမိတ္ထိစပ္တည္ရွိေနၿပီး ပထဝီအေနအထားအရ စိန္ေခၚမႈတစ္ရပ္ကို ရင္ဆိုင္ေနရျခင္းပင္ျဖစ္ေၾကာင္း၊ မိမိတို႔အေနျဖင့္ ႏိုင္ငံေရးအရ၊ ပထဝီအေနအထားအရ စိန္ေခၚမႈမ်ားစြာရွိေနသည္ကို သိရွိေနရမည္ျဖစ္ေၾကာင္းလည္း နစက ဥကၠဌ က ဆိုသည္။