ငလျင်ကြောင့်တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူပေါင်း တစ်ထောင်ကျော် သေဆုံးပြီး ပမာဏ ထပ်မံ မြင့်တက်ဖွယ်ရှိ

 901

ပုံစာ - ယနေ့ နံနက်ပိုင်း မန္တလေးမြို့ မြင်ကွင်း


သုတကျော် (NP News) - မတ် ၂၉
ငလျင်ဒဏ်ကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူပေါင်း တစ်ထောင်ကျော် သေဆုံးပြီး ပမာဏ ထပ်မံ မြင့်တက်ဖွယ်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ထုတ်ပြန်ထားသော အချက်အလက်များအရ သိရသည်။
မတ် ၂၈ ရက်နေ့တွင်ဖြစ်ပေါ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော မြေငလျင်နှင့် နောက်ဆက်တွဲငလျင်ငယ်များ လှုပ်ရှားမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော် ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့၌ ငလျင်ဒဏ်သင့်ခဲ့ရပြီး လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရကာ ပြည်သူအချို့ အသက်သေဆုံးခဲ့ရမှုများနှင့် ထိခိုက်ဒဏ်ရာရရှိမှုများဖြစ်ပေါ်ခဲ့ရသဖြင့် ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာနယ်မြေအလိုက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နောက်ဆုံးကောက်ယူရရှိသော စာရင်းများအရ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ငလျင်ဒဏ်သင့်ခဲ့ရသည့် ဒေသများအားလုံး၌ ငလျင်ဘေးဒဏ်ကြောင့် သေဆုံးခဲ့ရသူစုစုပေါင်း ၁၀၀၇ ဦး၊ ဒဏ်ရာရရှိသူစုစုပေါင်း ၂၃၈၉ ဦး၊ ပျောက်ဆုံးနေသူ ၃၀ ဦးဖြစ်ကာ အသေးစိတ် စာရင်းများအား ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။
ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့ (မတ်လ ၂၉ ရက်) နံနက် အစောပိုင်းတွင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများပြားခဲ့ရသည့် မန္တလေးတိုင်းဒေသကြီးသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကိုလမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။

Zawgyi Version:
ငလ်င္ေၾကာင့္တစ္ႏိုင္ငံလုံး အတိုင္းအတာျဖင့္ လူေပါင္း တစ္ေထာင္ေက်ာ္ ေသဆုံးၿပီး ပမာဏ ထပ္မံ ျမင့္တက္ဖြယ္ရွိ
သုတေက်ာ္ (NP News) - မတ္ ၂၉
ငလ်င္ဒဏ္ေၾကာင့္ တစ္ႏိုင္ငံလုံး အတိုင္းအတာျဖင့္ လူေပါင္း တစ္ေထာင္ေက်ာ္ ေသဆုံးၿပီး ပမာဏ ထပ္မံ ျမင့္တက္ဖြယ္ရွိေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီက ထုတ္ျပန္ထားေသာ အခ်က္အလက္မ်ားအရ သိရသည္။
မတ္ ၂၈ ရက္ေန႔တြင္ျဖစ္ေပၚခဲ့သည့္ အင္အားအလြန္ျပင္းထန္ေသာ ေျမငလ်င္ႏွင့္ ေနာက္ဆက္တြဲငလ်င္ငယ္မ်ား လႈပ္ရွားမႈေၾကာင့္ စစ္ကိုင္းတိုင္းေဒသႀကီး၊ မႏၲေလး တိုင္း ေဒသႀကီး၊ မေကြးတိုင္းေဒသႀကီးႏွင့္ ရွမ္းျပည္နယ္အေရွ႕ေျမာက္ေဒသ၊ ေနျပည္ေတာ္ ေကာင္စီနယ္ေျမ၊ ပဲခူးတိုင္းေဒသႀကီးတို႔၌ ငလ်င္ဒဏ္သင့္ခဲ့ရၿပီး လမ္းတံတား၊ အေဆာက္အဦမ်ား ထိခိုက္ပ်က္စီးခဲ့ရကာ ျပည္သူအခ်ိဳ႕ အသက္ေသဆုံးခဲ့ရမႈမ်ားႏွင့္ ထိခိုက္ဒဏ္ရာရရွိမႈမ်ားျဖစ္ေပၚခဲ့ရသျဖင့္ ရွာေဖြကူညီကယ္ဆယ္ေရးလုပ္ငန္းမ်ားကို သက္ဆိုင္ရာနယ္ေျမအလိုက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ေနာက္ဆုံးေကာက္ယူရရွိေသာ စာရင္းမ်ားအရ တစ္ႏိုင္ငံလုံး အတိုင္းအတာျဖင့္ ငလ်င္ဒဏ္သင့္ခဲ့ရသည့္ ေဒသမ်ားအားလုံး၌ ငလ်င္ေဘးဒဏ္ေၾကာင့္ ေသဆုံးခဲ့ရသူစုစုေပါင္း ၁၀၀၇ ဦး၊ ဒဏ္ရာရရွိသူစုစုေပါင္း ၂၃၈၉ ဦး၊ ေပ်ာက္ဆုံးေနသူ ၃၀ ဦးျဖစ္ကာ အေသးစိတ္ စာရင္းမ်ားအား ဆက္လက္ေကာက္ယူလ်က္ရွိေၾကာင္း သိရသည္။
ထို႔ျပင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ သည္ အဖြဲ႕ဝင္မ်ားလိုက္ပါ၍ ယေန႔ (မတ္လ ၂၉ ရက္) နံနက္ အေစာပိုင္းတြင္ ထိခိုက္ပ်က္စီးဆုံးရႈံးမႈမ်ားျပားခဲ့ရသည့္ မႏၲေလးတိုင္းေဒသႀကီးသို႔ သြားေရာက္၍ ငလ်င္ဒဏ္ေၾကာင့္ထိခိုက္ပ်က္စီးဆုံးရႈံးခဲ့ရမႈမ်ားကို ၾကည့္ရႈစစ္ေဆးၿပီး လိုအပ္သည္မ်ားကို မွာၾကားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.