အိန္ဒိယနဲ့အမေရိကန်ကြား အပြန်အလှန်ကုန်သွယ်မှုအတွက် တိုးတက်မှုတွေကို လုပ်ဆောင်နိုင်ခဲ့တယ်လို့ တာဝန်ရှိသူတွေပြော

 330

Pika (NP News) - မတ် ၃ဝ

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ပြုလုပ်ခဲ့တဲ့ ရက်အတော်ကြာဆွေးနွေးမှုတွေအတွင်း အိန္ဒိယနဲ့အမေရိကန်အရာရှိ တွေဟာ နှစ်နိုင်ငံ ကုန်သွယ်ရေးသဘောတူညီချက်အတွက်တိုးတက်မှုတွေကို ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အိန္ဒိယရဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ တောင်အာရှနဲ့အာရှအလယ်ပိုင်းတို့အတွက် လက်ထောက်အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် ဘရန်ဒန်လင့်ချ်ဦးဆောင်တဲ့ အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့တို့ ပါဝင်တဲ့ဆွေးနွေးပွဲတွေကို မတ်လ(၂၆)ရက်ကနေ (၂၉)ရက်အထိ ကျင်းပခဲ့တာဖြစ်တယ်လို့ လည်း သိရပါတယ်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကုန်သွယ်ဖက်နိုင်ငံ အများအပြားအပေါ် အခွန်စည်းကြပ်မှုတွေလုပ်ဆောင်ဖို့ ပြင်ဆင်နေချိန်မှာ အဲဒီဆွေးနွေးပွဲတွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ ဒါ့ပြင် နှစ်နိုင်ငံစလုံးဟာ ယခုနှစ် ဆောင်းဦးရာသီမှာ နှစ်နိုင်ငံကြားကုန်သွယ်မှုသဘောတူညီချက်ရဲ့ပထမဆုံးသဘောတူညီချက်ကို လက်မှတ်ရေးထိုးဖို့ ရည်မှန်းထားတယ်လို့လည်း သိရပါတယ်။

ပူးတွဲထုတ်ပြန်ချက်တစ်ခုမှာ “ဆွေးနွေးပွဲတွေအတွင်း နှစ်နိုင်ငံစလုံးရဲ့သာယာဝပြောရေး၊လုံခြုံရေးနဲ့ ဆန်းသစ် တီထွင်မှုတို့ကို မြှင့်တင်ဖို့အတွက် အိန္ဒိယ-အမေရိကန် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုဆက်ဆံရေး တွေကို တိုးချဲ့ဖို့အတွက် ကြိုးပမ်းအားထုတ်မှုတွေကို တိုးတက်အောင်လုပ်ဆောင်ဖို့ သဘောတူညီခဲ့ကြပါတယ်” လို့ ရေးသားဖော်ပြထားပါတယ်။

Zawgyi Version:
အိႏၵိယနဲ႔အေမရိကန္ၾကား အျပန္အလွန္ကုန္သြယ္မႈအတြက္ တိုးတက္မႈေတြကို လုပ္ေဆာင္ႏိုင္ခဲ့တယ္လို႔ တာဝန္ရွိသူေတြေျပာ
Pika (NP News) - မတ္ ၃ဝ

အိႏၵိယႏိုင္ငံ နယူးေဒလီၿမိဳ႕မွာ ျပဳလုပ္ခဲ့တဲ့ ရက္အေတာ္ၾကာေဆြးေႏြးမႈေတြအတြင္း အိႏၵိယနဲ႔အေမရိကန္အရာရွိ ေတြဟာ ႏွစ္ႏိုင္ငံ ကုန္သြယ္ေရးသေဘာတူညီခ်က္အတြက္တိုးတက္မႈေတြကို ျပဳလုပ္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။
အိႏၵိယရဲ႕ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက တာဝန္ရွိသူေတြနဲ႔ ေတာင္အာရွနဲ႔အာရွအလယ္ပိုင္းတို႔အတြက္ လက္ေထာက္အေမရိကန္ကုန္သြယ္ေရးကိုယ္စားလွယ္ ဘရန္ဒန္လင့္ခ်္ဦးေဆာင္တဲ့ အေမရိကန္ကုန္သြယ္ေရး ကိုယ္စားလွယ္အဖြဲ႕တို႔ ပါဝင္တဲ့ေဆြးေႏြးပြဲေတြကို မတ္လ(၂၆)ရက္ကေန (၂၉)ရက္အထိ က်င္းပခဲ့တာျဖစ္တယ္လို႔ လည္း သိရပါတယ္။
အေမရိကန္သမၼတေဒၚနယ္ထရမ့္က ကုန္သြယ္ဖက္ႏိုင္ငံ အမ်ားအျပားအေပၚ အခြန္စည္းၾကပ္မႈေတြလုပ္ေဆာင္ဖို႔ ျပင္ဆင္ေနခ်ိန္မွာ အဲဒီေဆြးေႏြးပြဲေတြ ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။ ဒါ့ျပင္ ႏွစ္ႏိုင္ငံစလုံးဟာ ယခုႏွစ္ ေဆာင္းဦးရာသီမွာ ႏွစ္ႏိုင္ငံၾကားကုန္သြယ္မႈသေဘာတူညီခ်က္ရဲ႕ပထမဆုံးသေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးဖို႔ ရည္မွန္းထားတယ္လို႔လည္း သိရပါတယ္။

ပူးတြဲထုတ္ျပန္ခ်က္တစ္ခုမွာ “ေဆြးေႏြးပြဲေတြအတြင္း ႏွစ္ႏိုင္ငံစလုံးရဲ႕သာယာဝေျပာေရး၊လုံၿခဳံေရးနဲ႔ ဆန္းသစ္ တီထြင္မႈတို႔ကို ျမႇင့္တင္ဖို႔အတြက္ အိႏၵိယ-အေမရိကန္ ႏွစ္ႏိုင္ငံအၾကား ကုန္သြယ္မႈနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈဆက္ဆံေရး ေတြကို တိုးခ်ဲ႕ဖို႔အတြက္ ႀကိဳးပမ္းအားထုတ္မႈေတြကို တိုးတက္ေအာင္လုပ္ေဆာင္ဖို႔ သေဘာတူညီခဲ့ၾကပါတယ္” လို႔ ေရးသားေဖာ္ျပထားပါတယ္။

© 2021. All rights reserved.